အပြန်လမ်း

Saturday, January 19, 2013

ချစ်သူအလာ
လမ်းတကာကို
မှန်းကာမျှော်ငေး
ခပ်ဝေးဝေးက
တိတ်တိတ်လေးမျှော်
ထိတ်ထိတ်အော်လို့
မှန်းမျှော်တမ်းတ
လွမ်းရပါသည်
တမ်းတချိန်အား အလွန်....များ....။

ချစ်သူထံပါး
ရောက်ကာသွားတော့
တဒိတ်ဒိတ်တုံ ရင်ကခုန်လို့
အဆင်းလည်းစုံ
ကုံလုံနုထင်း
လှယမင်းနား
ကပ်ခါ သွားတော့
ကြာညိုနံ့လေး..အလွန် မွှေး...။

ကြည်နူးစိတ်အား
သိပ်ကိုများလို့
သိမ့်သိမ့်လည်းတုန်
ရင်လည်းခုန်သည်
အကြည့်ချင်းဆုံတိုင်း
မေတ္တာတွေတိုး
စိုးမိုးနေတယ်
နတ်မိမယ်ရယ်
စိတ်ဝယ် ချွန်းအုပ်
ငုတ်တုတ်လေးပဲ နေ ပြီး ငေး..။

ပိတုန်းကေသာ
လှမျက်နှာနှင့်
ဝေဆာကြည်လင်း
အပြစ်ကင်းတယ်
ရှက်အားပိုတဲ့
သက်ထားပျိုရယ်
ဖက်ထားလိုမိတယ်

အပြစ်မမြင်ပါနဲ့
ချစ်ခင်မိနေတာလေ
အပြုံးတွေ သက်သေထားလို့
အနမ်းတစ်ပွင့် ချွေ လို့ ပေး..။

ကျွမ်းလုအသည်း
နှလုံးထဲက
လွမ်းစိတ်တွေ ဝေ
သက်ပြင်း ချွေလို့
အိမ်ပြန်ချိန်တိုင်း
စိတ်တွေ ထိုင်းမိတယ်
ခွဲခွာချိန်များ သိပ်ကိုများလို့
နှုတ်ဆက်စကား တစ်ခွန်းအား
သက်ပြင်းတွေ နဲ့ ချွေ..မိ..တယ်

သက်ပြင်းချွေသံ
ငှက်တွေ ကြားတော့
တေးဆို နှစ်သိမ့်ပြန်ပါတယ်
ကြယ်ကြွေကောက်သူ ငါပါတဲ့..။

(̾●̮̮̃̾•̃̾)۶ Lu ٩(͡๏̯͡๏)۶ Soe

0 comments:

Post a Comment