ရင်ကိုတို့တဲ့ ထုံး

Saturday, January 19, 2013

တွယ်ချင်ဖူးကွယ်
တမျှင်ဖြစ်ပစေ သိပ်ချစ်တတ်ရင်
သံယောဇဉ်ကြောင့်
စိုးနှောင့်ဗျာပွေ
သောကဝေတာ တခါမက
မကြာခန အသဲထဲမှာ
အနာဖေးလေး မကျက်သေးဖူး....(YT)

မကျက်သေးပေမယ့်
ထွက်ပြေးသူ
ဟိုရင်အိမ်အတွက်
သဲမြညှာနွေ
ကြေကွဲမဆုံး
အပြုံးမရှိ
ပူလောင်လွန်း၏..(LS)

အမှန်ပါပဲ
ရင်မှာစွဲသမျှ အရိပ်ထင်
မဖိတ်ခင် အရင်ရောက်
မနှင်ဘဲ မရင်ပြန်
ပြန်ပြောရင် ခက်လှသေးတဲ့
သံယောဇဉ် ဝေဒနာရှင်လေးရဲ့
အလွမ်းပုံပြင်...(YT)

မယုံရင်တော့ဖြင့် . ခက်လှပါဘိ
အလွမ်းပန်းတွေ ခြွေကာကြည့်တယ်
အနမ်းပန်းတွေ ရင်ကို မထိတဲ့အခါ
စမ်းရေပမာ အေးစက်စက်နဲ့
သွေးပျက်မတတ် ရင်ခွင်ဟင်းလင်းက
သက်ပြင်းတွေနဲ့ ဝေ . . . .(LS)

မြင်မှာကိုစိုး ကြားမှာစိုးမိ
မျက်စိမှိတ်ထား နားပိတ်ထားလဲ
မှိတ်ဆဲခန ပိတ်ဆဲခန
အိပ်လဲမရ လွမ်းသည်းကြွေမွ
မဖြေသာမိ ဝေဒနာပိတော့
မျက်စိနဲ့နား ဝေးရ်ျသွားလဲ
ရင်ထဲမှာတော့လွမ်းနေတုန်းပါပဲကွယ်..(YT)

မဆုံးမဲ့သံသရာအလယ်
အမုန်းဖွဲ့ ဖန်လာပြန်တော့
အပြုံးမဲ့နေတာ မဆန်းပါဘူးကွယ်
သံယောဇဉ်အတိမ်အနက်တွေထဲဝယ်
စိတ်တစုံမျက်ကွယ်ဘို့
မောင့်သက်လယ်ရယ်
အသက်ကယ်မဲ့ ဆေးတစ်ခွက်နဲ့
အိမ်အပြန်လမ်း အကောင်းတိုင်းရှိပါစေကွယ်..(LS)

Writting By : Yanaung Tun & လူစိုး

0 comments:

Post a Comment