“ခဏနော် မောင်”
ဒီစကား ဒီနားက
အမြင်မှားကာ ကြားလေသလား
ထားစေတဲ့သူရယ်
သူ့စကားတွေက ပြုစားလေသလား
ညနေတွေ ပျောက်လို့
ညတွေ ရောက်ရောက်လာတယ်
နားထဲမှာ ကြားနေတုန်း
ခဏနော် မောင်...။
နိုးတစ်ဝက် အိပ်မက်တစ်ခုမှ ထနိုး
အဆိပ်တက်နေတဲ့ရင်ခွင်ရိုင်း
အပိုင်းပိုင်းနဲ့ကြွေမွ
ငါသေမှ အေးမယ်တဲ့လား
နွေးနေတဲ့သွေးခုန်သံက
တဒုတ် ဒုတ်နဲ့
ထိတ်လန့်တကြားထအော်တယ်..
ခေါ်သံတွေ ကြား အထင်တွေ မှား
ဒါ ..........အိပ်မက်လား...။
ရင်ကွဲသံတစ်ချို့က
တိုးပေမယ့် ပီသတယ်
စကားလုံးတွေ ပြင်းပြတယ်
ဒီကဗျာနဲ့ ဒီအခန်းအပြင်မှာ
အမှောင်ပဲအဖေါ်ပြုလို့
အမှောင်တွေ စိုးမိုးချိန်
ငါ့အနမ်းတွေ ဘယ်သူခိုးသွားလည်း
ပန်းပျိုးသူ ခိုးယူသွားပေမယ့်
မတူခြားနားတဲ့ သံယောဇဉ်တစ်စက်နဲ့
အခုတော့ မိုးပြိုလေပြီ။
8:00 (PM) @ လူစိုး







0 comments:
Post a Comment