အလွမ်းတွေ သူခင်
ယူငင်လို့ သူပေးတော့
ဒီလူ ဆွေးရတာ ဆန်းသလားကွယ် ♥ ♥ ♥
လွမ်းမိပါတယ် ချစ်သူရယ်
ရင်ခွင်နွေးနွေးကို
ငေးငေး ကြည့်မိတိုင်း (အသိမှာ)
တွေးတွေး မိလာတယ်လေ
ထွေးပိုက်ထားတဲ့ လက်တစ်စုံကြားမှာ
ပေးအပ်ထားတဲ့ ပါးပြင်တစ်ဖက်
နွေးခနဲ အားအင်တွေ မဲ့ခဲ့ဘူးတာ ဆန်းသလားကွယ် ♥ ♥ ♥
နေ့သစ်တိုင်းလည်း မေ့မပြစ်ခဲ့ပါဘူး
အဲဒီ ဆူးလေး ဒီရင်ကို ဆူးမှတော့
ထုတ်မပြစ်ရက်ဘူးကွယ်
အလွမ်းတွေ ရင်းထားလို့
အနမ်းတွေ ခင်းထားတဲ့လမ်းမှာ
ပန်းတွေ ကြွေခဲ့ဘူးတာ ဆန်းသလားကွယ် ♥ ♥ ♥
စမ်းရေတွေ ဘယ်လို အေးအေး
ခရီးတွေ ဘယ်လောက် ဝေးဝေး
သူ့အကြောင်းတွေးတွေးတိုင်း
ချစ်သူရယ်...
ဒီရင် နွေးနွေး က ဆွေးဆွေး နေခဲ့တာ ဆန်းသလားကွယ် ♥ ♥ ♥
♥ ♥ ♥ (̾●̮̮̃̾•̃̾)۶ Lu ٩(͡๏̯͡๏)۶ Soe ♥ ♥ ♥







0 comments:
Post a Comment