အသင်္ချေအလွမ်း

Saturday, January 19, 2013


တိမ်ညိုမဲတွေ ပြိုဆင်းတိုင်း
အလွမ်းတွေ ငိုရင်း
မသေမချင်း
ထိုခြေရင်းမှာ
အုံ့ ......မှိုင်း....လို့


ငုံ့တိုင်းကျလာတဲ့မျက်ရည်
သက်သေတွေထားလို့
အရှက်ပြေသူ့အနားကို
ကပ်လေတော့
ထပ်လေပေါ့တစ်ခါလွမ်း
မနာတဲ့ အသည်းကြမ်း
တစ်ခမ်းတစ်နားနဲ့
လွမ်းဖျား ဖျားပြန်လေပေါ့....

ပင်ကိုလှတဲ့ ခင်ပျိုနှမရယ်
ဘ၀အသင်္ချေမေတ္တာထားလို့
အမှားရယ်ကိုယ်စီနဲ့
အနိုင်အရှုံးလုကြတဲ့ပွဲမှာ
အကြောင်းပြုလို့
တောင်းဆုတစ်ခုချွေလိုက်ပါရေ
စမ်းရေတွေအေးတိုင်း
အနမ်းလှေတွေ ကမ်းခြေရောက်ပါစေ..
ဝေးရမဲ့အဖြစ်တွေလည်း လွတ်ပါစေ
ဆွေးရမဲ့အပြစ်တွေလည်း ကျွတ်ပါစေ
ဘ၀အမောတွေထဲ တစ်ခဏပဲ မျောပါစေ
သတိရခြင်းတွေ နေစိမ့်လို့
မျှော်သူမောတဲ့ရင်အစုံက
လွမ်းသမျှတွေနဲ့ ဖြေသိမ့်လိုက်ပါတယ်...။

-လူစိုး

0 comments:

Post a Comment