♥ဒီဇင်ဘာနှင်း အလင်းမကွဲချိန်လေး
ဖြူစင် ၀င်းပတဲ့ဟန်လေးသုံးလို့
သူ မ...........ပြုံးနေခဲ့တယ်
ထွေးဖက်ထားမဲ့ လက်တစ်စုံကြောင့်
ရင်ထဲမှာတော့ နွေးနေမိတော့
ကျွန်တော့် ဒီဇင်ဘာ သိပ်မအေးပါဘူး ♦ ♦ ♦
♥လတ်ဆတ်တဲ့လေနုအေးက
ချစ်သူမျက်နှာပေါ် ဖြတ်ပြေးတော့
အသည်းက အေးခနဲ
နွေးနေဆဲ ရင်ခုန်သံ နှစ်ခု ထပ်တူပြုလို့
သူ မ ဆံနွယ်မွမွကို နှလုံးသားလှလှထက်
အပ်ထားလိုက်တယ်
သူ မ...နွေးပါစေ...♦ ♦ ♦
♥သင်းရနံ့ ကျဲ ကျဲမှာ
နှင်းကွဲဘို့ အချိန်တွေ အတူ ခွဲတုန်း
မောင့်....ချစ်ဆုံးရယ်
ချစ်တာကို နာတာနဲ့ဖြေတဲ့
နာစရာမရှိတဲ့ အလွမ်းအတွက်
လမ်းထဲ ၀င်တုန်း
သူ မ အပြုံးက အလှဆုံးမို့
ထုံးမှတ်ထားတဲ့အချစ်အတွက်
အနမ်းနဲ့ သင်ပုန်းချေခဲ့တယ်။ ။
..........................
လူစိုး







0 comments:
Post a Comment