စောင့်မျှော်သူ

Saturday, January 19, 2013



ပန်းနီရောင်တွေ ဆိုးလို့
ငါ့မနက်ခင်းတိုင်း မိုးလင်းလာခဲ့တယ်
အလွမ်းတွေက ပျိုးလို့ ကောင်းတုန်းပဲ ....၊

မြှားနတ်မောင်နဲ့ နတ်ဆိုး
တိုးလျိုးလို့ ခိုးဝင်
တိုးတိုးလေးလာပြီး
တိတ်တိတ်လေး သပ်သွင်းသွားတယ်
အခုဆို ငါ့ကမ္ဘာတစ်ခြမ်း မှောင်..လို့...ပေါ့....၊

ညအသင်္ချေတွေထဲ
အလင်းတစ်ပွင့်ကို ရှာနေမိတယ်..
မီးအိမ်ရှင်...ရယ်.
ဘယ်များ ပုန်းနေလည်း...၊

ဝုန်း.........ခနဲ ၀င်ရောင်
ဦးနှောက်တွေထဲ
အချစ်တွေ ကြဲခဲ့လို့
မြင်သမျှ ပြုံးစရာတွေချည်းပဲ
ဟုတ်ပါတယ်..
အတွေးတွေ တွေးတိုင်း
နင်ပဲ ..ရှိခဲ့တာလေ....၊

ကောင်းကင်ကိုမော်ကြည့်
ကြယ်တွေကို ထိုင်ရေရင်း
မီးအိမ်တစ်လုံးကို ရှာမိတယ်
ဟော.....
ဟိုမှာ ကြယ်တစ်ပွင့်ကြွေသွားပြီ။

ကြယ်...ကြွေ...ကောက်...မဲ့..သူ...ငါ...ပဲ....ဖြစ်..ပါ...စေ...မေ....။

(̾●̮̮̃̾•̃̾)۶ Lu ٩(͡๏̯͡๏)۶ Soe

0 comments:

Post a Comment