ဆန္ဒ

Saturday, January 19, 2013

ငယ်ငယ်က အမေကမေးတယ်
သားငယ် ကြီးလာရင် ဘာဖြစ်ချင်လည်းတဲ့
ရည်ရွယ်ချက်မျိုးစုံနဲ့ ကျွန်တော်
အဖြေအမျိုးမျိုးပေးလို့ ပျော်ရွှင်ခဲ့ဘူးတယ်

အခု ကျွန်တော့်ကို ကျွန်တော် ပြန်မေးတယ်
ကျွန်တော် ဘာဖြစ်ချင်တာလည်း ?

ကျွန်တော် ဆရာဝန် မဖြစ်ချင်ဘူး
ကျွန်တော် အင်ဂျင်နီယာ မဖြစ်ချင်ဘူး
ကျွန်တော် ဆိုက္ကားသမား မဖြစ်ချင်ဘူး
ကျွန်တော် သူတောင်းစား မဖြစ်ချင်ဘူး
ကျွန်တော် လူပီသတဲ့ လူပဲ ဖြစ်ချင်တာ


ရှေ့တိုးမယ့်ခြေလှမ်းတွေကို
ခဏခဏရုတ်သိမ်းလို့
ကြုံကြိုက်တဲ့အခါတိုင်း
နောက်ဘ၀ကျရင် လူပဲပြန်ဖြစ်မှာလားလို့
ကိုယ့်ကိုကိုယ်မေးကြည့်တယ်။

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြား
ဖြစ်ချင်တာတစ်ခုအတွက်
အတ္တတွေ ဖယ်ဖျောက်လို့ မာနတွေ ချနင်းလိုက်တယ်

ဝန်ခံပါရစေ ....
ကျွန်တော်မှာ မာနမရှိပါဘူး.. ချစ်သူကို ချစ်နေတဲ့ စိတ်တစ်ခုပဲ ရှိတယ်
တကယ်တော့ မာနဆိုတာ ချစ်သူနှစ်ဦးအတွက် အဆိပ်အတောက်ပဲလေ...

@ လူစိုး

0 comments:

Post a Comment