" ♦ ♦ ♦ ရင်ဝှက် ..တေး ♦ ♦ ♦ "

Friday, August 16, 2013

0 comments

♦အချစ်ရေ ...
အနုအလှ ယုယခြင်းတွေနဲ့
အတွေးတစ ငေးမောခြင်းထဲမှာ
တစစနဲ့ လှပတဲ့ကလေးမရယ်
တသသနဲ့မောင့်အတွေးတွေထဲမှာ
သြော် ...မင်းဟာအမြဲပါတယ်လေ...(ကိုရန်လေး)

♦မခွဲခွါ အမြဲသာ သူ့အနားနေ
ပြုစားသူလား မေ

မမြင်ပေမယ့် သိပါစေ
ငြိလာမသွေ ဒီရင်ထဲ
မေသာ အမြဲ စိုးမိုးနေ
မျိုးရိုးတွေ မေ မကြည့်
ရှိလာတဲ့ သံယောဇဉ်
ပြန်ပြောရင် ငြိုငြင်မှာလား
စိုးမိတယ်မေ . ။ (လူဆိုး)

♦စိုးရိမ်ပေမယ့် လေ
သြော် မေတ္တာစကားတွေက
နားထောင်ကာ ကြားယောင်လိုက်ရင်ဖြင့်
သူ့စကားတွေက
မုသားတွေလားလို့မထင်စေချင်

သူပြောရင်လေ
မုသားတွေမဆိုထားဘိ
ချစ်စကားတွေလို့သာယုံထားမိတော့
သြော် နားဝယ်ကြားသည်က
သူ့စကားတွေက ပျားလိုချို... (ကိုရန်လေး)

♦ အခုများ သူ့အနားကခွာ
အကြင်နာ မခင်ကာတိမ်း
အပြင်မှာ အစဉ်သာထိန်း
သူစိမ်းတွေ လိုလား ခင် ။

သံယောဇဉ် အဆင်းအတက်
ယမင်းအတွက်နဲ့ ကကြိုးဆင်
ဘ၀ဆိုးပင် ဆိုးပါ့စေ
ခင် နင်းရင် ခံ
ခင် ပြန်ရင် ညှိုး
ခင့်ဘ၀ အခြေတိုးအောင်
ဘ ကုံး ကို သဝေထိုး
ဝတ်ဆံနှစ်လုံးပေါက် တိုးလို့
ခင်အရိပ် ဘေး ခပ်ဝေးဝေး ပြေးပုန်းပါ့မယ်ခင်။(လူဆိုး)

♦ခင်မကြင်တမင်စိမ်းတော့မှ
ရင်ငြိမ်းအောင်မဖြေသာအားလို
မိုးစက်ပမာ မျက်ရည်များသာဖြင့်
ညိုးရက်စွာ ရွာသွန်းစေလို့
သြော် အခုတော့ဝေးကြပြီပေါ့..ခင် (ကိုရန်လေး)


ညီငယ် ကိုရန်လေးနဲ့ နှစ်ကိုယ်အတူဖွဲ့နွဲ့ထားသော ကဗျာတေးတစ်ပုဒ် ကျွန်တော့်ရင်ထဲမှာ ဖွက်ထားမိတယ် ။

"စည်းကမ်း"

0 comments

စည်းကမ်းဟူသည်
လူ၏ တန်ဘိုး။

စည်းကမ်း ရှိမှ
တိုးတက်မည်။

ဒို့တိုင်းပြည်
ထီးနန်းပျောက်
ထီးကျိုး စည်ပေါက်
ကျွန်ဘ၀ရောက်
စည်းကမ်းဖောက်လို့ ဖြစ်ရတာ။

စည်းကမ်းကိုထိန်း
စိတ်မတိမ်း
ကျင့်ဝတ်ဟူ၍ မှတ်ကြပါ။

စည်းကမ်းလိုက်နာ
လူတို့ရွာ
သာယာအေးချမ်း ရှိကြမှာ။

စည်းကမ်းဟူသမျှ
ရိုသေကြ
ကိုယ်မှ မခွာ လိုက်နာပါ
တိုးတက်လာကြမှာ။

@ လူစိုး

" ချစ်သူ့သက်သေ "

0 comments

ရင်တစ်မျက်နှာအတွက်
သခင် သက်ညှာလှဲ့ပါ

အစဉ်တစ်သက်သာ ရစ်ကာလွှမ်း
သံယောဇဉ် အချစ်မှာတမ်းက
အော်...ဖြေးဖြေး ပျက်ပြယ်...

သူမြင်ရင် ညိုညင်မှာလား
မျက်ကွယ်ပင် သူ့ကိုလွမ်း
သံယောဇဉ် သီထုံးပြေ
သက်သေတွေ စီကုံးလေတိုင်း
စီးဆင်းတဲ့ရေ လွမ်းမျက်ရည်....

တမင်ထွက်ခွာ အဝေးသို့ပြေး
ဘ၀င်တစ်သက်တာ အေးစေဘို့ရယ်
ဒီရင်ဝယ် ပူ ပူပေမယ့်
အသက်ကွယ် ယူမလား
သူလိုရင် ပေးပါတယ်
ချစ်တဲ့သူရယ် မောင့်သက်လယ်။


@ လူစိုး

" သဘာဝ "

0 comments

 
ပန်းလိုလို့
ပန်းပင်စိုက်
ပန်းဖူးတော့ လူမဦးခင်
ပန်းပင်ကို ဂရုစိုက်
ပန်းပွင့်မဲ့အခိုက် ။

ပန်းပွင့်တော့ ဆွတ်ခူးချင်
ပန်းပင်ကို စိတ်မပူအား
ပန်းပွင့်နဲ့ ကစား ။

ပန်းပွင့်တော့ ရနံ့ရှု
ပန်းပင်ကို ရေမလောင်း
ပန်းလှအောင် ပေါင်းမသင်
ပန်းပွင့်ကို ဆွတ်ကာချိုး
ပန်းလှဆံထိုး ။

ပန်းလှတော့ သူဆင်မြန်း
ပန်းနွမ်းတော့ ယူကာခြွေ
ပန်းကြွေတော့ နင်း
မြတ်နိုးသူ သူ့ခြေရင်းမှာ
ညွတ်တွား ၀ပ်ဆင်း ။

@ လူစိုး

"လွမ်းစိတ် "

0 comments



မမြင်မတွေ့ခင်
အရင်မမေ့ပါနဲ့ . . .

တစ်သက်အစဉ်ထုံးပေမယ့်
သံယောဇဉ် ရင်ဝယ်ပုန်းလို့
မုန်းလိုက်လေလား မေ

ယခင်အရှေ့က ချစ်ခဲ့တာ ကိုယ်စီတွေး
အချစ်ရိပ် ရေးရေးလေးတောင်
ခပ်စိပ်စိပ် အကွက်ချယ်
နှလုံးသားအလယ်ထက်ဝယ်
စုပ်ထိုးမိသူမို့

သူ့အရိပ်သာ ထင်
သူမြင်ရင် ရွှင်ပျော်ပြုံးပါရဲ့
မုန်းရက်သူရယ် ။

@ လူစိုး

"သောက"

Tuesday, June 18, 2013

0 comments
သော က ဝေ ဒ နာ
လော က စေ ရာ သွား
ရင် ဝေ ဒ နာ သွေ မ ခမ်း
သ ခင် စေ ရာ လှမ်း
လွမ်း လိုက် တာ မေ ။

သွေ မ ခွာ ပျော် မ ဆုံး
အ ချစ် နဲ့ ထုံး တဲ့ တွေ့ ဆုံ ချိန် ထဲ
အ ပြစ် ဖွဲ့ မုန်း လို့ မေ့ ယုံ ပဲ လား လေ ။

မေ ရယ်
တွေ့ ကြုံ ဆုံ ကွဲ ပေ မယ့်
ရွှေ မှုန် ခင်း တဲ့ အ တိတ် ပြူ တင်း က

အ ခု လ ထဲ မှာ လေ

တိတ် ဆိတ် နေ ကြွေ သက် လို့
ကြိတ် မှိတ် ဖြေ အ နေ ခက် သ မို့
အ သေ သတ် ခဲ့ ပါ လား ဖြေ ။

@ လူစိုး

" စက္ကူလှေ "

