အရိုးကျေကျေ
အရွက်ခမ်းခမ်း
အပမ်းမည်မျှ
ရှိခဲ့သော်လည်း
သခင်ပျော်နိုး
စိတ်တွင်ပျိုးလို့
နိုးကြားသည့်မောင်
ယောင်လို့ခေါ်ငြား
စိတ်တွင်မှတ်သည်
အမျက်မည်မျှ ရှိသနည်း...။
အပါးမှာနေ
ထားရာစေလို့
သခင်မဘုရား
ဘ၀မကျအားလို့
နှင်ရက်သည်တွင်
သည်မောင်ရင်ကွဲ
အသည်းတွေကြေ
စိတ်တွေလေလို့
စမ်းရေလည်းနောက်
ပန်းတိုင်ပျောက်ကာ
လမ်းတွေလျှောက်လို့
အမောတွေဝေ
စိတ်တွေကြေသည်
ဇရပ်မည်မျှ ရှိသနည်း...။
သခင်မြက်ဖြေ
အလွမ်းကြေဘို့
စမ်းရေအေးတွေ
ယူကာ စုလေ
ဆုတောင်းချွေသည်။
ပန်းမန် လန်းစေ
ရေတွေ ပျိုးလို့
အကျွန် အသက်
ပေးဆပ်ကာချစ်
အဝေးအရပ်မှာပစ်လို့
အရက်မည်မျှ ရှိသနည်း...
အရွက်ခမ်းခမ်း
အပမ်းမည်မျှ
ရှိခဲ့သော်လည်း
သခင်ပျော်နိုး
စိတ်တွင်ပျိုးလို့
နိုးကြားသည့်မောင်
ယောင်လို့ခေါ်ငြား
စိတ်တွင်မှတ်သည်
အမျက်မည်မျှ ရှိသနည်း...။
အပါးမှာနေ
ထားရာစေလို့
သခင်မဘုရား
ဘ၀မကျအားလို့
နှင်ရက်သည်တွင်
သည်မောင်ရင်ကွဲ
အသည်းတွေကြေ
စိတ်တွေလေလို့
စမ်းရေလည်းနောက်
ပန်းတိုင်ပျောက်ကာ
လမ်းတွေလျှောက်လို့
အမောတွေဝေ
စိတ်တွေကြေသည်
ဇရပ်မည်မျှ ရှိသနည်း...။
သခင်မြက်ဖြေ
အလွမ်းကြေဘို့
စမ်းရေအေးတွေ
ယူကာ စုလေ
ဆုတောင်းချွေသည်။
ပန်းမန် လန်းစေ
ရေတွေ ပျိုးလို့
အကျွန် အသက်
ပေးဆပ်ကာချစ်
အဝေးအရပ်မှာပစ်လို့
အရက်မည်မျှ ရှိသနည်း...
-လူစိုး







0 comments:
Post a Comment