ရင်နဲ့ရေးတဲ့ စာပန်းချီ

Saturday, January 19, 2013


ချစ်သူရှိရာအရပ် မှန်း
လွမ်းလိုက်တိုင်း အော်
ခေါ် ခေါ်သံ သူကြားလေမလား

အနားမနေ ထားစေလည်း
သူအနမ်းအား ခုန်မင်
ရင်တုန်တဲ့ အချစ်ကြောင့်
ဘယ်အရပ်ပဲ နေနေ
အလွမ်းတွေ စေလေခဲ့မိတော့
အမုန်းကင်းတဲ့ ရင်ခွင်နန်းကို
လေပြေညှင်းက သူ့ရနံ့တွေ သယ်ဆောင်လို့
ငါ့အလွမ်းတွေ ချွေးသိမ့်ပေးတက်တယ်..

ချစ်သူ
ကွေကွင်းသွားမဲ့ အချစ်ကိုဖယ်
အသစ်ရှာလို့ ပြစ်ခွာသွားတော့မှာလား

နှစ်တစ်ရာပေါင်းကြမယ်ဆိုတဲ့စကား
နားထဲမှာ အခါခါ ပြန်ကြားယောင်လို့
နောက်ဆို နင့်စကား အမြဲ နားထောင်ပါတော့မယ်...။

လွှဲသွားစေတဲ့ ကြမ္မာရိုင်းရိုင်းရယ်
ခိုင်းနှိုင်းစရာ စကားလုံး ရှားမှတော့
ရင်ထဲထားတဲ့ အလွမ်းအား
တခန်းတနား အသွင်ပြောင်းစေဘို့
စကားလုံးတွေ မွေး
ခံစားမှုတွေ စတေးလို့ ကဗျာတစ်ပုဒ် ဖန်ဆင်းလိုက်တယ်


@လူစိုး

0 comments:

Post a Comment