0 comments

ငါ့ပဲ့ကို ကိုင်
ငါ့ရွက်တိုင်ကို လွင့်
ငါသွားမယ့် ဒီခရီးက
ဝေးလွင့်ခြင်းဆီတဲ့လား ။

ရေမချခင်ကတည်းက ကြွေ
ငါ့စက္ကူလှေ လေးက
ကမ်းမထွက်ခင်ကတည်းက
တစ်ခန်းရပ်မယ်ဆိုတာ သိပြီးသားပါ ။

သံယောဇဉ် အမျှင်တွယ်တန်း
အဲဒီ ချစ်ခြင်းတွေ အလယ်
လျှောက်စရာ လမ်းမရှိမှတော့
မျှော်လင့်ခြင်းတွေပဲ ဖက်တွယ်
အသက်တကယ် ရှုလိုက်တိုင်း
(ဟူး).......မော ပန်း နွမ်း နယ် နေ တာ ငါ ။

ဂုဏ်တံတိုင်းတွေ ကြား
အခြေအနေတွေ ကွာခြား
ဒီဘ၀များမှာ ဒို့နှစ်ယောက်အချစ်က
အိပ်မက်တခုအဖြစ်သာမို့
ချစ်သူရေ
မျှော်လင့်ခြင်းတွေ ရေချ
ငါ့ဈာပနပွဲ မင်းတစ်ယောက်ထဲ ဆင်နွှဲနှင့်ပါ ။

@ လူစိုး

♦ ဆုတောင်း ♦

0 comments

အဝေးဆီက ဇာတိဖွား
Malay ပြည်မှ မြန်မာများ ဘေးမသီ ရန်မခ
အန္တရာယ်ကင်းလို့ ငြိမ်းချမ်းကြပါစေ ။

ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ ။

ပြည်သားကောင်းတွေ လွင့်လို့ကြွေ
မလေးမြေမှာ ကြက်အလား ငှက်အလား ။

ရေနောက်စွန့်ခွာ ရေကြည်ရှာ
ဒို့ပြည်မှာပင် ကြီးပွားမှာလား ။

မျက်ရည်စက်လက် ဖုန်းဆက်ကာ
သားကောင်း မိခင် ၀မ်းနည်းနေရ။

မိခင်မျက်ရည် တစ်စက်ဟာ
တိုင်ပြည်တွေရဲ့ အသက်ပါပဲ ။

စောင့်မပေးပါ အဖရာ
ဒို့ပြည်သူတွေ တောင့်တနေကြ ။

တိုးတက်လိုသည် မြန်မာပြည်
ဒို့ပြည်သူတွေ အသက်ဆက်ဘို့အရေး ။

# လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ #

@ လူစိုး

" သူ......စိမ်း "

0 comments
သူမမြင်အောင် တမင်ရှောင်တိမ်း
ရင်ဝေဒနာ အစဉ်သာထိန်း
ခပ်ခွာခွာ အနေယိမ်းလို့
စိမ်းမှာလား မေ ။

သူမဟုတ်သလိုပေါ့
အပူရုပ်ကို မျက်နှာလွှဲ
တစ်သက်စာကွဲတဲ့ သံယောဇဉ်
ဆက်ကာ ချည်ငင် ထုံးပေမယ့်
မုန်းစေလှဲ့လို့ ထားရက်တယ် ။

အများထက်ဝယ် ဒီလူရှုံးစေပေါ့
ထုံးလေ မြဲတဲ့ သံယောဇဉ်
ဓါးထက်ကွယ် သူပင်
ယူငင်ဖြတ်လေတော့
ပြတ်မှာပေါ့ကွယ် ။

သံယောဇဉ် နွယ်ပင်ဖြတ်ပေမယ့်
သည်းထက်၌ အသစ်ပျိုး
အချစ်မျိုး ကိုးဆယ့်ခြောက်ပါးက
ဒီရင်ခွင် ပျောက်သွားအောင်
တိုးလှဲ့ ဖောက်ပြား ။

@ လူစိုး

ပိတောက်ကပွဲ

Saturday, May 18, 2013

0 comments
ရွှေမိုးရယ် မညိုပါ
ပြိုလာတော့ ရွှဲ

လေပြင်းနဲ့ အပြိုင်နွှဲ
ပိတောက် ကတဲ့ ပွဲ

@ လူစိုး

လမ်းခွဲ

0 comments

နွေရောက်ပြီလေ
မေပိတောက်တွေ ကြွေရှာရောပေါ့

ဖြေကာပြောတော့ ချစ်သူရေ
(အခုတော့လည်းလေ)
ရင်မောသူ အပူမသိမ်းအောင်
အယူတိမ်းလို့ စိမ်းရက်တယ်
အထိန်းခက်တယ် သခင်ယုံမလား
အကြင်နာပုံ အပူလှိုင်းက
ဝင်ကာခုန် ရင်ခွင်ရိုင်းကိုပ
မှိုင်းတိုက်လို့ လှုံ ။

အတိတ်တံခါး ပိတ်သွားခဲ့လို့များ
ကံကုန်လို့ ဝေးကမ္ဘာခြား
ပြန်ဆုံဘို့ ဆွေးမှာလား
အတွေးကမ္ဘာသွားချင်ပေမယ့်
အမုန်းသခင်စေလှဲ့တော့
အသက်ပင်ဆုံးပစေပေါ့
အရှုံးသဘင် ဆင်နွဲပါ့မယ်
ပွဲကြည့်ပါ့ အရှင် ။

@ လူစိုး

" ချစ်သူလက်နဲ့ကတဲ့ပွဲ "

0 comments

လိုက်ကာတစ်စ ... ပိတ်ကားတစ်ချပ်နဲ့
မီးမလာတဲ့ ရက်မှာ
ငါကတဲ့ ပြဇာတ်က
လက်တစ်စုံပျောက်နေတဲ့ နှစ်ပါးခွင်.။

ညှို့အားပြင်းနှုတ်ခမ်းပါးတစ်စုံနဲ့
အသွေးသားထဲခိုက်နေအောင်စိမ့်ဝင်
တဆစ်ဆစ်နဲ့နာနေတဲ့ရင်ကို
ငါအဆုံးသတ်ခွင့်ပေးလိုက်ချင်ပြီ

ကလက်စ ဇာတ်မှာ
အမုန်းကို ပျိုး သူတဲ.လား
နှစ်ပါးခွင် အလယ် နာကျင်ခံခက်ခြင်းမှာ
ပျောက်ဆုံးနေ သော လက်တစ်စုံ
ရှာဖွေ ပေးပါ..

အများအမြင် ပနံမတင့်ပေမယ့်
အပျံသင် အတောင်ကျိုး
ဘ၀ဆိုးတဲ့ ငနဲအတွက်
အဲဒီအသည်း ဘယ်သူရင်းရဲမှာလည်း

ရင်းရဲသူ ထိုထိုလူသည်
ဒီဇဗ္ဗူရူးမိုက် ခံစားချက်နောက်လိုက် တဲ့
ကဗျာဆရာ မည်မတ္တသာဖြစ်တော့သည်။

လျော့ရဲရဲ ခိုင်မြဲတဲ့ လက်အစုံကြားမှာ
လူလားမြောက်ခဲ့တဲ့ ကျွန်တော်
ခေတ်ပေါ် မျက်နှာဖုံးတွေကြားမှာ
ရှေ့ မတိုးသာ နောက်မဆုတ်သာနဲ့ပေါ့ ။

ရှောင်ဖယ်လေတဲ. ကံကြမ္မာ
မုန်းမာန်ဖွဲ.လို. လေစိမ်းတွေတိုက်
ခြေတစ်လှမ်းက အသင်္ချေ ဝေးကွာလေသား

ပျောက်သောသူ ရှာရင်တွေ့စေ
ကြာရင်မေ့စေလို့ သခင်ထင်
စင်ပြန်လာ အချစ်ကြွင်းကိုပ
ဆင်းသက်လို့ ကြွေ
နင်းဖျက်လို ခြေ
ချစ်သူရေ ဘယ်ဆီပုန်း
သူလေ မုန်းရက်တယ်... ။ ။


Create By : လူစိုး ( Soe Min Tun ), ဆိုခဲစေ မြဲစေ ( တာတီး)

" မိုးစက်ပြာ "

