တွယ်ငြိတဲ့ရင်

Saturday, January 19, 2013

လွမ်းပါတယ် ခင်
ဝမ်းစာတွေဖွေရှာ
အနေကြာငြားလို့
အများပြောစကား
မကြားချင်ပဲ ကြားလို့
နားမဝင်ပါနဲ့အရှင်

ကမ္ဘာပြုန်းသည့်တိုင်
မေတ္တာတစ်ဆုံး
သစ္စာတွေထုံးပါလို့
အမုန်းမဖက်ဘူးသခင်

ယုံပါသခင်
မြင်လေမှယုံ
ခင်မယုံလေသမျှ တွင်တွင်ကာမှားပေချိမ့်
လွမ်းရတဲ့ညများဆို တအားမဖြေသိမ့်နိုင်လို့
အတို့ကျွန် ကြောက်အားတွေပို
ခြောက်ခြားစေလိုသလား အရှင်

လွမ်းပါတယ် ခင်
တမ်းတကာဖွေရှာ
အတွေးဆဆနဲ့အနေကြာ
အလှတွေဖွေရှာ
ဘ၀မြေမှာ
ခင်တစ်ယောက်သာဆန်းလို့
စိမ်းလန်းတဲ့ပန်း
မွှေးကြူသင်း၊ ဖူးပွင့်ကာငုံ
ခူးယူကာပုံအပ်
ဘုရားမြတ်ထံဆုတောင်းလို့ထပ်
ဘ၀ဆက်တိုင်း ပေါင်းရပါစေ ခင်...။

@လူစိုး

0 comments:

Post a Comment