ဝင်ခဲ့လေကွယ်
လူ့ဘဝ
အစကတည်းကငို
အသိဥာဏ်ဆို ဗလာနတ္တိ
သူများခြုံမှ လုံ
ဖြူဖွေးတဲ့ အနှီးလေးနဲ့
ခရီးဝေးမဲ့ ဘ၀လမ်းမှာ
ရင့်ကျက်မှုတစ်ခုအတွက်
အချိန်တွေ တိုးလို့
ကိုယ့်ကိုယ်ကို ပျိုးခဲ့ရတယ်လေ...။
ဝင်ခဲ့လေကွယ်
အခက်အခဲတွေ တရစပ်နဲ့
အကြပ်အတည်းတွေဖြစ်တိုင်း
အားကိုးရာရှာ
အမေ့လက်တွေ ကိုင်ဆွဲလို့
မယိုင်လဲမဲ့စိတ်တွေမွေး
အတိတ်တွေလည်း စတေးခဲ့ဘူးတယ်
အောင်မြင်ခြင်းဆိုတာ
အခက်အခဲတွေဆီက
မွေးထုတ်လာတာမဟုတ်လား။.။
ဝင်ခဲ့လေကွယ်
အခက်အခဲတွေ ကမောက်ကမ
ဒုက္ခတွေ ကတောက်ကဆနဲ့
ဖျောက်မရပေမယ့်လည်း
လောကကိုချုပ်ကိုင်
လက်ဖ၀ါးတွေကို ဆုပ်ကိုင်လို့
မယိုင်လဲမဲ့စိတ်နဲ့
ဘ၀တိုက်ပွဲတိုင်း နိုင်စေရမယ်
သူရဲကောင်းဆိုတာ တိုက်ပွဲတွေဆီက
မွေးထုတ်လာတာမဟုတ်လား။ ။
(̾●̮̮̃̾•̃̾)۶____Lu ٩(͡๏̯͡๏)۶ Soe____(̾●̮̮̃̾•̃̾)
လူ့ဘဝ
အစကတည်းကငို
အသိဥာဏ်ဆို ဗလာနတ္တိ
သူများခြုံမှ လုံ
ဖြူဖွေးတဲ့ အနှီးလေးနဲ့
ခရီးဝေးမဲ့ ဘ၀လမ်းမှာ
ရင့်ကျက်မှုတစ်ခုအတွက်
အချိန်တွေ တိုးလို့
ကိုယ့်ကိုယ်ကို ပျိုးခဲ့ရတယ်လေ...။
ဝင်ခဲ့လေကွယ်
အခက်အခဲတွေ တရစပ်နဲ့
အကြပ်အတည်းတွေဖြစ်တိုင်း
အားကိုးရာရှာ
အမေ့လက်တွေ ကိုင်ဆွဲလို့
မယိုင်လဲမဲ့စိတ်တွေမွေး
အတိတ်တွေလည်း စတေးခဲ့ဘူးတယ်
အောင်မြင်ခြင်းဆိုတာ
အခက်အခဲတွေဆီက
မွေးထုတ်လာတာမဟုတ်လား။.။
ဝင်ခဲ့လေကွယ်
အခက်အခဲတွေ ကမောက်ကမ
ဒုက္ခတွေ ကတောက်ကဆနဲ့
ဖျောက်မရပေမယ့်လည်း
လောကကိုချုပ်ကိုင်
လက်ဖ၀ါးတွေကို ဆုပ်ကိုင်လို့
မယိုင်လဲမဲ့စိတ်နဲ့
ဘ၀တိုက်ပွဲတိုင်း နိုင်စေရမယ်
သူရဲကောင်းဆိုတာ တိုက်ပွဲတွေဆီက
မွေးထုတ်လာတာမဟုတ်လား။ ။
(̾●̮̮̃̾•̃̾)۶____Lu ٩(͡๏̯͡๏)۶ Soe____(̾●̮̮̃̾•̃̾)







0 comments:
Post a Comment