ပဲ့ကိုင်ရှင်သို့

Saturday, January 19, 2013

တွယ်ချင်ဘူးကွယ်
သံယောဇဉ်အမျှင်တန်း...
ပြန်ပြောရင် ဒီရင်ပမ်းပါလို့
နွမ်းလှတယ်မေ၊
လှမ်းမရ နွယ်ရေ ...
တမ်းတကာ ဆိုငြှား
ထိုစကားတွေ အပိုများဖြစ်နေသလား
စိုးရိမ်စိတ်အား အသည်းမှာထားမိလို့
နေ့နေ့ညည
မေ့မရခဲ့ပါဘူး ..........မေ။ ( Lu Soe)

ကြွေချင်ဘူးကွယ်
သမုဒယတွေရစ်ခွေမိရင်
ကျွမ်းစေတဲ့အသည်း
နွမ်းလေမြဲမို့ စိုးထိတ်တယ်မောင်
တိုးတိတ် တွယ်နှောင်
စွဲမက်တွယ်ငြိ ရစ်မိသည့်ကြိုး
ဆက်ထုံးချင်လည်း
ရင်တွင်းအနှစ် အဆင်းမဲ့လေသလား
စိုးထိတ်ဗျာပါ တွေးမိကာမျှ
စက္ကန့်နဲ့အမျှ မေ့မရတော့ဘူး မောင်။ ( La Yeik Lay)

မောင့်ချစ်ဦးရယ်
တွယ်တာရစ်လို့
ဖယ်ကာပြစ်တော့မှာ...လား
သံယောဇဉ်ပန်း
မလန်းဆန်းပေမယ့်
အပွင့်တွေလှိုင်လှိုင်ဝေ
ရနံ့တွေ ကြိုင်ကြိုင်သင်းလို့
အဆင်းလှလှ သင်းတမြမြနဲ့
ယမင်းလှလှ ပန်စေဘို့
အလွမ်းတွေ တယုတရပျိုးလို့
အခုညမျိုးတိုင်း လွမ်းမိတယ်....။ (Lu Soe )

မေ့အချစ်ဦးရယ်
နှောင်တွယ်ကာမှ
ရှောင်ဖယ်ကာထားခဲ့မှာလား
မောင့်ရင်ခွင်နန်းက
အကြင်နာအနမ်းတွေ
မဖြန်းတော့ပေမဲ့
အသစ်မဖွေရှာ
အနှစ်တစ်တရာ
သစ္စာထားလို့ အပြစ်မပွား
အချစ်များစွာနဲ့ နုနုရွရွ
ချစ်ခဲ့တာမို့ အသည်းလှလှမှာ
နွမ်းလျမပြေ တမ်းတနေမယ်
မေ့အချစ်ဦးရယ်။ ( La Yeik Lay)

စေလိုရာ စေပါတော့ မေ
မျှော်လင့်ခြင်းကုဋေတရာနဲ့
သောကတွေ အနေကြာလာတော့
ဘ၀အမောတွေထဲ
အတ္တဇောတွေ ဖယ်ပျောက်လို့
လမ်းဆုံးကို ရောက်ဖူးချင်ပါသေးတယ်
ထို့ကြောင့်
စေလိုရာ စေပါတော့ မေ ..။ (Lu Soe )
▓▒░░░L░u░S░o░e░ ٩(-̮̮̃•̃)░La░Yeik░Lay▓

0 comments:

Post a Comment