အားမလျော့ပါနဲ့ကလေး
အားလျော့တယ်ဆိုတာ လူညံ့တွေရဲ့နှုတ်ထွက်စကားလေ
အရှုံးမပေးနဲ့ ကလေး
အရှုံးပေးတယ်ဆိုတာ လူပျော့တွေရဲ့ နှုတ်ထွက်စကားလေ
ကမ်းလင့်တဲ့ လက်တွေဆွဲလို့
လဲရင် ပြန်ထ ဒါဘဝ
မလှပေမယ့် ဂုဏ်တင့်တယ်ကလေး
နောက်တစ်နေ့ကို လိုက်ရှာဖို့
အချိန်ကို ရင်းနှီးရတယ်ကလေး
ဖြစ်ဆဲခဏ တစ်ဘ၀မှာ
လှပအောင်နေ စိတ်ကိုဖြေလို့
အရိပ်တွေ မကြွေစေနဲ့
ကြိတ်စက်ကတော့ ကြံရည်ရဲ့ အရသာကို မသိဘူး ကလေး
ထိတ်လန့်စရာမလိုဘူးကလေး
ဘေးဘီ ဝဲယာကိုကြည့်လိုက်
အမြစ်မသန်ပေမယ့် ရှင်သန်နေတဲ့အပင်တွေ
ရေလောင်းမဲ့သူမရှိဘူးကလေး
အတိတ်တွေကို နင်း
ပစ္စုပ္ပန်တွေ ခင်း
အနာဂတ်ကို ဆင်းလိုက်ပါ
နေမင်းရဲ့ ထွန်းလင်းမှုက လူတိုင်းအတွက်
အတိတ်ဆိုတာ ၀န်ထုတ်ဝန်ပိုးမဟုတ်ဘူးကလေး
လောကလူ့ဘောင်
အပုပ်ကောင် ရုပ်ဆောင်နေကြတာ
သင်္ခါရမမြဲ ဘ၀ထဲမှာ
အလှကြွယ်လည်း
ပျက်ပြယ် ခဏ
ထိုဘ၀မှာ
အို၊ နာ၊ သေဘေး ရှောင်ပြေးမရဘူးကလေး
ဖြစ်လေရာ ဘ၀တိုင်း ကောင်းစေဘို့
ကောင်းမှုတွေလုပ်ပါကလေး..
٩(●̮̮̃•̃)۶▓▒░░░L░u░ ▓٩(͡๏̯͡๏)۶ ▓░S░o░e░ ▓٩(-̮̮̃•̃)۶







0 comments:
Post a Comment