"အဖြည့်ခံ"

Saturday, January 19, 2013

♦ ရင်ခွင်ထက်နန်းမှာ မှေးစက်
တစ်ရေးမပျက်လို့ ပျော်ဝင်
ခေါ်ငင်လို့ ယူသုံး
ကျွန်ုပ်၏ နှလုံး
သခင့်အတွက် အပြုံး ဖြစ်စေဘို့ပါ အရှင်

♦ယခင်ငြိစေတဲ့ ကြိုးက
ထိလေ ဆိုးလေ
အသိတွေ ပျိုးလို့
ကတိတွေ တိုးခဲ့တိုင်း
အဲဒီ အချစ်နွယ်က ရင်ဘတ်ထဲကို ရစ်တွယ်မိတယ်လေ..။


♦အဖြည့်ခံဘ၀ပေမယ့်
သခင်ပျော်နိုး စိတ်တွေ တိုးလို့
အသည်းဘ၀င်က
ခမဲ ပင်မလိုလောက်အောင်
အမြဲပင် သတိရ ကြည့်မ၀ခဲ့မိတော့
သခင်ရယ်
မေ့ရန်ခက်လေတော့ တစ်နေ့ ပြန်တွေ့ပါရစေ.။

....ချစ်သူ သိစေ....

0 comments:

Post a Comment