မိုး . . . . .
ခဏလေး ရွာခဲ့ပေမယ့် ရင်တစ်ကိုယ်လုံး စိုရွဲသွားတယ်
မိုးရွာထဲ ရပ်နေမိတဲ့ လူက မှားလား
ရွာပေးတဲ့ ကောင်းကင်ညိုက မှားလား
အမှန်နဲ့အမှားမသိခင်
မိုးရေစက်တွေနဲ့အတူ
ရင်ခြွေသံက တ ဖြောက် ဖြောက်...။ (လူစိုး)
မိုး . . . .
မိုးစက်လေးတွေကတပေါက်ပေါက်
အလွမ်းတွေကလဲတသောက်သောက်နဲ့
အုံ့မှိုင်းနေတဲ့ကောင်းကင် လျှပ်ပန်းလျှပ်နွယ်တွေနဲ့
ဘ၀တစ်ခုလုံး ' လင်း ' သွားတယ်
အဲဒီမိုးထဲမှာပဲ ငါ့ဝိဥာဉ်တစ်ခု
စီးမျောလိုက်ပါသွားခဲ့တယ်.. .။ (ကိုရန်လေး)
မိုး . . . . .
လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်း အခုဆိုအတုံးအရုံး
မိုးရှေ့မှာ ကျဆုံးနေတာ မြင်လားမိုး
အချစ်တွေ ရင်ထဲ သွပ်သွင်းခဲ့တော့
အလွမ်းတွေနဲ့ မိုးရှေ့မှာ ၀ပ်ဆင်းနေပြီလေ
မိုးရယ် အများကြီးမရွာသွန်းပါနဲ့
အမုန်းကင်းတဲ့ ချစ်ခြင်းနဲ့ ရေကြည်တစ်စက်ကလည်း
ကုလားအုပ်တစ်ကောင်အတွက် ဆာလောင်မှု ကင်းမှာပါ။ (လူစိုး)
မိုး. . . .
အပူဒဏ်တွေနဲ့ထိုးခွဲထားတဲ့
ကုလားအုတ်တစ်ကောင်၇ဲ့ရင်ဘတ် ထဲက
ခေါင်းလောင်းထိုးသံအို
အနှစ်မဲ့တဲ့...ကာရံတစ်ပုဒ်နဲ့
အိုအေစစ်တွေနဲ့ သွန်းလောင်း
သံယောဇဉ်နဲ့ထုဆစ်ခဲ့ရတာ
အခုဆို
အိုအေစစ်တွေတောင်ခမ်းခြောက် နေပေါ့
ဒီရင်ဘတ်ကြီးထဲမှာ....။ (ကိုရန်လေး)
မိုး
ရွာမှာလား ?
မိုးရွာမယ်ဆို . . . .
ရင်ကိုရင်းလို့ မိုးရှေ့မှာခင်းထားမယ်
မိုးရေထဲမှာ ရင်တွေ စုတ်ပြဲနေရင်တောင်
မိုးမဆဲမချင်း မိုးသည်းနေသရွေ့ ပြုံးထားမယ်
အသက်မလွင့်ခင် အပြုံးတစ်ပွင့် ဖန်ဆင်းဘို့ ရွာပါတော့မိုး...။ (လူစိုး) ။
Credit By ~ လူစိုး & ကိုရန်လေး
ခဏလေး ရွာခဲ့ပေမယ့် ရင်တစ်ကိုယ်လုံး စိုရွဲသွားတယ်
မိုးရွာထဲ ရပ်နေမိတဲ့ လူက မှားလား
ရွာပေးတဲ့ ကောင်းကင်ညိုက မှားလား
အမှန်နဲ့အမှားမသိခင်
မိုးရေစက်တွေနဲ့အတူ
ရင်ခြွေသံက တ ဖြောက် ဖြောက်...။ (လူစိုး)
မိုး . . . .
မိုးစက်လေးတွေကတပေါက်ပေါက်
အလွမ်းတွေကလဲတသောက်သောက်နဲ့
အုံ့မှိုင်းနေတဲ့ကောင်းကင် လျှပ်ပန်းလျှပ်နွယ်တွေနဲ့
ဘ၀တစ်ခုလုံး ' လင်း ' သွားတယ်
အဲဒီမိုးထဲမှာပဲ ငါ့ဝိဥာဉ်တစ်ခု
စီးမျောလိုက်ပါသွားခဲ့တယ်..
မိုး . . . . .
လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်း အခုဆိုအတုံးအရုံး
မိုးရှေ့မှာ ကျဆုံးနေတာ မြင်လားမိုး
အချစ်တွေ ရင်ထဲ သွပ်သွင်းခဲ့တော့
အလွမ်းတွေနဲ့ မိုးရှေ့မှာ ၀ပ်ဆင်းနေပြီလေ
မိုးရယ် အများကြီးမရွာသွန်းပါနဲ့
အမုန်းကင်းတဲ့ ချစ်ခြင်းနဲ့ ရေကြည်တစ်စက်ကလည်း
ကုလားအုပ်တစ်ကောင်အတွက် ဆာလောင်မှု ကင်းမှာပါ။ (လူစိုး)
မိုး. . . .
အပူဒဏ်တွေနဲ့ထိုးခွဲထားတဲ့
ကုလားအုတ်တစ်ကောင်၇ဲ့ရင်ဘတ်
ခေါင်းလောင်းထိုးသံအို
အနှစ်မဲ့တဲ့...ကာရံတစ်ပုဒ်န
အိုအေစစ်တွေနဲ့ သွန်းလောင်း
သံယောဇဉ်နဲ့ထုဆစ်ခဲ့ရတာ
အခုဆို
အိုအေစစ်တွေတောင်ခမ်းခြောက်
ဒီရင်ဘတ်ကြီးထဲမှာ....။ (ကိုရန်လေး)
မိုး
ရွာမှာလား ?
မိုးရွာမယ်ဆို . . . .
ရင်ကိုရင်းလို့ မိုးရှေ့မှာခင်းထားမယ်
မိုးရေထဲမှာ ရင်တွေ စုတ်ပြဲနေရင်တောင်
မိုးမဆဲမချင်း မိုးသည်းနေသရွေ့ ပြုံးထားမယ်
အသက်မလွင့်ခင် အပြုံးတစ်ပွင့် ဖန်ဆင်းဘို့ ရွာပါတော့မိုး...။ (လူစိုး) ။
Credit By ~ လူစိုး & ကိုရန်လေး







0 comments:
Post a Comment