♥ပါးပြင်ပေါ်မျက်ရည်လိမ့်ရုံ လောက်နဲ့ တော့
ငါ့အလွမ်းတွေက ဖြေလို့ ရမယ်မထင်ဘူး
ရင်ထဲမှာ အသက်မပြည့်ဘဲအထီးကျန်မူတွေ သည်းနေတာကြာပြီ။
♥ရာသီတွေပြောင်း ဆောင်းတွေနှောင်းပေမယ့်
တိုက်ဆိုင်မှုတွေနဲ့ ကြုံတိုင်း မင်းနာမည်လေး ခေါ်နေမိတယ်
ရက်စက်ခြင်းတွေပေါင်းစပ်ထား တဲ့ ငါ့မနက်ခင်းတွေ
နွေလိုပူလောင်ပေမယ့် ရင်အလွမ်းက မိုးလင်းတိုင်း သစ်လွင်နေဆဲပါ။
♥ကိုယ်ပိုင် သက္ကရာဇ်တစ်ခုကို ဖြတ်သန်းတိုင်း
အချိန်တွေကို ဝေစားမျှစားလုပ်လို့ ရရင်
မင်းနဲ့ အတူတစ်ရက် တစ်ပတ် ရှင်သန်တဲ့ရက်ကိုပဲပြန်လိုချင်တယ်။
♥ဘ၀ဆိုတာ နှစ်နာရီစာရုပ်ရှင်တစ်ကားသာ ဆိုရင်
ငါ့ရင်တွေ မရှုပ်စေရဘူး
ငါဆိုတဲ့ကောင်က
နင် မှာလိုက်တဲ့ စကားတွေ ကြားယောင်
အမြဲ နားထောင်လျှက်
ဘ၀ရဲ့နေ၀င်ချိန်အထိ မင်းအနမ်းတွေကို ထိန်းသိမ်းထားလိမ့်မယ်။
♥ငါ့အတ္တနဲ့ နွေ
နွေ မပီသခဲ့တာ ကြာပြီ
ရင်ခွင်ပက်ကြားအက်ထဲ
အက်စစ်မိုးတစ်ပေါက် နှစ်ပေါက်နဲ့
ပန်းပိတောက်တွေ နွမ်းခြောက်နေတာတောင်
သတိရခြင်းမိုးက
မင်းမရှိတဲ့ ညတိုင်း သည်းတုန်း ...။
☺လူစိုး☻ မိုးပြေး
ငါ့အလွမ်းတွေက ဖြေလို့ ရမယ်မထင်ဘူး
ရင်ထဲမှာ အသက်မပြည့်ဘဲအထီးကျန်မူတွေ သည်းနေတာကြာပြီ။
♥ရာသီတွေပြောင်း ဆောင်းတွေနှောင်းပေမယ့်
တိုက်ဆိုင်မှုတွေနဲ့ ကြုံတိုင်း မင်းနာမည်လေး ခေါ်နေမိတယ်
ရက်စက်ခြင်းတွေပေါင်းစပ်ထား
နွေလိုပူလောင်ပေမယ့် ရင်အလွမ်းက မိုးလင်းတိုင်း သစ်လွင်နေဆဲပါ။
♥ကိုယ်ပိုင် သက္ကရာဇ်တစ်ခုကို ဖြတ်သန်းတိုင်း
အချိန်တွေကို ဝေစားမျှစားလုပ်လို့ ရရင်
မင်းနဲ့ အတူတစ်ရက် တစ်ပတ် ရှင်သန်တဲ့ရက်ကိုပဲပြန်လိုခ
♥ဘ၀ဆိုတာ နှစ်နာရီစာရုပ်ရှင်တစ်ကားသာ
ငါ့ရင်တွေ မရှုပ်စေရဘူး
ငါဆိုတဲ့ကောင်က
နင် မှာလိုက်တဲ့ စကားတွေ ကြားယောင်
အမြဲ နားထောင်လျှက်
ဘ၀ရဲ့နေ၀င်ချိန်အထိ မင်းအနမ်းတွေကို ထိန်းသိမ်းထားလိမ့်မယ်။
♥ငါ့အတ္တနဲ့ နွေ
နွေ မပီသခဲ့တာ ကြာပြီ
ရင်ခွင်ပက်ကြားအက်ထဲ
အက်စစ်မိုးတစ်ပေါက် နှစ်ပေါက်နဲ့
ပန်းပိတောက်တွေ နွမ်းခြောက်နေတာတောင်
သတိရခြင်းမိုးက
မင်းမရှိတဲ့ ညတိုင်း သည်းတုန်း ...။
☺လူစိုး☻ မိုးပြေး

0 comments:
Post a Comment