ဝဋ်

Saturday, January 19, 2013

တွေးချင်တာတွေး မဆွေးစေနဲ့
အတိတ်တွေတဘောင်တွေ
အရိပ်အယောင်တောင်မမြင်စေနဲ့ 
နင် ရေးရင် ငါ့သွေး နဲ့ မှင်ဖျော်ပေးမယ်

အသိတွေကန်းနေတဲ့တဒင်္ဂမှာ
ဒုက္ခဟာချိုမြိန်ခဲ့လေရဲ့
အချစ်တွေနဲ့ ပသပါတယ်
ဘ၀ပျက်ရလောက်အောင်တော့
နင်ငါ့ကိုမဖမ်းစားပါနဲ့

ကြေကွဲစရာဆိုတာ
ကြိုတင်သိထားတဲ့သူအတွက်
ချိုမြိန်တယ်လို့ထင်တယ်လား
ဟုတ်ပါဘူး
ရင်ဆိုင်ဖို့အင်အားမရှိခဲ့တာပါ

တောင်းဆိုမှုတွေများလာတဲ့အခါ
ဘ၀မှာပေးဆပ်ဖို့ကအသက်ပဲကျန်တော့တယ်
ပြုဖူးခဲ့တဲ့အမှားတွေရှိရင်
ဒီဘ၀ဒီမျှနဲ့ပဲကျပါစေတော့..

0 comments:

Post a Comment