♥တွယ်မိတာ
နွယ် သိပါစေကွယ်
သမုဒယအမြစ်နွယ်
ရစ်ပတ်နှောင်တွယ်
နှလုံးထဲဝယ်
ထုံးမှတ်ထားတယ်
အချစ်နွယ်....။
♥ရူးသွပ်မိတဲ့ မျက်နှာထားတစ်ခုရဲ့
အသွေးအသက်
စွဲလမ်းနေမိတာ ချုပ်ကိုင်ခံထားဖို့ လား
နာမည်ပေး ပညတ် ချက်တွေနဲ့ 
အချစ်ဆိုတာ စကားလုံး
ခင်ဗျားကို ကျွန်တော် တွယ်တာခဲ့ပုံနဲ့ 
ပုံသဏ္ဏာန် အနေ အထားကွဲပြားတယ်...။
♥အသားကိုပေးလို့
သွေးတွေ စတေးခဲ့တယ်
နွယ်တစ်ပင် နွေးထွေးစေဘို့
မေတ္တာအေးအေးတွေ
ဖြန်းပက်ပေးစေတော့
ချစ်မိတဲ့ နွယ်ရယ်
ခေါင်းထောင်လို့မော့ပါတော့လ
♥ပေးအပ်တဲ့ တာဝန် ၀တ္တရားမဟုတ်ပေမယ့်
ဘ၀ တစ်ခုဆိုတာထက် ပိုမို တန်ဖိုးရှိအောင်
အမြင့်မြတ်ဆုံး ရင်ခုန်ခံစားမူတွေ နွေးထွေး
ကြင်နာမူတွေ ပေးအပ် ပေးခဲ့ပါတယ်
ကျွန်တော် အတွက်ဘာမှမလိုပါဘူး
ခင်ဗျားပေးမယ် အနမ်းတစ်ပွင့်ပဲလိုတယ်
နဖူးလေးဖြစ်ဖြစ် နမ်းရိုက်ခွင့်ပြုပါ..။
♥သံယောဇဉ် ဆူးလေး ရယ်
လူးဆေးတွေလည်းမကယ်နိုင်
မထူးသေးတဲ့ကျွန်ုပ်
ထွင်းထုတ်ဘို့မတက်နိုင်
လက်မှိုင်တွေချလို့
အလွမ်းဝေဒနာတွေထဲ
ဒေသနာတွေလည်း မကြားလို
သံယောဇဉ်ကြိုးလေးတစ်ချောင်း
ဒီရင်တိုး တိုးပြေးမှတော့
ဆိုး..ဆိုး...ကောင်း...ကောင
♥ကျွန်တော် ဘ၀ အတွက် ထိခိုက်ခဲ့တဲ့ဒဏ်ရာ
ဒဏ်ချက်တွေ လူတစ်ချို့ မမြင်နိုင်ပေမယ့်
ခင်ဗျားမြင်နိုင်ပါစေ တောင်းဆုမဟုတ်ပါဘူး
ခင်ဗျား ပြောလေ့ပြောထရှိတဲ့အတိုင်းအ
အဆိုးအကောင်းကို ဆွဲကိုင်ပီး ကျွန်တော်ရှေ့ 
ဆက်ပါ့မယ် ခင်ဗျား အပြုံးတစ်ချက်တော့
ပေးသနားပါ..
♥ဝေးလိုပဲနေနေ
ဆွေးလို့ပဲ ကြွေကြွေ
တစ်သက်လုံးမှာ
တစ်ပွင့်သာလန်း
ရင်ထဲက ပန်းရယ်
ခက်ညွန့်တွေ နုသစ်လို့
ပွင့်ဖူးလို့ဝေ...
