သို့....ပင်လယ်ပြာပြာ

Saturday, January 19, 2013

ပင်လယ်ပြာပြာ
မိတ်သဟာ
ပန်းပမာမွှေးလို့
လန်းဖြာအေးကြပါစေ..။

မွန်မြတ်စိတ်အား
ရင်မှာထားလို့
ပွားများသဒ္ဒါ
လေးစားစွာဖြင့်
ကုသိုလ်အရေး
လက်မနှေး
အမြဲ နွေးထွေးသည်။

စိတ်ထားလည်းဖြူ
ရိုင်းပင်းကူလို့
အလှူပေးအပ်
ကုသိုလ်မြတ်မှာ
ပေးအပ်လှူဒါန်း
ကြည်ရွှင်လန်းလို့
ကြိုးပမ်းလှူအပ်
တူညီလက်
အမြဲစည်းလုံးမည်။

ငါတို့ပင်လယ်
ထိုပင်လည်သည်
ဘက်စုံတိုးတတ်
ကလောင်ထက်လို့
ရှေ့တို့ချီတတ်
အောင်ပွဲဆက်..... ။ ။

@လူစိုး

0 comments:

Post a Comment