0 comments

မုတ်သုန်လေ ရာသီပျိုး
ဒီမိုးတွေရွာ

ချစ်သူအလာ စိတ်မျှော်ကိုး
ကြည်ဖြိုးဝေဆာ

ရင်ဝေဒနာ တိုးစေလို့လေ
ပြန်မလာသူ မိုးတွေညို့စေ

မေအလာ မျှော်ကာကိုးစေလို့
လှမ်းခဲ့လို့ သွက်သွက်လာ

မိုးမပက်ခင် အမှီလာလို့
အကြင်သူအနား တိုးဖက်ပါ

သည်မိုးမှောင်တုန်း မောင်ပုန်းဘို့လေ
ချစ်သူပါးမို့မို့ထက်သို့ ရွာသွန်းလျှက်ပါ မိုးစက်ပြာ



@ လူစိုး

♦ပျော်တော်ဆက်♦

Friday, April 5, 2013

0 comments

လမ်း စေ ရာ သွား ပေ မယ့်
လွမ်း ဝေ ဒ နာ များ စေ လှဲ့ တယ်
ထား စေ တဲ့ သူ ရယ်
မ တွေ့ တာ ကြာ ညောင်း
ရက် တွေ ပြောင်း လာ တော့
မေ့ ပြီ လား ကွယ်

အ တိတ် တံ ခါး
ဘယ် သူ များ ဖွင့် ထား သ လဲ
ဆိုင်း မ ဆင့် ဗုံ မ ဆင့် ရောက် တက် တဲ့ အ လွမ်း ထဲ
မျက် ရည် နဲ နဲ ရော လို့
မြို့ ပြ ရဲ့ တေး ချင်း က မျက် ရည် နဲ့အ စ ပြု တယ် ။


တွေ့ ကြုံ ဆုံ ကွဲ ဘ ၀ ထဲ
ကံ ကြ မ္မာ ခွဲ လို့ လွဲ တာ လား
ယ မင်း အ တွက် က ကြိုး ခင်း
ခပ် ပြင်း ပြင်း ပြစ် လွှတ် လိုက် တဲ့ ဥ ပေ က္ခာ ထဲ
မင်း အတွက် ငါ က ပျော် တော် ဆက် ပါ
အ ခု ဖြင့် ကွာ ဆွေး
အော် . . . . ဆုံ ခွင့် နဲ့ ဝေး ပြီ ပေါ့

အ လွမ်း စ ကား နေ့ စဉ် ကြား တော့
နား ခါး လေ သ လား
နှုတ် ဖျား က ပွင့် အံ တဲ့ ချစ် ခြင်း တိုင်း သ တိ ရ ခြင်း တွေ
ကပ် တွယ် မ ပါ ဘူး ဆို ရင် ငါ့ အ ချစ် နဲ့ ငါ အ ဆုံး စီ ရင် ပေး မယ်။

@လူစိုး

ခိုနားရာ

0 comments

မန္တလာတောင်ခြေရင်း(ဆီက)
တိုင်းယှက်တဲ့ ကပ္ပလာ
မြပ၀ါ ခြုံကာခင်း(တော့)
မြူနှင်းက ဆော့။

ဆောင်းဦးလေအဟုန်
ကုံလုံစွာ တိုက်ကစား(လို့)
ခိုက်အားပို ညအလင်း(က)
နှင်းရိုက်လို့ တုန်။

ရှေးအထုံ ရေစက်ကြုံလို့
(အော်) ချစ်သူနဲ့ဆုံ
တောင်သမန်အင်း (ဆီက)
ဆောင်ကျဉ်းလာသွန်းလေညှင်း
ဦးပိန်တံတားခြေတော်ရင်း(မှ)
လုံမပျို ရနံ့သင်းကမွှေးလှတယ်လေး။

@လူစိုး
(မန္တလေးသွားတောလား-၁)

“ ပိတောက်ချစ်သူ ”

0 comments

တန်ခူး ရောက်ပြီ ခင်
ပိတောက်ဖူးတော့ ခူးယူချင်

စံဖျားက ပွင့်ဦးခိုင်
မြင့်ထက်သို့တိုင်

ပန်မလားကွယ် ရွယ်ရည်စူး
လှမ်းကိုင်လို့ ခူး ။

ချစ်ဦးသူ ဘယ်မှာပုန်း
မုန်းပါနဲ့ဦး(အုန်း)

ပန်းငုဝါ ပိတောက်ဖူး
အလှထူးဘို့ ပန်ဆင်ပါ
ပြန်ရင်သာ သပြေခက်နဲ့
ရေပက်ခဲ့ပါ။

@ လူစိုး

" • • • • မျှော် • • • "

0 comments

ရင်ပန်းချီ ချိတ်ကာထားပေမယ့်
ပိတ်ကာ သွားစေတဲ့ သူရယ်

မခင်တွယ် ဖယ်ကာသွား
မှားခဲ့လို့လား မေ

ချစ်သူရေ
မေ မကြည့်ပေမယ့်
မေ သိမှာပါ
ရင်ကမ္ဘာ ပျက်ကာသုန်းတော့
စင်ပြန်လာ တစ်သက်ဟာ အမုန်း
သံယောဇဉ် လက်ကျန်ကြွင်းက
ဆုံးစေပြီလား မေ .. ။

ချစ်ဦးသူရေ
တွေ့ဆုံချိန် ရစ်မူးပေမယ့်
သစ်ထူးစေကွဲ့ အလွမ်းရေ

ပန်းတွေ မြေမှာကြဲလို့
ဝေခဲ့တာလည်း ကြာ
သေခဲ့တာလည်း ကြာ

ရင်ဗွေစမ်းတဲ့ အလွမ်း
အခြေမဲ့စွာ လှမ်းတော့
ကမ်းခဲ့တဲ့လက် ဆုံရန်ခက်ပေါ့
ဟိုအရင်...
ပုံမှန်ရက်တွေကို
အခုတော့ဖြင့်...မျှော် • • • •



^ လူစိုး ^
{ ပင်လယ်ပြာပြာ ကဗျာဝိုင်းက ကျွန်တော်ရေးတဲ့အပိုင်းအစလေး ရွေးထုတ်ထားတာပါ }

"ကျွန်တော်ရေးတဲ့ ကဗျာ"

0 comments
ကဗျာ Group တစ်ခုဖြစ်တဲ့ ပင်လယ်ပြာပြာ ကဗျာချစ်သူများအဖွဲ့မှာ ကဗျာနဲ့ ပါတ်သတ်ပြီး မေးထားတဲ့ အမေးနဲ့ ကျွန်တော့်ရဲ့ ရှင်းလင်းချက် အား Note တစ်ခု လုပ်ထားခြင်းဖြစ်ပါသည်။

မသိသေးတဲ့ လူများအတွက် အသိဥာဏ်တစ်ခု တိုးစေပြီး ၊ သိရှိပြီးသား လူများအနေဖြင့်လည်း ခံယူချက် လွဲကောင်း လွဲပါလိမ့်မယ်။
အကယ်၍ ကဗျာအပေါ်ထားတဲ့ ခံစားချက် ၊ ခံယူချက် ၊ အနက် ၊ အဓိပ္ပါယ် မတူညီပါက ကျွန်တော့်ရဲ့ ၀မ်းစာ မပြည့်ဝမှုပဲ ဖြစ်ပါတယ်လို့ ပြောကြားရင်း ကျွန်တော့်ရဲ့ ကဗျာ ဆိုတဲ့ ရှင်းလင်းချက်လေး ထုတ်ပြခွင့် ပြုပါ ။



Lay Da Khon 
ကာရံမဲ့ဆိုတာဘယ်လိုမျိုးလည်း ကိုကိုလူးစိုးကြီး..........ကျွန်တော်ကို သင်ပေးပါလား