♥ကျွန်တော်တို့ အရမ်းအနေနီးခဲ့ကြပါတယ်
တစ်သက်လုံး လိုလို ဒီအတိုင်းဖြစ်မယ်ထင်ခဲ့ဘူးပ
ကျွန်တော်တို့ ချစ်ခြင်းက မသေဆုံးပါဘူး
သစ်ပင်တစ်ပင်ရဲ့ အသွေးအသက်လိုပါပဲ
အသစ်ထက်အသစ်တွေသာ မွေးဖွားမှာပါ
ခင်ဗျားအကြွင်းမဲ့ယုံကြည်ပေ
♥လူမမြင်ပါဘူး
ရင်ထဲက နွယ်
အခက်တွေစိမ်းလို့
အ၇ွက်ဘယ်ဆီ တိမ်း
ယိမ်းပါးနိုင်လေ
တိမ်းမသွား
ယိုင်မနေပါဘူး
ခိုင်လေတဲ့အခြေက
ရင်မှာ သန္ဓေတည်လို့
မိုးမုန်တိုင်း အုံ့ကာပက်ရင်
မောင်ဖက်လို့ ကွယ်ပါ့မယ်
ချစ်သူ နွယ်ရယ်
♥ကျွန်တော်နဲ့ ခင်ဗျား
ပန်းခြံတွေမလိုပါဘူး
ဟိုတယ်တွေ မိုတယ်တွေ မလိုပါဘူး
ခင်ဗျားအမူအရာတစ်ချို့ တစ်ဝက်
ရင်ဘတ်ထဲမှာမွေးဖွား
ခင်ဗျားဒုက္ခမှန်သမျှ
ကျွန်တော် မျှဝေခံစားခွင့်ပြုပါ
♥ဘယ်သူတွေဘယ်လိုခွဲခွဲ
ရင်ဘတ်ချင်း တွဲလို့
အသည်းချင်း ဂဟေဆက်ကြမယ်
ချစ်တဲ့ နွယ်ရေ
ရှောင်ခွါမပုန်းပါနဲ့
သံယောဇဉ်ထုံးတို့မှတော့
ဒီရင်ထဲ မုန်းဘို့ဆိုတာမရှိပါဘူးကွယ
♥ခင်ဗျားကြိုက်တဲ့လမ်းရွေးခ
ကျွန်တော့်ပိုင်ဆိုင်မူအနည်
ဖို့ ရွေးချယ်လိုက်စေချင်ပါတယ်
ကျွန်တော် နဲ့ ခင်ဗျား ပတ်သတ်မူမှာ
အမုန်းဆိုတဲ့စကားစု သေဆုံးသွားခဲ့ပါပီ..။
♥မှန်ပါတယ် နွယ်
အချစ်တွေတောင် ပြုံးလို့
ဘုရားတက်လို့ ဆုတောင်း
ဘ၀တိုင်းပေါင်းလိုပါတယ်..
နှောင်းလေတဲ့အတိတ်တွေဖယ်လို
အနာဂါတ်ကို တူနှစ်ကိုယ် လျှောက်မယ်
ကမ်းလင့်မယ့် လမ်း..။
♥အမှန်တရားဆိုတာ
ရှားပါးသတ္တ၀ါဖြစ်နေတဲ့လောကမ
ကိုးကွယ်စရာရှာဖွေ ရခက်ခဲသော ဘ၀တွင်
ဗုဒ္ဓဘာသာဖြစ် ခဲ့သော ကျွန်တော် တို့ ဘ၀တွင်
ခပ်တုံးတုံးအတွေးအခေါ်မဟုတ်ပ
ဘ၀ အဆက်ဆက် ရူးသွပ်ခွင့်ရှိရန်
ဆိုင်သည် မဆိုင်သည် မသိ ဆုတောင်းခဲ့ဘူးပါသည်
ခင်ဗျားကျွန်တော့်ကို လက်ထပ်နိုင်ပါသလား???
♥စိုးမိတယ်နွယ်
သံသရာအဆက်
အဖန်တစ်ရာထပ်လို့ဆုတောင်း
ဘ၀တွေ လည်ပတ်နေသရွေ့
ဝဲဂယက်တွေထဲ
ရုန်းခက်မှာလည်း
စိုး မှတ် လို့ လွမ်း..
♥လူဦးရေမြောက်များစွာရှိလှ
လူဦးရေများစွားထဲမှာ ကျွန်တော့် နှင့်လက်တွဲ
ရန် ခင်ဗျားတွေးတောပါ ဆင်ခြင်ပါ ဆုံးဖြတ်ပါ
ခင်ဗျားလုပ်သမျှ မှန်ကန်ပါစေ ကျွန်တော်
ခင်ဗျားလုပ်သမျှ ဆုတောင်းတစ်ချို့ နှင့်သာ
စောင့်ဆိုင်းနေပါမည်
♥သက်ပြင်းတွေချလို့
ဒီဘ၀မှာ ဒီနှမနဲ့
လက်တွဲဘို့မျှော်
ရော်ရွယ်မှန်းဆ
တမ်းတမိပါသည်။
လွမ်းရတဲ့ ညတွေကုန်ဆုံးလို့
ထုံးမှတ်ထားတဲ့ချစ်ခြင်းတွေ
တိတ်တိတ်လေး တုန်လို့
တဒိတ်ဒိတ်ခုန်မိရင်း.
တိုးတိတ်ဆုတောင်း..
♥ကျွန်တော် ဘ၀တစ်သက်လုံး သူတစ်ပါး
မျက်ရည်ကျအောင်မလုပ်မိခဲ့ဘူ
ကျွန်တော် ဘ၀တစ်လျှောက် မည်သည့်
အခါမှ အသဲမကွဲဘူးပါ
ကျွန်တော်ဘ၀တစ်သက်လုံး အမှားအယွင်းတစ်
ချို့ တစ်ဝက်သာ ရှိခဲ့ဘူးသည်
ကျွန်တော် အသက်ရှင်သရွေ့  ရူးသွပ်မက်မောနေပါမည်။
ကျွန်တော်နှင့် ညီငယ် TR@P တို့ အတူရေးဖွဲ့ထားသော ကဗျာလေးပါ၊







0 comments:
Post a Comment