♥ရင်ထဲကဆူး♥

Saturday, January 19, 2013


♥သူထွင်းတဲ့ ဆူး
ဒီရင်ကို တူးလေတော့
ရူးစေပေါ့ ခင်ပျိုရယ်

ယစ်မူးစေ အချစ်ဆူးက
အစိမ်းသက်သက် ယိမ်းလျှက်ကွယ်
တိမ်းမက်ဖွယ် ဒီရင် တူးစေတော့
ထိလေတဲ့ ရင်တစ်ခြမ်းက သွေးခက်ခက်ဖြာ..။

♥တူးစမ်း ဝေဒနာ
မဖြေသာ ရင်အလွမ်းကို
ပင်ပန်းစေလျှက် တစ်သက်ပျိုး

ဒီထက်ဆိုးပေမယ့် မြတ်နိုးစွာ ထွေးပိုက်မှာမို့
ဆေးတိုက်လှဲ့ပါ....ချစ်သူ ရာ ။

♥သံယောဇဉ်ဆူးလေးရယ်
လူးဆေးလည်း မကယ်နိုင်
ချစ်ရက်ဆွေ ဒီရင်တူးပေမယ့်
အပြစ်ခက်လေ ကြာလေ ဆူးစေလို့
ရူးလေတော့ ထိတ်ကာနေ
ကြိတ်ကာကြွေ ရင်အလွမ်းက
ပင်ပန်းလျှက်သာ...။

လှမ်း၍ ကြည့် မြင်မိလား မေ
အလွမ်းတွေ မေ စေခဲ့တာမို့
ပန်းတွေ ယူစေလျှက်
လက်တစ်စုံ ကူကာ ခုန်လို့
ထွေးပိုက်ခဲ့ဦး.....................................



လူဆိုး

0 comments:

Post a Comment