သူ သိပါစေ

Tuesday, January 22, 2013

စိုးမိတယ်လေ
ဒီစကားတွေ သူ ကြားမှာလား . . . ။

ဆုံးမစကားလို့ မမှတ်ယူ အသက်အတူ ချစ်ရလို့
နှလုံးသားနဲ့ နာ သေချာစွာ ကျင့်သုံး
သူ မ ပြုံးနိုင်ပါစေ. . . ။

လဲရင် ပြန်ထ ဒါဘဝ
မလှပေမယ့် ဂုဏ်တင့်တယ် မ

ဖြစ်ဆဲခဏ တစ်ဘ၀မှာ
လှပအောင်နေ စိတ်ကိုဖြေလို့
အရိပ်တွေ မကြွေစေနဲ့
ကြိတ်စက်ကတော့ ကြံရည်ရဲ့ အရသာကို မသိဘူး မ ....။

လူရယ်လို့ ဖြစ်လာရင်
ခရီးသွားရမှာ ဓမ္မတာပဲလေ

ခံနိုင်ရည်အား ၀ိတ်တွေ များလို့
လမ်းဆိုတာက အချိန်တန်ရင် ပျက်မြဲပဲ

ကောင်းတစ်ချီ ဆိုးတစ်လှည့်
ဘ၀ထဲ အမြဲသာ တိုးလို့ ၀င်
နေ့တစ်ဝက် ညတစ်လက်နဲ့
ပြက္ခဒိန်က ရက်တစ်ရက် နှစ်မကုန်ခင် ကြွေလွင့်လို့
နောက်တစ်နေ့ကို လိုက်ရှာဖို့ အချိန်ကို ရင်းနှီးရတယ် မ


သင်္ခါရမမြဲ ဘ၀ခရီးထဲ
ခလုတ်တိုက်လို့ မှောက်ရက်လဲ
ဇွဲလည်းမပျက် ရှေ့သို့ ဆက်
အားမာန်ကို တင်း
အတိတ်ကို ရင်းလို့
အနာဂတ်ကို ဆင်းလိုက်ပါ
နေမင်းရဲ့ ထွန်းလင်းမှုက လူတိုင်းအတွက်
အတိတ်ဆိုတာ ၀န်ထုတ်ဝန်ပိုးမဟုတ်ဘူး မ

@ လူစိုး

0 comments:

Post a Comment