ဒီ မို က ရေ စီ

Saturday, January 19, 2013

ဒါ လား ဒီ မို က ရေ စီ
ကိုယ့်မြေ ကိုယ်ရောင်း
မင်းသားခေါင်း ဆောင်း
ကိုယ့်ပေါင်ကို ကိုယ်ထောင်း
လူထုသွေးနဲ့ လောင်း..။

လူထုကို မျက်နှာလုပ်လို့
ခင်ဗျားတို့ ဆုတွေထုတ်ခဲ့ကြတယ်
လူထုကို မိဘလို့ သမုတ်ပြီးမှ
မိဘမျက်ရည်ကျရင် ဘယ်သူ သုတ်ပေးမှာလည်း

မိဘမျက်ရည် တစက်
သားသမီးဆင်းရဲ တသက်တဲ့
အမှတ်မရှိဘူးလား
လောဘဇောနဲ့ ရမက်တက်ခဲ့လို့
အပျက်ပျက်နဲ့ မိဘ မျက်ရည်ထွက်ခဲ့ပြီ
သဟံဇာတ ပေါကြွယ်ဝတဲ့ မိဘတို့မြေ
ငါတို့မြေထဲ ဆင်းရဲကြတာ ဆန်းသလား

ဘင်္ဂလီကိုအဖေခေါ်လို့
တရုတ်ကို ပထွေးတော်ချင်မှတော့
သွေးညီတဲ့ ကြေးနီတောင်တစ်ဝှန်းမှာ
တုတ်၊ ဒိုင်းတွေ ဝိုင်းလို့
သမိုင်းတွေ ရိုင်းကုန်တာ ဆန်းသလား

တရုတ်ကိုကျေးဇူးဆပ်ရမယ်တဲ့လား
ဗိုလ်အောင်မင်းရယ်
ခင်ဗျားတို့ လူတွေ မသေပေမယ့်
နာမည်တွေ သေကုန်ကြပြီ
သွေးနဲ့ရေးတဲ့သမိုင်းတွေ မရိုင်းစေဘို့
ကိုယ့်သမိုင်း ကိုယ်ရေးကြ။

Lu ٩(͡๏̯͡๏)۶ Soe

0 comments:

Post a Comment