ရင်ရဲ့ အလွမ်း

Saturday, January 19, 2013

•Christmas !
ပစ်လျှက်သာ သူနေ
ယူစေတော့ အလွမ်း
ကျွမ်းလေတဲ့ရင်တခြမ်းနဲ့
လှမ်းခဲ့သူက အမှားလား
ထားလေတော့ အနမ်းတစ်ပွင့်
ဂုဏ်တံတိုင်း အဆင့်ဆင့်ကြား
မ နဲ့ ကျွန်တော် ကမ္ဘာတွေခြားစေလို့
ပကာသနတွေ ကို မုန်းမိတယ်....။

•သူ မြင်နိုင်မှာလား
ပေါင်းမသင် သူပျိုးပေမယ့်
ရင်အမျိုး မှန်ခဲ့လေတော့
ယိုင်နဲ့တဲ့ အချစ်ပင်
အမြဲသာ ရှင်လို့
ဟောဒီရင်မှာ လန်း
ရင်ထဲက ပန်းရယ်
လွမ်းအား မဆိုးစေဘို့
အနမ်းများ တိုးလို့ပေးခဲ့ပါ။

•မခေါ်ရဲလို့ မလွဲချင်
ပြန်ဆုံမဲ့အရေး အတွေးပွား
လွမ်းသော်ငြားလည်း
ဆွေးအားနဲ့မျှော်
ခဲစော် ထားတဲ့အသည်းက
ဂဟေဆက်ကာ စွဲစေလို့
ငွေမမက်သူအား အမြဲအတူ မခွဲမှာမို့
ရင်ထဲ အရင်ထက် တန်ဘိုးထားမိတယ်..။ ။

@လူစိုး

0 comments:

Post a Comment