Soe Min Tun

ကာရံ မဲ့ ဆိုတာ မသိဘူးလားကွယ်.. (အမှန်က ပိန်းတာ ) မသေမချင်းမှတ်ထား ( သူက သေတော့မှာ အသက်ကကြီးနေဘီ သိပ်မလိုတော့ဘူး ) ကာ ဆိုတာ ( အကာအရံကို ပြောတာ အသက်ကြီးပီး အချိန်မစီးဘူး ) ရံ ( ဆိုတာ အရံအတားကို ပြောတာ .. ) ကာရံဆိုတော့ ကာရံထားတဲ့ အတားအစီးတစ်ခု.. အရံအတားတစ်ခု ... ( ဥပမာ ဈေးအိမ်သာပေါ့ ..အကုန်ကာရံထားတယ်လေ ) ကာရံမဲ့တယ်ဆိုတာ အရံအတားမရှိ ..အတားအဆီးမှ .ဟင်းလင်းပြင်ကြီးကိုပြောတာ (လေတံခွန်ကြီး ပဲခူးမြို့အထွက် ပေါက်တောဝင်ခဲ့တုန်းက သစ်ပင်အောက်ခြုံအကွယ်မှာ မဖြေရှင်းပဲနဲ့ လယ်ကွင်းထဲမှာ ကိစ္စရှင်းခဲ့တာ ) အဲဒါပြောတာ ပိန်းတာာာာာာာာာာာ

Rose White
ဟို လဲ့မွန် တကယ်နားမလည်လို့ မေးချင်ပါတယ် တကယ်မသိတာပါ ကျိုးပြောထားတာပါ နားမလည်ချင်ယောင်ဆောင်တာ ဟုတ်ပါဘူး ကာရန် တို့ ကာရန်မဲ့တို့ ဆိုတာ ဘယ်လိုမျိုးလဲ လဲ့မွန်က စိတ်ထဲရှိတာကို ဒီအတိုင်းရေးချတာမို့ ဘယ်ကဗျာက ဘယ်လိုအမျိုးအစားဆိုတာ လဲ့မွန်မသိလို့ပါ ပြီးတော့ လဲ့မွန်ရေးနေတဲ့ ပုံစံက ဘယ်လိုပုံစံမျိုးလဲဆိုတာ ပြောပြနိုင်မလား တကယ် အကူအညီတောင်းတာပါ .....

Soe Min Tun
ပထမ တစ်ခုအနေနဲ့ပြောရရင် ပင်လယ်ပြာပြာထဲမှာ တကယ်ဆရာတွေ ရှိပါတယ်.ဥပမာ...အပြင် စာပေလောကမှာ ၀တ္တုတွေ ကဗျာတွေ ရေးနေတဲ့ မအလင်းမြင့်မိုလ်.. ကိုစည်သာ .. အောင်ပြည့်မွန်....လေတံခွန်...လေးစားအားကျမိပါ၏ ...သူတို့ကို ကျော်ပြီး ကျွန်တော် ရှင်းပြချင်ပါတယ်.. ရှင်းပြတယ်ဆိုတာကလည်း သိသလောက် မျှဝေခြင်းဖြစ်ပါတယ်.. ကဗျာ...ကဗျာ (၀ါ) စာပေ...အဲဒီနှစ်ခုလုံးမှာ ပေးစွမ်းနိုင်စွမ်းက နှစ်ခုပဲ ရှိတယ်ဗျ... ကဗျာနဲ့ စာပေက ဘာပေးလည်းဆိုတော့ ........" သုတ " နဲ့ " ရသ " အဲဒီ နှစ်မျိုးပဲ ပေးတယ်ဗျ... ကာရန်မဲ့ တွေရော ကာရန် ကဗျာတွေရော ကဗျာအားလုံးပေါ့.....အဲဒီနှစ်ခုပဲပေးတယ်...သုတ ကဗျာတွေက ဘာပေးလည်းဆိုတော့ အသိဥာဏ်တွေ ပေးတယ်.....သုတ ကဗျာအများစုဟာ ဖတ်လိုက်တာနဲ့ စာဖတ်သူရဲ့ ဦးနှောက်ထဲကိုပဲ ရောက်တယ်ဗျ...သူက အသိဥာဏ်ပေးတယ်...ရသ ကဗျာကျတော့ မတူဘူးဗျ...သူက ကဗျာတစ်ပုဒ်ဖတ်လိုက်တာနဲ့ အဲဒီကဗျာဟာ .. နှလုံးသားထဲကို တန်းရောက်တယ်.. ရသကဗျာဆိုလို့ ကျွန်တော် ကြိုက်မိတဲ့ဗျာ နှစ်ပုဒ်ရှိတယ်ဗျာ... တစ်ပုဒ်က ဆရာ ဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာထဲက ပန်းပန်လျှက်ပဲ ကဗျာ ... သူက ဘာပေးလည်းဆိုတော့  ကဗျာတစ်ပုဒ်ကို ဖတ်တာနဲ့ ရသ( ခံစားမှုကိုပေးတယ်) ခံစားမှုက နှလုံးသားထဲကို ရောက်တယ်. အဲဒီကဗျာဖတ်လိုက်တာနဲ့ ပထမ စာရေးသူရဲ့ ခံစားမှု .... မဗေဒါလေးရဲ့ စိတ်နေစိတ်ထား...အဲ အဲဒီနောက် တကယ်ကဗျာကောင်းက နှလုံးသားမှာတင် မပြီးဘူးဗျ.. ဦးနှောက်ဆီ သွားတယ်...ဘယ်လိုသွားလည်းဆိုတော့ ကျွန်တော်တို့ စိတ်ညစ်တိုင်း အော် ငါတို့ ဗေဒါလောက်မဆိုးသေးဘူး ...မဗေဒါလေးတောင် ကြံ့ကြံ့ ခံနိုင်တာ ငါတို့ ခံရမှာပေါ့လို့ ဆိုတော့ အတွေးလေး ဦးနှောက်ထဲကို ၀င်သွားတယ်.. ( ကျွန်တော့် ခံစားမှု သီးသန့် စိတ်ညစ်ရင် အဲဒီကဗျာလေး အမြဲရွတ်ပါတယ် ) ..နောက် ကဗျာတစ်ပုဒ်.. ကဗျာဟာ ရှည်တာ တိုတာနဲ့ မတူဘူးဗျ.. ကဗျာဟာ ၀တ္တု တစ်ပုဒ်... ဘ၀ဇာတ်လမ်းတစ်ခု..အကြောင်းအရာတစ်ခုကို စကားလုံး လေးငါးကြောင်းလောက်နဲ့ ချုံ့ပြထားတာ ဖြစ်တယ်..

Rose White
ဟုတ်ကဲ့ အခုလို လဲ့မွန် မသိတာကို ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်နော် ....

Soe Min Tun
ဆိုပါတော့ " ဆေးလိပ်လည်း(တို)
နေလည်း(ညို) ပြီ
ငါ့(ကို) ပြန်ပို့ကြပါလေ။ ။

တင်မိုး 27.7.2000 " ဆရာတင်မိုးရေးခဲ့တဲ့ ကဗျာပါ.. ကဗျာလေးက သုံးကြောင်းတည်းဗျ... ကာရန်က 4-3-2 ( လေးလုံးစပ် ကဗျာအမျိုးအစား) ဒါပေမယ့် ဆက်တွေးမယ်ဆိုရင် တွေးစရာ အများကြီးဗျ.. သူက ဘ၀ဆိုတာကိုပြောသွားတယ်..ဆေးလိပ်နဲ့ ဥပမာ ပေးသွားတယ် (အယူအဆ ကွဲပြားမှု ရှိမှာပါ . ) နေညိုတာကို ( အသက်အရွယ်ရပီ ) လို့ သုံးသွားတယ်... အဲလို ဆက်တွေးစရာတွေ အများကြီး ရှိသွားတယ်..အဲလို ကဗျာအများစုက ပထမ နှလုံးသားထဲကိုရောက်ပါတ်.... ပီးတော့မှ ဦးနှောက်ထဲကို ရောက်တယ်..အဲဒါက သုတနဲ့ ရသ .. ကဗျာရဲ့ ပေးနိုင်စွမ်းပါ ( ရှင်းပြတဲ့အကြောင်းအရာ ကွဲလွဲမှု ရှိနေပါတယ်.. ကျွန်တော် ဆက် ရေးနေပါတယ် .. ဆရာတွေ ကြားထဲ အမြင်လွှဲမှားမှု ရှိရင် ကျွန်တော့် ၀မ်းစာ မပြည့်ဝမှု့လို့ပဲ သဘောထားပီး သည်းခံပေးကြပါနော် )

