မိုးရေစက်တွေ
ရိုက်ခတ်ချွေလို့
ထားလေသူရဲ့
ဒဏ်ရာတဲ့လား
ချွေမဲ့မိုးစက်
ဆုံးမသတ်တော့
ပြုံးလျှက်သေမည်
သောကမိုးတွေ ရွာစေမည်။
သတိရစိတ်
ယိုကာဖိတ်လို့
အတိတ်ကိုမျှော်
တမ်းတသော်လည်း
မှန်းမျှော်မရ
သခင်မရယ်
ရင်မှအလွမ်း
တခမ်းတနား
မဆန်းပြားခဲ့
အပြုံးမဲ့လျှက်
အလွမ်းမိုးတွေ ရွာစေမည်။
အလွမ်းတွေချွေ
ပန်းတွေဝေလို့
အစေခံအလား
သူထင်မှားတယ်
ထိပ်ထားသခင်
အရှင်မအတွက်
အချစ်မိုးတွေ ရွာစေမည်။
@လူစိုး
ရိုက်ခတ်ချွေလို့
ထားလေသူရဲ့
ဒဏ်ရာတဲ့လား
ချွေမဲ့မိုးစက်
ဆုံးမသတ်တော့
ပြုံးလျှက်သေမည်
သောကမိုးတွေ ရွာစေမည်။
သတိရစိတ်
ယိုကာဖိတ်လို့
အတိတ်ကိုမျှော်
တမ်းတသော်လည်း
မှန်းမျှော်မရ
သခင်မရယ်
ရင်မှအလွမ်း
တခမ်းတနား
မဆန်းပြားခဲ့
အပြုံးမဲ့လျှက်
အလွမ်းမိုးတွေ ရွာစေမည်။
အလွမ်းတွေချွေ
ပန်းတွေဝေလို့
အစေခံအလား
သူထင်မှားတယ်
ထိပ်ထားသခင်
အရှင်မအတွက်
အချစ်မိုးတွေ ရွာစေမည်။
@လူစိုး







0 comments:
Post a Comment