သစ္စာတွေ ထုံးပြေလျော့တော့
ပစ်ကွာလို့ မုန်းလေရော့သလား
ကမ္ဘာ ဆုံးစေတော့
ရှာဦးမယ်..... မေ .. ။
ပျောက်သောသူ ရှာရင်တွေ့စေလို့
ခြေရာဖျောက်သူအား
မွှေကာနှောက်လို့ ရှာပါငြား
မတွေ့ရက်တွေ များလို့
သောကတွေ ပို
ငို နေမိတဲ့ ဒီကလေး
မဆွေးရလေအောင်
သားချော့တေးတစ်ပုဒ် မနှေးအမြန် နာချင်မိပါရဲ့
ချစ်ရှာ သူရယ်...ပစ်ခွာကာ မမုန်းပါနဲ့လား..။
ရေစက်တွေ ကုန်
ဆုံခွင့်နဲ့ ဝေး
တွေးလေ လွမ်းလေမို့
ကျွမ်းလေတဲ့ရင်တခြမ်းနဲ့
လှမ်းခဲ့သူက အမှားလား
ထားလေတော့ အနမ်းတစ်ပွင့်
ဂုဏ်တံတိုင်း အဆင့်ဆင့်ကြား
ကမ္ဘာတွေခြားစေလို့
ပကာသနတွေ ကျွန်တော် မုန်းမိတယ်....။
@လူစိုး
ပစ်ကွာလို့ မုန်းလေရော့သလား
ကမ္ဘာ ဆုံးစေတော့
ရှာဦးမယ်..... မေ .. ။
ပျောက်သောသူ ရှာရင်တွေ့စေလို့
ခြေရာဖျောက်သူအား
မွှေကာနှောက်လို့ ရှာပါငြား
မတွေ့ရက်တွေ များလို့
သောကတွေ ပို
ငို နေမိတဲ့ ဒီကလေး
မဆွေးရလေအောင်
သားချော့တေးတစ်ပုဒ် မနှေးအမြန် နာချင်မိပါရဲ့
ချစ်ရှာ သူရယ်...ပစ်ခွာကာ မမုန်းပါနဲ့လား..။
ရေစက်တွေ ကုန်
ဆုံခွင့်နဲ့ ဝေး
တွေးလေ လွမ်းလေမို့
ကျွမ်းလေတဲ့ရင်တခြမ်းနဲ့
လှမ်းခဲ့သူက အမှားလား
ထားလေတော့ အနမ်းတစ်ပွင့်
ဂုဏ်တံတိုင်း အဆင့်ဆင့်ကြား
ကမ္ဘာတွေခြားစေလို့
ပကာသနတွေ ကျွန်တော် မုန်းမိတယ်....။
@လူစိုး







0 comments:
Post a Comment