အလွမ်းနဲ့ရေးတဲ့ပန်းချီ

Saturday, January 19, 2013

♦မမြင်ရက်ပေမယ့် အသွင်ခက်လေတော့
စိမ်းရက်ပြီထင်

♦သိမ်းလျှက်ယူငင်
အချစ်ပင် တစ်ပင်လုံး
သခင်လိုရာသုံး
သခင်ပြုံးရင်
အတို့ကျွန်ပျော်လို့
သခင်ပျော်ရင်
အတို့ကျွန် ကျွန်ုပ်များမှာတော့
မျှော်လို့ သာ လွမ်း♥ ♥ ♥

♥နှုတ်ခမ်းမှာ မေတ္တာမရှိပါဘူး
သစ္စာတရား ရင်ထဲထားလို့
ချစ်တာများလေတော့
ကြွေပေါ့ ရွက်ရေ ♥

♥နှလုံးသွေးကိုစု
သွန်းထုတဲ့ ရွှေယမင်း
ခင်းထားတဲ့ အလွမ်းပိတ်ကား
မဖိတ်ကြားပဲကြည့်တော့
ထိမိတဲ့ ရင်မှာ
အလွမ်းပန်းချီ ကိုယ်တိုင်သီတက်ခဲ့လေပြီ...

♥ကျွန်တော် စရင်ပျော်
ပါးချိုင့်လေးနဲ့ ပြုံး
သူမအချစ်ထုံးကို
ငြိတွယ်မိလေတော့
ထိတယ် အမိရယ်
ဟောဒီ ရင်ဘတ်ထဲက
ခုန်နေတဲ့ နှလုံးက သိတယ်လေ

အလွမ်းနဲ့ရေးတဲ့ပန်းချီတိုင်း
မျက်ရည်နဲ့ မကင်းနိုင်ဘူး ဆိုတာကိုပေါ့...။ ။

..............................
လူစိုး

0 comments:

Post a Comment