ဖွင့်ဆိုချက်

Saturday, January 19, 2013

အဲဒီ အပြုံးတွေ
စူးနက်စိုက်ဝင်မယ် ဆိုတာသိရက်နဲ့
ရင်ကို ဟင်းလင်း ဖွင့်ထားလိုက်မိပါတယ်

ချော့ကလက်ရောင် သက်တန့် တခုကို
ငါ့ကောင်းကင်မှာ ချိတ်ဆွဲဖို့
ကျေးဇူးပြုပြီး အလွမ်း သီချင်း မဖွင့်ပါနဲ့ (APM)



လွမ်းမောခြင်းနဲ့ ချတဲ့ သက်ပြင်းတိုင်း
အလျားမရှိခဲ့ဘူး..ချစ်....သ
လွမ်းလို့ ကျတဲ့မျက်ရည်တိုင်းမှာ
သတိရခြင်းတွေ ပါလိမ့်မယ်...
အလွမ်းဆိုတာ သတိရတက်သူတွေအဘို့တော့
ဝမ်းနည်းခြင်းပဲ ဒါပေမယ့်
ငါ့အတွက်တော့ အားဆေးတစ်ခွက်ပဲလေ

ချစ်သူမတိုက်တဲ့ ဆေးတစ်ခွက်နဲ့
လွမ်း ....ရင်း.....မင်း..ကို.....စောင့်....နေ...မယ်...၊(LS)



ငါတို့ရင်ဘတ်တွေနဲ့ ယုံတမ်းပုံပြင်ပြောရအောင်
ရှုံးတဲ့သူ နှလုံးသားပေးကြေးလေ...
နိုင်သူကအလွမ်းယူပြီးပြန်
ကျန်တာကတော့ မျက်ရည်နဲ့ နောင်တတွေပေါ့။

အချစ်ဆိုတာလည်းတကယ်တော့နှစ်ဖက်ရှုံးကစားပွဲပါဟာ...၊(AST)



အဆုံးမှာတော့ ပြုံးတက်အောင်ကြိုးစား ...
အချစ်မှာသရေပွဲမရှိဘူး ချစ်သူ ..
အမုန်းတွေကြားထဲ အပြုံးတစ်ခုအသက်သွင်းလို့
ပြိုယွင်းနေတဲ့ လမ်းတိုင်းကို ဂဟေဆက်ကြမယ် .
အနမ်းချင်းဖလှယ်လို့ ငါ့တို့ရင်ခွင်အလယ်
ဘယ်တံတိုင်းမှ မခြားစေရဘူး

တကယ်တော့ တံတိုင်းဆိုတာ ချစ်သူနှစ်ဦးအတွက် စမ်းသပ်မှုတစ်ခုပဲ လေ.....(LS)



အကွာအဝေးဆိုတဲ့ ထိုတံတိုင်း
နူးညံ့တဲ့အချစ်ရိုင်းကို အထင်သေးရော့လား
အေး မှတ်ထားလိုက်လောကဓံ
မင်းရဲ့စမိးသပ်ချက်ရန်တံတိုင်းကို
မာန်ပါပါပြန်ကြည့်ဖို့

အချစ်တွက်လိုအပ်တာက
သစ္စာတရားပါးပါးလေးပဲဆိုတာ.....၊ (AST)



ခါးခါးလေးသောက်တာ
ကော်ဖီပဲကောင်းတယ် ချစ်သူ..
နင့်မေတ္တာတွေ ငါ့အတွက်ချိုပါစေ..
လိုတာလေးတစ်ခု ရှိလိမ့်မယ်..
စာနာမှုလေးထားပြီး

တစ်ယောက်လက် တစ်ယောက်ဆွဲလို့
အချစ်နောက်မှာအလွမ်းနဲ့ မတွဲကြေး....(LS)



ကြေးနှိုင်းတယ်ဆိုတာ
အချစ်အတွက်ရိုင်းလွန်းပါတယ်လေ
လက်တွဲတာကိုလည်းမဖြုတ်
အပြောနဲ့မဟုတ်အဟုတ်တကယ်နားလည်ပြပါ့မယ်
လိုအပ်ချက်ဆိုတာနဲ့ ဇာတ်လမ်းကိုသိမ်းရမှာလား

ဖြည့်ဆည်းခြင်းသာတွဲလျက်
မခါးသက်သောအကြင်နာတွေနဲ့ပြည့်စုံရပါ့မယ်....၊ (AST)


မနက်ခင်းတိုင်း မိုးတွေလင်းလို့ အလွမ်းတွေနဲ့ ပလုပ်ကျင်းလိုက်တယ်
အလင်းရောင်ကို ဖွေရှာသူအဘို့ မနေ့က မနက်ဖြန်ဆိုတာ ဒီနေ့ပဲလေ...(LS)




အောင်ပြည့်မွန် ၊ အောင်စည်သာ၊ စိုးမင်းထွန်း( လူစိုး) ၊တို့ သုံးဦးရဲ့ နှလုံးသားရဲ့ "ဖွင့်ဆိုချက်"

0 comments:

Post a Comment