သူငယ်ချင်းသို့

Saturday, January 19, 2013

သီတင်းကျွတ်ပြီ သူငယ်ချင်း
လောကရဲ့အမုန်းအခါးတွေ
အပြုံးတံခါးမှာ ထားခဲ့လို့
အဆုံးများမတော့ အရှုံးများမကျန်ရစ်ပါစေနဲ့..

သီတင်းကျွတ်ပြီသူငယ်ချင်း
စိတ်ပျက်နေတဲ့ဘ၀ထဲက
ပြုံးလျှက်နဲ့ ရုန်းထွက်ခဲ့ပါ
ဆုံးရှုံးမှုဆိုတာ ဘ၀ရဲ့
ရင်းနှီးမှုတစ်ခုပဲသူငယ်ချင်
သမိုင်းဆိုတာဖျောက်ဖျက်စရာမလိုဘူး
သင်ခန်းစာယူတက်ဘို့ပဲလိုတယ်လေ.။

သီတင်းကျွတ်ပြီ သူငယ်ချင်း
မျက်ရည်တွေကို ဖြိုဖြိုချနေတဲ့
ကောင်းကင်ညကြီးလည်း
အခုဆို ကြယ်တာရာတွေနဲ့
လှချင်တိုင်း.......လှလို့
ပျောက်ရှနေတဲ့လမ်းတွေမှာ
မှောက်မကျရအောင်
တောက်ပတဲ့အလင်းရောင်နဲ့
ထွန်းလင်းထွေးဖက်လို့
ဟော အခုဆို လ သာနေတယ်လေ..

သီတင်းကျွတ်ပြီ သူငယ်ချင်း
မီးပုံးလေးတွေ လေမှာလွှတ်လို့
မြတ်ဗုဒ္ဓကို အတူမျှော်
ပူဇော်ကြတဲ့ လူအများ
ဘေးရန်တွေအေးလို့
သောကတွေ ငြိမ်းပါစေ
တိမ်းလေတဲ့ လေနဲ့အတူလွင့်မြော
ဘ၀အမောတွေ ပါနိုင်ပါစေ
ဘ၀မီးတွေငြိမ်းလို့
ခရီးတွေ မတိမ်းပါစေနဲ့
မီးဆိုတာငွေ့ငွေ့ကျန်လည်းလောင်နိုင်စေတယ်လေ...။

သီတင်းကျွတ်ပြီ သူငယ်ချင်း
ခေါင်းကိုမော့ ရင်ကိုကော့
ကျော့နေအောင် ခြယ်
သိမ်ငယ်စိတ်တွေ ဖယ်လို့
အသိတွေ ဖလှယ်
ခံစားချက်တွေ ဖောက်ထုတ်လို့
နောက်မဆုတ်တမ်း ဆက်ရှောက်
ပန်းတိုင်ရောက်ဘို့ ခရီးမဝေးတော့ဘူးလေ...။

-လူစိုး

0 comments:

Post a Comment