Soe Min Tun
နောက်တစ်ခုက Rose White မေးတဲ့ ကာရန်နဲ့ ကာရန်မဲ့ .. ကဗျာ မှာ အဓိက က ကာရန်ပါ..ကာရန်ဟာ ဘာနဲ့တူလည်းဆိုတော့ ကွင်းလေးတွေနဲ့ တူပါတယ် .. ကွင်းလေးတွေ ကွင်းတစ်ကွင်းချင်းစီကို သပ်သပ်ထားရင် သူဟာ တစ်ကွင်းပါပဲ ..ဒါပေမယ့် ကွင်းလေးတွေကို ချိတ်လိုက်တဲ့အခါမှာ ကွင်းလေးဟာ ချိတ်ကလေးလို ဖြစ်သွားပါလိမ့်မယ်. အဲဒါလိုပဲ ကွင်းလေးတွေ ချိတ်နိုင်ဘို့ကို ကျွန်တော်တို့က ကာရန်နဲ့ တွဲေ၇းပါတယ်... အဲဒီတော့ ကာ၇န်တွေဖြစ်လာပါတယ်.. မြန်မာစကားပုံတစ်ခုရှိတယ်ဗျ အကွပ် မရှိတဲ့ကြမ်း ပရမ်းပတာတဲ့..တကယ်တော့ ကာရန်ဆိုတာ အကွပ်လို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်. သူက စာပိုဒ်တစ်ခု ၊ စာတစ်ကြောင်း ၊ ကဗျာတစ်ပုဒ်ကို ကွပ်ထားတဲ့ အကွပ်တစ်ခုပါ ။ ကာရန်ပြီးတော့ အသံ ...ကဗျာဟာ အသံမာတာနဲက အသံပျော့.. အသံမာတာဆိုတာက ( ဇာတိမာန်ကဗျာတွေပေါ့ ) ကဗျာတွေ ဖတ်တာနဲ့ စိတ်က အလိုလို နိုးကြားလာတ်...) ဆိုပါတော့ နိုင်ငံတော် သီချင်းဟာ အရင်က ဆရာတင်ရေးတာပါ...ဒါ ဒို့ပြည် ဒါဒို့မြေ ဒါ ငါတို့ပြည်...( အဲလိုမျိုး သံပြင်းတွေထပ်ခါတလဲလဲ သုံးသွားတော့ လိုက်ဆို/ လိုက်ဖတ်တဲ့လူရဲ့ ရင်ထဲ စိတ်က အလိုလို နိုးကြားလာတယ် ) သံ ပျော့ဆိုတာက အသံ ချို ... အသံ သာတာပါ..အလွမ်းကဗျာအများစု .. အသံသာကြပါတယ် .. ကျွန်တော် ကာရန်ကဗျာရေးရင် အသံထွက်ရေးတာဗျ. အသံသာဘို့အဓိက လို့ ခံယူပါတယ်. " ♥တွယ်မိတာ
နွယ် သိပါစေကွယ်
သမုဒယအမြစ်နွယ်
ရစ်ပတ်နှောင်တွယ်
နှလုံးထဲဝယ်
ထုံးမှတ်ထားတယ်
အချစ်နွယ်....။ " လူစိုး - တွယ်မိတဲ့ နွယ်မှ ကောက်နှုတ်ချက် ) အဲဒီမှာ ကျွန်တော် အသံသာဘို့ကို ကွယ်...နွယ်.. တွယ်...၀ယ်...တယ်... နွယ်နဲ့ ပြန်ဆုံးထားပါတယ်... အဲဒီကဗျာလေးကို အသံထွက်ပီး ဖတ်လိုက်တဲ့အခါ..စာဖတ်သူဟာ အသံပျော့ပျော့လေးနဲ့ ဖတ်ရပါတယ်.. အဲလို အသံပျော့ပျော့နဲ့ ဖတ်နိုင်ဘို့ကို ကာရန်ယူရပါတယ်..ကျွန်တော်က အဲလို ကာရန်ယူထားတာပါ ) ကာရန်နဲ့ပါတ်သတ်ပီးတော့ အနှစ်ချုပ်ပြောရရင် ကာရန်ဟာ ကွင်းချိတ်လေးတစ်ခုပါပဲ တစ်ခုနဲ့တစ်ခု ချိတ်ဆက်အသုံးပြုရခြင်းကို ကာရန်လို့ ကျွန်တော် ဖွင့်ဆိုချင်ပါတယ်..သံပြင်း သံပျော့ လိုရာသုံးပေါ့ ..မြန်မာကဗျာနဲ့ ပါတ်သတ်ပီး လေ့လာချင်ရင် ဆရာဟယ်ရီလွင်ရဲ့ Wep Page ရှိပါတယ် ..သွားရောက်လေ့လာစေလိုပါတယ်.. ကဗျာရေးနည်းအစုံရှိပါတယ်.. ပထမစပီးရေးလိုသူအနေနဲ့ကတော့ လေးလုံးစပ်လောက်ပဲ ရေးကြည့်ချင်စေချင်ပါတယ်.. အောက်ကဟာက လင့်ခ်ပါ https://harrylwin.blogspot.com

Rose White
ကျေးဇူးနော် သူငယ်ချင်း Soe Min Tun လဲ့မွန်ကို နားလည်အောင် သေချာ အချိန်ပေးရှင်းပြပေးလို့လေ နောက်ပြီး လဲ့မွန်ရေးတာတွေကိုလည်း ဖေန်ပေးပါနော် ဒီဂရု ထဲကို ၀င်ခွင့်ရတဲ့ အတွက် တကယ်ကို ပျော်ရွှင်ပြီး လဲ့မွန်မသိတာတွေ အများကြီးကို သိခွင့်ရတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်နော်

Lay Da Khon
အင်း........လေ့လာချင်ရင်တော့ စိုမင်းထွန်းတို့သင်ပေးပါလိမ့်မယ်..ဝေဖန်ပေးပါလိမ့်မယ် ဂရုထဲရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် .. ကျွန်တော်တို့ သူငယ်ချင်းတွေရေးထားတဲ့ကဗျာတွေကိုလည်း လွပ်လပ်စွာဝေဖန်နိုင်ပါတယ်

