ဆုတောင်း

Saturday, January 19, 2013

လမ်းခုလပ် စုရပ်တစ်ခုမှာကြုံတွေ့
ဆုံတွေ့ကြ ခဏတာ
အပန်းတွေဖြေဖျောက်
အနမ်းတွေ ခြေရာဖျောက်လို့
အလွမ်းတွေ စေရောက်လာခဲ့ပြီ။

ပုရွတ်ဆိတ်မလေးရယ်
သံသရာဆုတောင်းတွေ့
ဦးခေါင်းပေါ်က အမွှေးတွေနဲ့
တွေ့ထိလို့နှုတ်ဆက်
ရုတ်တရက်ခွဲခွာတော့
လားရာဆီတဲ့လား။

တွေ့ဆုံလို့ကြုံကွဲ
ဆုံမမြဲတဲ့ လောကဓံ
သောကဖန်ပြန်တော့
စကြ၀ဠာယှဉ်နှိုင်း
အသွင်မရိုင်းတဲ့ မြူမှုန်အရွယ်
ဘယ်အချိန်ဘယ်နေရာလေးမှာ
ထိတွေ့ခွင့်ရနိုင်မလဲ
ရင်းနှီးခွင့် ရနိုင်မလဲ
တစ်ဘ၀အတွေးမှာ
ခဏလေးဆိုပေမယ့်
အမြဲမတွေ့နိုင်တာကြောင့်
တွေ့ဆုံချိန်တိုင်းကို
တန်ဖိုးထား မြတ်နိုးပေးပါ
ချစ်တဲ့ ပုရွက်စိတ်မလေးရယ်...။

-လူစိုး

0 comments:

Post a Comment