မနေ့ညက ကြယ်တစ်လုံးကြွေသွားတယ်...ေ မ
အလွမ်းတွေချွေ
ပန်းတွေ ဝေခဲ့ပေမယ့်
အနေမတက်တဲ့ ကြယ်
မြေသို့သက်ခဲ့ရပြန်ပီပေါ့၊
ကြွေတဲ့ကြယ် လွင့်မပါးခင်
တောင်းဆုချွေသူ့အနားကို
အပူများသူ ဒီရင်ခန်းကို
ယူများသူ လေမလားလို့
စေစားသူ မေသနားလို့
အဖြေအမှားတွေေ၀၀ါးနေခဲ့ပြန်ပါပေါ၊
အတိတ်ကံ ဖန်လေတော့
အမှောင်ထဲမှားသူ့အနားကို
ချစ်အားပို သူအပါးမှ
ခွဲရက်ဘို့စေပြန်လာတော့
ဝေးကြပြန်ပြီ တစ်ခါကပေါ့..၊
ခြေရာပျောက်သူအား
မွှေကာ နှောက်လို့ရှာ
ပျောက်သောသူရှာရင်တွေ့
မတွေ့တော့ မော
သောကဇောတွေနဲ့ချွေ
မောဟအမောတွေနဲ့ လေ
တေလေငှက်လိုလွင့်မြော
ချစ်သည်းသူရယ်
တမ်းတစိတ်ပို
အရိပ်လိုသူ့အနားနေစဉ်
အဆိပ်ကိုယူ စားနေသလို
အပြုံးတစစနဲ့
(အခုတော့ အလွမ်းတွေနဲ့)
အဆုံးမလှခဲ့ပါဘူးကွယ်
လတွေ နှစ်စားလို့
လှစ်အားပို သူ့အပါးကို
တောင်းဆုချွေ သူ့အနားသို့
အပြစ်များပြေ ဒီမောင်ရောက်စေတော့
ဟော..အခုများဆို
ကြယ်တစ်လုံး ကြွေသွားပြီ မေ ...။
(အတိတ်ကံကြောင့် ဝေးခဲ့ရပြီမေ
ပေါင်းဘို့အတိတ်ကံ ပါလာခဲ့ရင်နောက်တစ်ခေါက် မဆွေးပါရစေနဲ့လို့ ကြယ်ကြွေညတိုင်း ဆုတောင်းနေမယ် မေ ရယ်)
___ချစ်ကြတဲ့လူတိုင်း ပေါင်းကြပါစေ__
-လူစိုး
အလွမ်းတွေချွေ
ပန်းတွေ ဝေခဲ့ပေမယ့်
အနေမတက်တဲ့ ကြယ်
မြေသို့သက်ခဲ့ရပြန်ပီပေါ့၊
ကြွေတဲ့ကြယ် လွင့်မပါးခင်
တောင်းဆုချွေသူ့အနားကို
အပူများသူ ဒီရင်ခန်းကို
ယူများသူ လေမလားလို့
စေစားသူ မေသနားလို့
အဖြေအမှားတွေေ၀၀ါးနေခဲ့ပြန်ပါပေါ၊
အတိတ်ကံ ဖန်လေတော့
အမှောင်ထဲမှားသူ့အနားကို
ချစ်အားပို သူအပါးမှ
ခွဲရက်ဘို့စေပြန်လာတော့
ဝေးကြပြန်ပြီ တစ်ခါကပေါ့..၊
ခြေရာပျောက်သူအား
မွှေကာ နှောက်လို့ရှာ
ပျောက်သောသူရှာရင်တွေ့
မတွေ့တော့ မော
သောကဇောတွေနဲ့ချွေ
မောဟအမောတွေနဲ့ လေ
တေလေငှက်လိုလွင့်မြော
ချစ်သည်းသူရယ်
တမ်းတစိတ်ပို
အရိပ်လိုသူ့အနားနေစဉ်
အဆိပ်ကိုယူ စားနေသလို
အပြုံးတစစနဲ့
(အခုတော့ အလွမ်းတွေနဲ့)
အဆုံးမလှခဲ့ပါဘူးကွယ်
လတွေ နှစ်စားလို့
လှစ်အားပို သူ့အပါးကို
တောင်းဆုချွေ သူ့အနားသို့
အပြစ်များပြေ ဒီမောင်ရောက်စေတော့
ဟော..အခုများဆို
ကြယ်တစ်လုံး ကြွေသွားပြီ မေ ...။
(အတိတ်ကံကြောင့် ဝေးခဲ့ရပြီမေ
ပေါင်းဘို့အတိတ်ကံ ပါလာခဲ့ရင်နောက်တစ်ခေါက် မဆွေးပါရစေနဲ့လို့ ကြယ်ကြွေညတိုင်း ဆုတောင်းနေမယ် မေ ရယ်)
___ချစ်ကြတဲ့လူတိုင်း ပေါင်းကြပါစေ__
-လူစိုး







0 comments:
Post a Comment