ရင်တွင်းစကား

Saturday, January 19, 2013


ရင်တွင်းစကား
ဖွင့်ဆိုငြားသော်
နာကြားသိစေ
ချစ်သူရေ...........♥ ♥ ♥

♥သခင်စေကာ
ပက်ကာဖျန်းတော့
ရင်ဝေဒနာ ခက်ဖြာလန်းခဲ့တယ်
တစ်သက်မှာဆန်းအောင် စေစားသူရယ်
ပျက်ကမ္ဘာကျွမ်းမှောင်ေ၀၀ါးလို့
မနေမနား ဆက်ကာလှမ်းပေမယ့်
အခုတော့လည်း ခပ်တန်းတန်းပေါ့..။

♥မေ့ပြီလား အရှင်
ရင် အဝေးကို ပစ်ခွာပုန်းပေမယ့်
ချစ်ကမ္ဘာဆုံးစေမယ် သခင်ထင်လား..။

♥မြင်အောင်ကြည့်ရင် သိမယ်ထင်
သခင်နမ်းစေဘို့ ရင်ပန်းတွေပျိုးတာမို့
တိုးလို့သာ ပန်ဆင်ပါ
သခင်ပြန်ရင် ချိုး အကျွန် ရင်ကျိုးပါစေ
နှုတ်မဆက်ကာ ရုတ်တရက်ခွဲပေမယ့်
စုတ်ပြတ်အသဲနဲ့ ပြုံးလို့သာ နှုတ်ဆက်မှာမို့
ရင်အနီးသို့ တိုးလို့ကြည့်ပါ သခင်...။

♥အနေဝေးပေမယ့် အဝေးမနေခဲ့ပါဘူး
သခင်ထားရာနေ သခင်စေတာ သွားလို့
အမှာစကားတွေ နာကြားလျှက်ပါ။

♥အခုမှ မင်တာ မဟုတ်ခဲ့လို့
သခင်ပျော်ဘို့ ပြုံးစေမဲ့ နှလုံးလှလှ
အပြုံးတမြမြနဲ့ အဆုံးဘ၀ထိ
အနားမှာ ယုယကြင်နာ
သခင် ပြုသမျှ နုရတာမို့
စာနာရင် ညှာတာပါဦး သခင်..။

@လူစိုး

0 comments:

Post a Comment