♥အလွမ်းရဲ့ အပိုင်းအစများ♥
Saturday, January 26, 2013
Labels:
ကိုယ်ပိုင်ကဗျာ
1.
သတိရခြင်းရဲ့ အစွန်းတစ်ဖက်
မွန်းကျပ်မှု့ ၀ိုင်တစ်ခွက်အတွက်
အလွမ်းတွေ အချိုးကျကျပေါင်းစပ်
အချစ်ဆိုတဲ့ ယမကာထဲ
တစ်ဘ၀လုံးယုံရင်းပုံ
ကျွန်တော်ခုန်ဆင်းလိုက်တယ်..။
2.
ယစ်မူးတာလား
မူးယစ်တာလား မေးခွန်းတွေကြား
အထားအသိုမတက်တဲ့ အချစ်တစ်ခု
ရင်ကို စူးလေတိုင်း အသဲမှာအမြဲ
အသစ်တူးနေတော့ ရူးစေပေါ့..။
3.
တစ်ချို့က သေချာတွေးလို့ အဖြေရှာပေးတယ်
မရေရာမှုတွေ ဆုပ်ကိုင်ထားတဲ့ ကို့ဝေဒနာ
ကိုယ်သာ သိလို့ သူစေရာ နေခဲ့ပေမယ့်
ေ၀၀ဲ့ကျလာတဲ့ မျက်ရည်များအတွက်
တားဘို့ဆည် မဆောက်ခဲ့ဘူးလေ..။
4.
အလွမ်းစကား နေ့စဉ်ကြားတော့
နားခါးလေရော့သလား ချစ်သူ
ဝန်ခံချင်တယ် . . .
နှုတ်ဖျားက ပွင့်အံတဲ့ ချစ်ခြင်းတိုင်း သတိရခြင်းတွေ
ကပ်တွယ်မပါဘူးဆိုရင် ငါ့အချစ်နဲ့ ငါ အဆုံးစီရင်ပေးမယ်.။
5.
အသည်းကို ရင်းလို့
ယမင်းအတွက် ကကြိုးခင်းလို့
ငါ့ဘ၀အဆင်းမှာတောင် မင်းအတွက် ငါက ပျော်တော်စက်
မျှော်လျှက်လွမ်းအောင် ပြုစား
ဘ၀က မှားတာလား ငါက မှားတာလား
ငါက ဘ၀ကို မှားတာလား ? ? ?
@လူစိုး
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment