ဗျောက်သောက်အလွမ်း

Saturday, January 19, 2013


လူတစ်ချို့က
အပြစ်တွေ ထုံးလို့
အချစ်တွေ ဆုံးတဲ့အခါ
အသည်းတွေ ဆွေးမြေ့
အလွမ်းတွေ ကြေကွဲလို့
ငိုပွဲတွေ ဆင်ခဲ့ဘူးတယ်..။

လူတစ်ချို့က
အပြစ်တွေမြင်လို့
အချစ်တွေ နှင်တဲ့အခါ
အံကြိတ်လို့ မျက်နှာလွှဲ
တစ်ယောက်တည်းလူးလိမ့်
ကြိတ်မှိတ်မြိုသိပ်
တိတ်တိတ်လေး တမ်းတခဲ့ဘူးတယ်..။

လူတစ်ချို့က
ပြစ်ခွာသူအပါးက ခွာ
အဖေါ်မပါပေမယ့် အပျော်တွေရှာလို့
ခံစားချက်ကိုလိမ်လို့ အရက်တွေ စိမ်ခဲ့ဘူးတယ်..။

လူတစ်ချို့က
ပျားရည်တစ်ခွက်နဲ့ညကိုချူ
နတ်သမီးအတွက် တမ်းချင်း
တရေးနိုးတိုင်း
နဖူးနဲ့လက်အသားကျလို့
တေးဆိုလို့ ညတိုင်း ငိုခဲ့ဘူးတယ်...။

အလွမ်းတွေ သဂြိုလ်
အချစ်တွေ မြိုချလို့
အဆိပ်တွေသောက်သုံး
တိတ်တဆိတ် ပျောက်ဆုံးခဲ့ကြတယ်..။

လူတစ်ချို့က
သူရိယ ကွယ်ပျောက်လို့
အမှောင်ရောက်ခဲ့ပေမယ့်
စန္ဒာ ကိုမျှော်မှန်းလို့
ရော်ရမ်းကာမှန်းဆ
တမ်းတမှုတွေ တိုးလို့
အစားထိုးခဲ့ကြတယ်...။

အဖေါ်ကွဲသူ တလွဲမယူဘဲ
လိုရာကိုသောက်သုံး
ရောဂါတွေ ပျောက်ဆုံးပါစေ

-------------------------------
လူစိုး

0 comments:

Post a Comment