ပန်းမြိုင်လည်က ပန်းသူခိုး

Saturday, January 19, 2013

အချစ်တွေမပေးခဲ့တာ မဟုတ်ပါဘူး
အပြစ်ရယ် မမြင်လိုက်ပါနဲ့
ပေးခဲ့တဲ့အချစ်တွေက များလွန်းလို့
နှလုံးသားတောင် လုံး...ပါး..ပါး.လို့..ချွေ...။ (pankalay)

မကြွေပါနဲ့
တယုတယတွေပျိုးလို့
အနုအလှတွေ တိုးလာတယ်
အခုထိ အိပ်မက်ထဲ ဆိုးတုန်းပဲ
စိတ္တဇအတွေးတွေ များလို့
ဧ၀အကြောင်း စဉ်းစားတိုင်း
ဘယ်ဘက်နံရိုးနားက
အခုထိ အလိုလို အောင့်....သက်...သက် ..။ (LS)

ပေးခဲ့တဲ့အချစ်တွေကိုနားလည်ဘို့
ငါ့ရင်ကိုဖွင့်ပြမှယုံမယ်ဆို ဖွင့်ပြပါရစေ
လွဲမှားနေတဲ့ ထင်ကြေးတွေနဲ့
စိတ်ကွက်လို့ သိပ်ခက်
အဆိပ်တက်ညတွေထဲ
အိပ်ပျက်နေတဲ့ နင့်မျှော်လင့်ချက်တွေ
နင်းဖြတ်ဘို့ ပန်း တံ တား.. ခင်း...လို့ ..ကြွေ။ (pankalay)

ယုံပါတယ်ကွယ်..
ဆုံရန်ခက်ပေမယ့် လာရာလမ်းကို
မှန်းဆရော်ရမ်း တမ်းတ လွမ်းရ
စိုးရိမ်သောက ဗျာပါဒများ
တအားဆိုသူ အမောင်လူက
ပူသမျှကို
ရင်မှာ စာစီ ကဗျာသီကုံး
နှမ ပြုံးဘို့ ဆက်သသည်..။ (LS)

@ လူဆိုး , Pann Kalay

0 comments:

Post a Comment