ရင်ထဲက မီး

Saturday, January 19, 2013



သူ မေ့မှာလား
နာဖျားတဲ့ သမုဒယနွယ်
အခုမှ တကယ် တိုးကာငင်
ဆိုးလာရင် ကယ်မှာလား
ဖယ်ခွာလျှင် ပူဆွေးမှာမို့
ဘယ်ကမ္ဘာများ လိုက်လို့ရှာ
ပိုက်လို့သာ အပူရှာတော့
ဒီရင်ဟာ ရောဂါပို
ခမဲလို ယုယ
ကုသကာ စေကာပေး
ရေကြည်အေးတစ်ခွက်
မနှေးကာ သောက်လိုက်ချင်ရဲ့
ရင်ဝေဒနာ ပျောက်ချင်စမ်းပါဘိ
တောင်းဆုပန်ချင်....။

သူရှိရာ ဟိုအရပ်ဆီက
ချစ်ပန်းတွေ လှိုင်လှိုင်ပွင့်
ရနံ့ကြွေ ကြိုင်ကြိုင်လွင့်လေတော့
ဒီရင်မှာ အလွမ်းဆွေ ခိုင်ခိုင်ဆင့်စေလို့
အချစ်ပန်းတွေ ယိုင်ယိုင်သင့်စေတော့
သူ မေ့ပြီထင်...။

အခုတွေ့ရင် ပျော်မှာပေါ့.....
အော်....အချစ်မှော်ရယ်
ရော်ရမ်းကာလွမ်းသမို့
ရင်အမောတွေ ဖြေကာဖျောက်စေဘို့
ပေးလှဲ့ပါ ချစ်ရေစင်...။

0 comments:

Post a Comment