သူငယ်ချင်းသို့

Saturday, January 19, 2013

အားမငယ်ပါနဲ့ သူငယ်ချင်း
ဘ၀အမောတွေက Alpine သောက်ယုံနဲ့မပြေဘူး
လဲနေရင်ပြန်ထ
ပျံကျ သမ လို
လက်မောင်းနှစ်ဖက်ထဲအားတွေထည့်
ရဲရဲ ရင်ဆိုင်လိုက်စမ်းပါ။
နေမင်းက မင်းအတွက် အဆင်သင့် ။

အတိုက်ကို အကြိုက်တွေ့တဲ့ ဗေဒါ
မေခလာမကယ်လည်း
သေရွာကနေပြန်ထပြလိုက်စမ်းပါ
အရိပ်လို နေပူကစောင့်တဲ့
အလကားပြောခဲ့တာတွေမှမဟုတ်တာ
အတိတ်က အရိပ်တွေကို နာကျည်းနေမဲ့အစား
ဘ၀လှိုင်းတွေမှာ ကူးခတ်လိုက်စမ်းပါ
ကမ်းခြေက မင်းအတွက်အဆင်သင့်...။ ။

ပြောပါများ စကားရတဲ့
စကားကြီး သုံးခွန်းထဲက တစ်ခွန်း ရှိခဲ့ဘူးသလို
စကားနည်း ရန်စဲ ဆိုတာလည်း ရှိသကွဲ့
မာနချင်းပြိုင်ဘို့ ဒိုင်မလိုပါဘူး
အလျားလိုက်သွားနေတဲ့ မျဉ်းတစ်ကြောင်းအတွက်
ယှဉ်ပြိုင်အံတုဘို့မလိုပါဘူ
ဒေါင်လိုက် သွားနေယုံပဲ တစ်ချိန် မျဉ်းတွေဆုံမှာပါ
ဆုံချိန်သာ စောင့်မျှော်လို့
ခပ်သဲ့သဲ့ အပြုံးတွေနဲ့
အောက်က မျဉ်းကို ပြုံးပြလိုက်ပါ
အရှုံးက သူ့အတွက် အဆင်သင့်

အောင်မြင်မှုကို ဆာလောင်နေတဲ့
မင်းရဲ့လမ်းမှာ
သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ခင်းကျင်းလို့
လိုချင်တဲ့အနာဂါတ်ဆီသာ လျှောက်လှမ်းပါ
ကိုယ်ကျင့်တရားကို ဆေးခပ်မခံသရွေ့
မင်း တက်လှမ်းနေမှာ
ပန်းတိုင်က မင်းအတွက် အဆင်သင့် ...။ ။

ရှေ့ဆက်မယ့် အနာဂတ်တိုင်းအတွက် နေ့ရက်တွေ သာယာပါစေ။
(̾●̮̮̃̾•̃̾)۶ချစ်သူ သိစေ ٩(͡๏̯͡๏)۶

0 comments:

Post a Comment