♥မြူနှင်းတွေမှုန် လူချင်းမဆုံပေမယ့်
ရင်ငွေ့တွေက နင့်ဘေးမှာ ခိုလှုံနေတယ် ဒီဇင်ဘာ
♥ဝေးနေကြပေမယ့် နှလုံးသားချင်းထွေးပွေ့
နင့်အကြောင်းတွေးမိတိုင်း ဘယ်ဘက်ရင်အုံက အခုထိ နွေးတုန်း
♥မြူနှင်းတစ်ချို နင့်ရှေ့ ခပ်ယို့ယို့ ဆုတ်ခွာသွားပေမယ့်
မနက်ခင်းတိုင်းကိုတော့ မိုးလင်းပေးနေဆဲလေ
♥ရင်ထဲမှာ မျှော်လင့်ချက်တိမ် ချစ်ရောင်ခြည်တွေ သစ်ထွန်းချိန်
နေမင်းရဲ့ အလင်းရောင်တွေ ခင်းလို့
ဒီကမ္ဘာတစ်ခွင်လုံး ရင်နှစ်စုံနဲ့ ဖုံးထားချင်တယ်
လိမ်ညာခြင်းကင်းတဲ့ ဆုတောင်းသံ နင်ကြားနိုင်အုန်းမလား ဒီဇင်ဘာ
♥ငွေနှင်းမှုန် ဖြူလွှလွှ လှပတဲ့ ဒီဇင်ဘာ
ဒီရင်မှာ နင်စေရာခိုင်းပါတော့
မရေရာတဲ့မှု့တွေ ကြားထဲ သေချာခြင်းတစ်ခုကို တွယ်ဖက်
ငါ့ကိုငါထက် နင့်ကို အချစ်ဆုံးမို့
မမုန်းလိုက်ပါနဲ့ ဒီဇင်ဘာ
♥စကားလုံးတစ်လုံး ရင်ဘတ်က ထွက်ကျ
ကဗျာအဖြစ် အသွင်ပြောင်းတိုင်း
အတိတ်ဟောင်းဆီကို သတိရ
ထိမိတဲ့နှလုံးသားက အခုဆို ဟာတာတာ
ရင်နားက နာနေမိလို့
ဒီကဗျာ ဒီစာကို ဒီလောက်နဲ့ ရပ်ခွင့်ပြုပေးပါ ချစ်မိတ်ဆွေ ....။
@လူစိုး







0 comments:
Post a Comment