မာယာ - ၃

Saturday, January 19, 2013

အနမ်းတွေနဲ့မနက်ခင်းကိုလင်းစေပြီး
အလွမ်းတွေနဲ့ ချော့သိပ်တတ်တာလည်း မာယာ

နောက်လှည့်ပြီးမှ ဆွဲဆောင်မှု့နဲ့
အပြုံးတစ်ပွင့် ပေးခဲ့တာလည်း မာယာ

ပြာလဲ့လဲ့ အလင်းတန်းနဲ့ ရင်ခွင်ကိုလင်းစေပြီး
ခရမ်းရင့်ရောင် စုတ်ချက်ကြမ်းကြမ်းနဲ့ .
ရေးခြစ်တတ်တာလည်း မာယာ

အလင်းတွေ အမှောင်ဖုံးစေတယ်.......
ရင်ခွင်တစ်ခုလုံး ချာချာလည်စေတတ်တာလည်း မာယာ

ခံစားမှု့ကို မျိုသိပ်..... ရင်တွင်းစကားကို ကွယ်ဝှက်.....
အမုန်းစကားကို ဆိုတတ်တာလည်း မာယာ

တစ်ခန်းရပ်ပြဇတ်မှာ အလွမ်းမင်းသား ဖြစ်စေလို့
ညွှန်းလေရော့သလား.. မာယာ
ဆေးစက်ကျရာ အရုပ်ထင်စေဖို့ နင်ကိုယ်တိုင်
ငါ့နှလုံးသားမှာ ကကြိုးဆင်ခဲ့ တာလား မာယာ
ကျောခိုင်း နှုတ်ဆက် အလွမ်းပန်းတွေ ဝေစေတဲ့ မိမာယာ

ဆန္ဒတွေ အဖျားပဲ့နေတယ်
တိမ်ရိုင်းတွေ တောင်ပံခတ်တော့
မုတ်သုံတွေ လွင့်စင်
နာကျဉ်မှု မျက်ဝန်းတစုံရဲ့
ကော်ဖီခါးတခွက် အာက်မှာ
ရင်တစ်စုံကွဲကြေနေတယ် မာယာ

ဟောဟိုမှာကြည့်စမ်းမာယာ
ပန်းလေးတွေလန်းနေရဲ့
စမ်းလေးတွေစီးနေရဲ့
ဘဝကခဏပါ မာယာ
ဒါပေမယ့်လက်တွဲဖော်ဆိုတာ
တစ်ခဏရဲ့ ထာဝရဖြစ်ချင်တာ
ငါ့စေတနာတွေပါပဲ မာယာ

ဝမ်းနည်းပါတယ် မာယာ
နင့်အတွက် နာခံလွယ်တဲ့
ကျွန်တယောက် ဆုံးရှုံးသွားတယ်

(ရင်သို့ ထိသော မာယာများ)

0 comments:

Post a Comment