Soe Min Tun
ကာရန်အကြောင်း ရှင်းပြပြီးပြီ ဆိုတော့ ကာရန် မဲ့ ပေါ့ ...ကာရန်မဲ့အကြောင်း စပြောရရင် ဆရာ တာရာမင်းဝေကို ချန်ထားလို့မရဘူးဗျ.. ကာရန်မဲ့ကဗျာဆရာအများစုဟာ တာရာမင်းဝေ ကဗျာ မဖတ်ဘူးတဲ့လူမရှိဘူး .။ ကာရန်မဲ့ ဒီခေတ် မော်လ်ဒန်ကဗျာပေါ့ .. မော်လ်ဒန်ကဗျာအများစုဟာ ကာရန်တွဲမသုံးကြပါဘူး.. ဒါပေမယ့် ကဗျာရေးတော့မယ်ဆိုရင် မော်လ်ဒန်ကဗျာဆရာဟာ ...အရေးကြီးဆုံးတစ်ခုက စကားလုံးကြွယ်ရမယ်ဗျာ.. စကားလုံးမကြွယ်ရင် ကဗျာဆရာမလုပ်နဲ့တော့ ( ကျွန်တော်လည်း ကဗျာဆရာမဟုတ်ဘူးနော် ၀ါသနာရှင် ) သူက ဘယ်လိုလည်းဆိုတော့ ကိုယ်ပြောချင်တဲ့အကြောင်း အရာ တစ်ခု Target တစ်ခု ကို ဒဲ့ မပြောဘူးဗျ .. ကွေ့ဝိုက်ပီး ပြောတာ. ၀င်္ကတိလင်္ကတွေ များများသိရတယ်..များများသုံးရတယ်.. အလွန်အကြူးဖွဲ့ဆိုတဲ့ အတိသရ၀တ္တိ အလင်္ကတွေ သုံးရတယ် ( ၁၀ တန်းမှာ သင်ခဲ့ဘူးမှာပါ ) အဲလို ကွေဝိုက်ပီး ဆိုလိုတဲ့ အနက် / အဓိပ္ပါယ်ကိုရောက်အောင် ရေးပြနိုင်တာ ကာရန်မဲ့ကဗျာပါ။ အဲဒီတော့ စာဖတ်သူဟာ လည်း ဝေါဟာရ ကြွယ်ရမယ်.. မကြွယ်တဲ့အခါ ကဗျာဆရာ ပေးချင်တဲ့ အနက်အဓိပ္ပါယ်နဲ့ စာဖတ်သူ ရယူသွားတဲ့ အသိ.. ကွဲလွဲမှုတွေ ရှိလာပါတယ်.. ဆိုပါတော့ ကျွန်တော်တို့ ပင်လယ်ပြာထဲမှာပဲ ရှိပါတယ် ကဗျာဆရာ အေမီဂိုး..... သူ စာတစ်ကြောင်း ကျွန်တော် ရွတ်ပြပါ့မယ်... " ဆံမြိတ်ဖြေတဲ့ လ " တဲ့ ကဲ ဘယ်လိုမြင်လည်း တော်ရုံဆို စဉ်းစားမိမှာမဟုတ်ဘူးနော် .. ပြန်တွေးကြည့်... လ လဆိုတာ ညဆိုရင် လင်းတက်တာ သဘာဝပဲနော်...လက ဆံမြိတ်ဖြေတယ်တဲ့ ..ဒါက အတ္တိသရ . အလွန်အကျူး .. လမှာ ဆံပင်မှ မရှိတာနော့ .. ကဗျာဆရာက အလွန်အကျူးဖွဲ့ဆိုလိုက်တာ ဆံမြိတ်ဖြေတဲ့ လဆိုပြီးတော့ .. အမှန်က ကဗျာဆရာက ကွေ့ဝိုက်ပီးပြောတာဗျ..ဟော ၀င်္က၀ုတ္တအင်္လကာမြောက်သွားပြန်ရော.. သူပြောချင်တာက ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက် သူ့ဆံထုံးကို ထုံးထားစဉ်တုန်းက သူ့ခေါင်းဟာ ရှင်းနေတယ် သူ့ဆံထုံးဖြေတဲ့အခါ သူ့ခေါင်းမှာ ဆံပင်တွေနဲ့ သူ့နောက်ကျော(၀ါ) မျက်နှာ ( ဆံပင်ကို အရှေ့ချချင် ချမှာနှော့ ) ကိုမမြင်နိုင်တော့ဘူး .. အဲလိုပဲ သူက လကို ဆံပင် တပ်ပေးလိုက်တာ.. ( အမှန်က လမိုက်ညပေါ့ ) { " လမှောင်မှောင် ညအရောင် ဆောင်အလင်းမဲ့ ထွန်းကွဲ့ ဖရောင်းတိုင် " လူစိုး - ဟီးဟီး ညညဆို မီးပျက်လို့ } အနှစ်ချုပ်ဆိုရရင် အဲလိုမျိုး ကွေ့ဝိုက်ပီး သုံးရတာကို ကာရန်မဲ့ (၀ါ) မော်လ်ဒန်ကဗျာလို့ ခေါ်ပါတယ်.. အဲဒီအတွက် ကဗျာရေးသူရဲ့အဓိက အချက်ဟာ ဝေါဟာရ (၀ါ) စကားလုံးကြွယ်ရပါမယ်.. ကာရန်မဲ့ကဗျာ လေ့လာလိုက်စာသူများအနေဖြင့် ဆရာတာရာမင်းဝေ ကဗျာများကိုသာ များများဖတ်၍ စု / တု / ပြု ဆောင်ပုဒ် အား လိုက်နာကျင့်သုံးကြပါလို့ အကြံပေးရင် ကျွန်တော့်ကဗျာ ရှင်းလင်းချက် ဒီမှာပဲ ရပ်မယ်နော် ( ကျေးဇူးတင်ပါတယ်.. ပုံ ..ဘာမှ မဟုတ်တဲ့ လူစိုး )

ကျွန်တော်ရေးတဲ့ ကွန့်မန့်/ ပို့စ် ကို အချိန်ပေးပြီး ဖတ်ရှုတဲ့သူငယ်ချင်းများအားလုံး ၊ အားနာပါးနာနဲ့ like လုပ်သွားတဲ့လူများအားလုံး
 ( Lay Da Khon ကြီးမပါ - အမှန်က သူ့ဒဲ့ပြောချင်တာ ) အားလုံး ကျေးဇူးတင်ပါတယ်.. ကျွန်တော့်ကွန့်မန့် ကျွန်တော်ရေးတဲ့စာကြောင့် အသိဥာဏ်တစ်ခု တိုးသွားရင်ပဲဖြစ်ဖြစ် ကျွန်တော်လက်ညောင်းခံရကျိုးနပ်ပါတယ် .. ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ နှုတ်ခွန်းဆက်သရင်း အားလုံး မင်္ဂလာရှိတဲ့ မနက်ခင်းလေး ဖြစ်ပါစေ



ဖြည့်စွက်ချက်

Aung Sithar ကိုစိုးမင်းထွန်းပြောတဲ့ကာရန်မဲ့ဆိုတာမှာနည်းနည်းလေးလိုသလိုလွဲသလိုများဖြစ်နေလားလို့။ ဟီးဟီးနည်းနည်းအာချောင်တော့မယ်နော်ခွင့်လွှတ်ပေးကြပါ။

၁။ ကာရန်မဲ့ကဗျာကိုရှင်းလင်းရာမှာကွေ့ဝိုက်၍ဖွဲ့သောသဘောနဲ့ဦးစားပေးရှင်းလင်းခြင်း။
(အာချောင်ချက် - ကာရန်မဲ့သည်ဖြစ်စေကာရန်ရှိသည်ဖြစ်စေကဗျာ၏ယျေဘူယျသဘောသည်ကွေ့ဝိုက်တတ်သောသဘောနှင့်အလွန်အကျုးဖွဲ့ဆိုသောသဘောပါဝင်ပါ၏။)

၂။ စကားလုံးကြွယ်ဝမှုလိုပပ်ခြင်း
(အာချောင်ချက် - ကာရန်ရှိကဗျာသည်ပို၍စကားလုံးကြွယ်ဝရန်လိုပေ၏။အဘယ့်ဆိုသော်ကာရန်လည်းအကိုက်အဓိပ္ပာယ်လည်းပေါက်ရန်လိုသောကြောင့်)

ယျေဘူယျသုံးသပ်ချက် - ကိုစိုးမင်းထွန်း၏ရှင်းလင်းချက်တို့သည်ကာရန်မဲ့နှင့်ရှိခွဲခြားပြခြင်းထက်ကဗျာ၏ဝေါဟာရပိုင်းနှင့်ကွေ့ဝိုင်ခြင်းသဘောအားပြန်လည်အသုံးချ apply လုပ်ပြခြင်းဖြစ်နေ။

မိမိထင်မြင်ချက် - ကာရန်မဲ့ကဗျာတို့သည်

ကာရန်ကိုတော်လှန်၍ဖြစ်ပေါ်လာရသည်။အဘယ့်ကြောင့်ကာရန်ကိုတော်လှန်ရဆိုသော်ခံစားချက်ကိုကာရန်နှင့်ဘောင်ခတ်သလောဆိုသောဆန့်ကျင်စိတ်ကဗျာဆိုသောကျယ်ပြန့်သည့်အနုပညာသဘောကိုဘောင်ခတ်ချင်ကြသလောဟူသောတော်လှန်ခြင်သောစိတ်ကြောင့်ဖြစ်၏။

ကိုစိုးမင်းထွန်း၏စကားလုံးကြွယ်ဝမှုနှင့်ယှဉ်သော်
ကာရန်မဲ့ကဗျာတို့သည်
အစွန်းရောက်စိတ္တဇစကားလုံးများကိုသုံးတတ်၏

ကာရန်ရှိကဗျာစကားလုံးတို့သည်
ပါဠိဆန်ဆန်အနုအရွကာရန်လှအောင်သုံးတတ်၏။

အဓိကကွာခြားချက်မှာဖတ်၍ကောင်းတာခြင်းတူတူကာရန်ရှိကအသံတူအသံဆင်၍ကာရန်မဲ့ကအသံမဆင်ပဲစိတ္တဇမော်ဒန်ဆန်ဆန်ရေးဖွဲ့ကြ၏။

မိမိအမြင်သာဖြစ်ပါ၏။ရင်းနှီး၍ကိုစိုးမင်းထွန်းအားမာမည်တပ်၍တိုက်ရိုက်ပြောပါ၏။

ပြောချင်သောအချက်မှာသတ်မှတ်ထားသောဘောင်ဝင်အောင်ဖွဲ့ခြင်းသည်အနုပညာ၏လက်လှမ်းကိုအကန့်အသတ်ဖြစ်စေ၏။ကာရန်မဲ့ကာရန်ရှိတို့ဖန်တီးမှုတို့၏နောက်ဆက်တွဲအဓိပ္ပာယ်သတ်မှတ်ချက်များဖြစ်သည်ကုန်မမေ့ကြကုန်။မိမိ၏အနုပညာမြောက်သောဖန်တီးမှုတိုင်းအတွက်အဓိပ္ပာယ်သည်အစဉ်ရှိ၏။အနုပညာတွင်ဖန်တီးမှုသည်အရင်သတ်မှတ်ချက်သည်နောက်ဖြစ်၏။သတ်မှတ်ချက်အောက်ဖန်တီးမှုပျောက်လျင်တုသောစစ်သောအနုပညာငြင်းခုန်ခြင်းတစ်ရပ်ပေါ်ထွက်လာအံ့။

(ကဲအာတော့ချော်ပြီးပြီ။ ဝိုင်းဆဲကြကုန်။)

အောင်စည်သာ

( ၀င်ရောက် ရှင်းပြပေးတဲ့ ကိုစည်သာကို ကျေးဇူးတင်ပါတယ် )

ပန်းကလေး သို..

