ချစ်သူပုံပြင်

Saturday, January 19, 2013

ယုံလား..........
အရင်တစ်ခါကြင်နာသမျှ
ဒီဘ၀ကို အစိမ်းလိုက်ရိုက်ချိုး
အဝေးတစ်နေရာ ထွက်သွားခဲ့တယ်ဆိုတာ..

ယုံလား...............
မျှော်လင့်ချက် မရေမရာ
မသေချာတဲ့ ပုံပြင်ရှည်တွေနဲ့
ချော့သိပ်နေကြမို့
ညဥ့်သန်းခေါင်ယံ ငါ့နှလုံးအိမ်မှာ
နင့် အသံတွေ ပဲ့တင်ထပ်နေတုန်းဆိုတာ

ယုံလား...............
ရာသီတွေပြောင်း
မုန်တိုင်းတွေထန်
ရေလှိုင်းတွေမြင့်
လေပြည်တွေဆင့်
မတင့်တယ်တဲ့ ငါ့အချစ်
မပြောင်းလဲဘူးဆိုတာ...

ယုံလား...............
ဘ၀မုန်တိုင်း လှိုင်းကြမ်းပါစေ
ချစ်သူအစစ် တကယ်ဖြစ်လို့
ဘာတွေဖြစ်ဖြစ်
ပေါင်းမယ်လေဆိုတာ.....
(̾●̮̮̃̾•̃̾)۶ Lu ٩(͡๏̯͡๏)۶ Soe

0 comments:

Post a Comment