မှောင်နေတဲ့လ
ညအတိုင်းသာရွေ့လျားလည်ပတ်
အိပ်မက်ရော်ရွက်ဝါတို့က
မြေပြင်ထက်လွန့်လူးဝေ့၀ဲ
。 • ˚ ˚ ˛ ˚လွင့်မျောစီးဆင်းသွားတယ်..
★လင်းလက်တဲ့အကြည့်တစ်စုံ
ရောင်စဉ်တွေဖြာထွက်
ငါ့နှလုံးသား နံရံထက်မှာ
ဝုန်းဒိုင်းတွေကျဲလို့
。 • ˚ ˚ ˛ ˚ပြေးထွက်သွားတယ်...
★ကွေးညွတ်တဲ့ နှုတ်ခမ်းနဲ့အပြုံး
ကမ္ဘာမြေတစ်ခွင်လုံး လန်းဆန်းသွားတယ်
လက်တစ်ဖက်ကို အတင်းဆွဲ
တိမ်တွေကိုစီးပြီး ခရီးထွက်မယ်ကြံ
。 • ˚ ˚ ˛ ˚အငွေ့ပျံပျောက်ဆုံးသွားတယ်
★ဆို့နင့်ကြေကွဲနဲ့ခေါ်သံ
ထွက်မလာတဲ့ လည်ချောင်းဝကြောင့်
ပါးပြင်မှာတော့ မျက်ရည်စီးကြောင်းတွေနဲ့ပေါ
ဖျတ်ခနဲ့လန့်အနိုး..
。 • ˚ ˚ ˛ ˚အော်.....ဒါအိမ်မက်မက်နေတာ
★ယောင်ယမ်းစမ်းမိတဲ့ပါးပြင်
မျက်ရည်စက်တွေတန်းလန်း
ဘာရယ်မဟုတ်ပဲ တစ်ချက်ရှိုက်မိတယ်
。 • ˚ ˚ ˛ ˚ဖမ်းစားနိုင်လွန်းတဲ့အပြုံ
^ လူစိုး ^







0 comments:
Post a Comment