Saturday, February 16, 2013

0 comments
 ဖေဖေါ်ဝါရီမွေး
ထိုပန်းကလေး
ရေလိုအေးချမ်း လန်းပါစေ။

လှပတင့်ဆန်း
ဖူးပွင့်လန်းလို့
အလှနဲ့မြန်း
ဘ၀လမ်း ဖြောင့်ဖြူးသာယာပါစေသော်. . . ။ 


@ လူစိုး

♥ • • • ဆွေး • • • ♥

0 comments


မမြင်တာ ရက်ကြာညောင်းပေမဲ့
အစဉ်သာ တသက်တာ မဟောင်းလေတဲ့သူ
ရင်ဗလာ မသက်သာကြောင်းကိုပ
ရက်ကြာကြာ ဆွေးနေခဲ့ရတယ်
တွေးလို့မပျော်ဘူး...။

ဆွေးသခင် ဝေးရင် သိပါစ
အတွေးတွင် ငြိကာမှ
သံယောဇဉ် ပျက်ကာသုန်းတော့
အပြေးပင် ထွက်ခွါပုန်း
မုန်းတော့မှာပေါ့..သည်းဦးရှင်။

မပစ်ခွာရက်ပေမဲ့
ချစ်ပါလျှက်နဲ့ခွဲရပြီခင်...
မေတ္တာတစ်သက်နှင်းဆက်မဲ့ပွဲရယ်မမြင်
တကယ်အစဉ်ပြောရရင်ဖြင့်
ဘယ်ဘ၀င်ချမ်းမြေ့နိုင်ပ
လမ်းတွေ့ရင်ပြုံးကာကြည့်နိုင်ဖို့
သရုပ်ဆောင်တတ်ချင်..။

လမ်းခွဲဘို့အကြောင်းဖန်
ပေါင်းရန်ကံနဲ့ဝေး ဆွေးရပြီခင်..

လွမ်းမျက်ရည် ကြွေဆင်း
ဟန်ဆောင်ကာ ဘယ်လိုတင်းပေမယ့်
ထိုခြေရင်းမှာသာ ငိုပွဲဆင်

အပြစ်ကယ်ဟုလည်း မဆိုသာ
ချစ်ရက်နဲ့ခွဲခွာ ရင်ဒဏ်ရာ ဗလပွ
စင်ပြန်လာ ဝေဒနာဆိုးကိုပ
(အော်)....ကုထုံးရယ် မမြင်..။ ။

*ဆိုခဲစေ မြဲစေ၊ လူစိုး ( Soe Min Tun)

ရင်ကွဲရာသီ

0 comments
တနွယ်ငင်လို့ တစင်ပါ
အကြင်နာ ရင်မှာ မမင်တာလား

အတူသိပ်ချစ်ခဲ့စဉ်က
သူစိတ်ညစ်ရင် အားပေး
အနားလေးမှာ မခွဲခွာ
အမြဲသာ အစဉ်ရှိ
သင်ကြည့်တက်ရင်တော့ မြင်မယ်ထင်မိတာပေါ့..။

ဟိုအရင်ချစ်ခဲ့စဉ်က
သူငိုရင် ကမ္ဘာပျက်သုန်း
အမှောင်ဖုံးပေမယ့် အလင်းဆောင်
ငို ရီ ပြုံး ပျက်လုံးအစုံသုံးလို့
သူပြုံးမှ ပျော်တက်သူက
ဘ၀ကို ပြင်လို့ အလှကိုဆင်
မေတ္တာချင်းယှဉ်ရင် နိုင်မယ်မထင်..။

မေတ္တာတွေ တိုးလာတော့
သစ္စာတွေ ရင်ဝယ်ပျိုးပါရော့
သံယောဇဉ်လွန်း တင်တဲ့ကြိုးက
တင်းလွန်းလို့ ပြတ်တာလားကွယ်

မနေတတ်ပေမယ့် ကျေနပ်ပါရဲ့
ဗွေရတတ်ဖြာ အပူမီးတော့
လွင်တီးခေါင် လေပူရိုင်းလို
ရင်ငွေ့ကို တစ်ခါတိုးတိုင်း
ဆိုးလို့ လှိုက်လောင် ..။ ။

@လူစိုး

ဒို့ဗိုလ်ချုပ်

0 comments

အတိတ်ဂုဏ်ရောင် ထွန်းပြောင်ဝါ
အမှောင်ကို ခွင်း ဆောင်အလင်း
ယူဆောင်ကျဉ်းကာ ပေးခဲ့ခြင်း။

ခရစ်သက္ကရာဇ် မွေးနေ့နှစ်
တစ်ကိုးတစ်ငါး ဗိုလ်ချုပ်ဖွား
ရှေ့နေ ဦးဖာသား ဇာတိချက်ကြွေ
နတ်မောက်မြေ သူရဲကောင်းတွေ ပေါ်ထွန်းပေ ။

ငါတို့ အောင်ဆန်းရယ်
ငါးနှစ်အရွယ် သူရောက်လာ
ပေါ်ပေါက်လာ သပိတ်ကြီးကြောင့်
ဝံသာနုစိတ် ရော်ကာရောက်
အဘိုးအမွေ ဆက်ခံစေ သူ့ကျွန်မခံပေ။

ကျောင်းတော်တက္ကသိုလ် ရောက်တဲ့ချိန်
ဂုဏ်ချင်းမပြိုင် မ၀ံ့မကြွား
စာအုပ်ထက်ဝယ်စိတ်နှစ်ထား
တကုပ်ကုပ်ဖတ် အလေးနက်တွေး
တိုင်းပြည်အရေးအတွက် အချိန်ကိုပေး
စဉ်းစားတွေးရင်း အချိန်တွေဆွေး။

ဥပစာတန်း အောင်သောခါ
ဝိဇ္ဇာတန်းသို့ သူပြောင်းလာ
အမူ့ဆောင်မှာ သမ္မဂ
ဝန်ထမ်းဆောင်လို့ သူ့ဂုဏ်ရောင်ပြ
အိုးဝေ အိုးဝေ ကြွေးကြော်သံ
ဒေါင်းအိုးဝေသံ တွင်တွင်ညံ
ကလောင်နဲ့တိုက် သူ့စရိုက်
ခွေး သရမ်းကြီး လွတ်နေခိုက်။

တစ် ကိုး သုံးဆယ် သက္ကရာဇ်ဝယ်
ကျွန်ဖြစ်နေခိုက် သခင်ဖြစ်မယ်
ဒို့ဗမာ ကမ္ဘာကသိအောင်
အမည်နာမ ရှေ့တွင်ဆောင်
သခင်တပ်ကာ ခေါ်စေငြား
သခင်အောင်ဆန်း မည်တွင်သွား
“ရရင်ရ မရရင်ချ”
ဗိုလ်အောင်ဆန်းဝါဒီသ ။

ကိုယ်ကျိုးမဖက် အသက်ကိုလှူ
ဂျပန် မိတ်ဖက်ယူ
တိုင်းပြည်အရေး ဂျပန်ပြေးသွား
ဟိုင်နန်းကျွန်းဖျား လူအများ
စစ်ဘက်အမွေ သင်ယူလေ
ရဲဘော်သုံးကျိပ် ခေါ်တွင်စေ။

