ပကတိသရုပ်
မဖုံးအုပ်ပဲ
ထုတ်နှုတ်ဖေါ်မည်
သစ္စာတည်
နှလုံးသားထဲ
စွဲမြဲစဲမို့
အသည်းထဲမှာ
မေတ္တာတည်
ဆင်ခြင်တရား
စိတ်မှာထားလို့
သနားစိတ်များ
ယိုဖိတ်မှားကာ
ထောက်ထားညှာတာ
ဂရုဏာ တည်
သစ္စာတည်ထား
မေတ္တာပွားလို့
ဂရုဏာတရား
စွဲကိုင်ထားကာ
စာနာစိတ်များ
အချစ်အား
ခံစားစိတ်မှာ
တွေးမိပါ၏။
အချစ်ခြင်းပြိုင်
တုမနိုင်
လက်မှိုင်ချလောက်ပေ..။
( Ps : ချစ်ကြသူတိုင်း သစ္စာ မေတ္တာ ဂရုဏာ ထားနိုင်ကြပါစေ..)
-လူစိုး







0 comments:
Post a Comment