ကြိုးဆွဲသူရယ်
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်လို့
အိပ်မက်တွေ အတုံးအရုန်း
အလွမ်းတွေ တ၀ုန်းဝုန်းနဲ့
ပြုံးမဆုံးတဲ့ အလွမ်းဇာတ်
တစ်ခန်းရပ်သွားခဲ့လေပြီပေါ့
ဇာတ်ညွှန်းမကောင်းခဲ့တာလား
တစ်ချက်တွန်းတာနဲ့ပြိုလဲ
မိုးသားတွေအောက်
အဆိုးများရောက်လို့ငိုပွဲဆင
ကြိုးဆွဲသူဟန်ချက်ပျက်
ပြန်မထွက်တဲ့အလွမ်းနဲ့
ရွေလျားနေတဲ့ ဘဝ
မတွေ့အားစေတဲ့ ခဏ၀ယ်
အပြစ်များပိုစေခဲ့ပြီ
ရင်ဝယ်ပေါက်ဖွား နှလုံးသားက
ချစ်စိတ်တွေပျိုး တိုး၍ချစ်လေ
အပြစ်ဖြေ၍၊ အမုန်းပြေစေ
တောင်းဆုခြွေလို့ချစ်ခြင်းသ
လွမ်းချင်းတွေပသ အချစ်တွေနဲ့ မစပေးပါ
ကြိုးဆွဲသူရယ်
ဘ၀လမ်းမှာ အပန်းတွေပြေစေနိုင်ဘို့
ဟန်ချက်တွေညီ နားလည်မှု ကိုယ်စီနဲ့
လျှော့၊ တိုး ယိမ်း၊ ထိုး လိုသလို သုံး
ငါ့ဘ၀ကြီးကို မင်းအတွက် အဆုံးစီရင်ပေးလိုက်မယ်။
-လူစိုး







0 comments:
Post a Comment