ပေါင်းကာစုလို့ဖွဲ့ပြီးသော်
နာမည်ခေါ် ဗိုလ်တေဇ
စစ်ရေးလည်းပြ ပြည်လည်းလှ
သမိုင်းကိုဖွင့် ဗမာ စစ်
တစ်ကိုးလေးနှစ် သက္ကရာဇ်
စုန်သည့်လေလို မာန်ဟုန်ပြင်း
စစ်ဦးခင်းကာ သွေးနဲ့ရင်း
ရန်ကုန်သိမ်းလို့ အောင်ပွဲခံ
ဗမာသွေးနဲ့ ရဲသွေးမာန်။

တစ်ကိုးလေးငါး နွေဦးဖျား
ဂျပန်များကို တွန်းလှန်အား
မြန်သိမ်းပိုက်လို့ အရိုက်အရာ
လွတ်လပ်ရေး ပေးအပ်မှာ
တွေးလို့သော် စိတ်တွေလေး
တုယောင်ပေးတဲ့ လွတ်လပ်ရေး

တစ်ကိုးလေးခွန် နွေလေသွန်
ဖေဖေါ်ဝါရီအလွန် ပြည်နယ်နွံ
ရုံးထွက်ဘို့ငှာ သူကြိုးစား
သွေးချင်းတို့ရဲ့အား
တိုင်းပြည်အတွက် ချည်ထုံးဆက်
အက်တလီ စာချုပ်ထက်
လက်မှတ်ရေးသား သွေးချင်းများ
ချုပ်ဆို ကတိ ပြုခဲ့သွား။

ဆယ့်သုံးဇူလိုင် မြို့မှာယိုင်
ပြည်တိုးတက်ဘို့ စည်းဝေးထိုင်
ခေါ်ယူမှာတမ်း သူမြွတ်ကြား
သြ၀ါဒတွေများ
မှာကြားချွေ၍ တိုးတက်စေ
တိုင်းပြည်မြတ်မှာလေ။

ဦးဆောင်ရှေ့သွား ဗိုလ်ချုပ်အား
လုပ်ကြံရစ်လေအား
ဇူလိုင် ဆယ့်ကိုး ဒီရင်ကျိုး
သွန်းဖြိုးမျက်ရည်မိုး
ခွဲခွာတော့လေ ဗိုလ်ချုပ်ရေ
မျက်ရည်မိုးတွေ ရွာသွန်းဆွေ
တစ်တိုင်းပြည်လုံး မစဲပေ

၁၉ ဇူလိုင် မမေ့နိုင်
သတိရဆဲ ယနေ့တိုင်
စိတ်မှာအမှန် လွမ်းနေဆဲ
ဗိုလ်ချုပ်မွေးရက်ထဲ ။

@ လူစိုး

''မြူနှင်းဆွေချိန်''

Tuesday, January 29, 2013

0 comments


♦နှင်းရည်စို ငွေမှုန်လဲ့ခင်း
နှင်းခင်းတဲ့ ငွေလိုက်ကာ
ဟေမန်ပျို ချည်လွှာရင်းမှာ
တိမ်သွားတွေ ညိုတိုတိုနဲ
မြက်ခြေကို ပိုးအိမ်ရက်ကြတယ်
ဆောင်းမနက်ခင်း...............။

♦သင်းရီလို လေဟုန်ဆင်းမှာ
သွေဝိုက်ကာ နင်းစမ်းကွဲ့
ခြေဆင်းကာ စိုစေလေ
ဟိုအစ်ကို တွေဝေငေးအောင်
ညအမှောင် လရောင်နဲ့ထင်း
အလှ ယမင်း .....................။


♦ဆောင်းလသီ ချမ်းတုန်ခိုက်မို့ 
ကွေးမပျက် ထွေးလိုက်ချင်
လေညှင်းငယ် ရင်အဝှေ့ မှာ
ဆွေ့ ခုန်ရင်း လူမှာတုန်လို့ 
နှင်းမှုန်ပေါ် မီးပုံတမိတယ်
ညှင်းလေရယ် သွန်းလေဝှေ့တော့
အေးခိုက်လို့ ချမ်း..............။

♦ပြာရီမှိုင်းသို့ လှမ်းရှိုက်ခုန်
မေးရိုက်ရင် အေးသမှတ်မို့
အနွေးဓါတ်က သွေညှင်းဖယ်
စိတ်အစုံမယ် တမ်းတမျှော်
အသိမယ် ရင်နွေးစေပေမယ့်
လေအတွေ့မှာ ရေငွေ့တွေက
ထွေးပိုက်လို့ လွမ်း.............။

♦ဆောင်းနတ်ပျို နှင်းကြိုးကျစ်
လင်းပျိုးသစ် နေ၀ါနှင်းခွဲပန်း
ခါတော်မှီ ပွင့်နိုင်ခဲလေအောင်
တိမ်ရစ်သွယ် ဆင့်သိုင်းခြုံလို့ 
ရှစ်တိုင်းစုံ မြောက်ပြန်လေသွေးက
နှင်းခြုံတောင် မလုံဘူးရယ်
အားကုန်အောင် ကမ်းကုန်လှစ်တော့
ချမ်းလှတယ်လေး.. ။

♦မင်း တိုးရစ် အေးဓါတ်တွေ
လန်းရင်းသာ ဆောင်ယူကျဉ်းလို့
မှောင်စေသရောင် ယိုင်အလင်းနဲ့
နှစ်တိုင်းငုံ မြူမှုန်ညှင်း
အအေးနဲ့အတူ ရင်ကိုခွင်းတော့
ကုံလုံတဲ့ ဆောင်းလေညှင်းမှာ
လက်အစုံ တုန်အောင်ကွေးလို့
ဆောင်းလရယ် အေး..။

နှင်းရည်စို ငွေမှုန်လဲ့ခင်း....♦ သင်းရီလို လေဟုန်ဆင်းမှာ
နှင်းခင်းတဲ့ ငွေလိုက်ကာ......♦ သွေဝိုက်ကာ နင်းစမ်းကွဲ့
ဟေမန်ပျို ချည်လွှာရင်းမှာ.....♦ ခြေဆင်းကာ စိုစေလေ
တိမ်သွားတွေ ညိုတိုတိုနဲ့ .......♦ ဟိုအစ်ကို တွေဝေငေးအောင်
မြက်ခြေကို ပိုးအိမ်ရက်ကြတယ်♦ ညအမှောင် လရောင်နဲ့ထင်း
ဆောင်းမနက်ခင်း................♦ အလှ ယမင်း .....................။


ဆောင်းလရာသီ ချမ်းတုန်ခိုက်မို့.♦ ပြာရီမှိုင်းသို့ လှမ်းရှိုက်ခုန်
ကွေးမပျက် ထွေးလိုက်ချင်.......♦ မေးရိုက်ရင် အေးသမှတ်မို့
လေညှင်းငယ် ရင်အဝှေ့ မှာ.....♦ အနွေးဓါတ်က သွေညှင်းဖယ်
ဆွေ့ ခုန်ရင်း လူမှာတုန်လို့ .......♦ စိတ်အစုံမယ် တမ်းတမျှော်
နှင်းမှုန်ပေါ် မီးပုံတမိတယ်.........♦ အသိမယ် ရင်နွေးစေပေမယ့်
ညှင်းလေရယ် သွန်းလေဝှေ့တော့♦ လေအတွေ့မှာ ရေငွေ့တွေက
အေးခိုက်လို့ ချမ်း...................♦ ထွေးပိုက်လို့ လွမ်း.....။

ဆောင်းနတ်ပျို နှင်းကြိုးကျစ်.......♦ မင်း တိုးရစ် အေးဓါတ်တွေ
လင်းပျိုးသစ် ပန်းနှင်းဝါ ...........♦ လန်းရင်းသာ ဆောင်ယူကျဉ်းလို့
ခါတော်မှီ ပွင့်နိုင်ခဲလေအောင်......♦ မှောင်စေသရောင် ယိုင်အလင်းနဲ့
တိမ်ရစ်သွယ် ဆင့်သိုင်းခြုံလို့ .......♦ နှစ်တိုင်းငုံ မြူမှုန်ညှင်း
ရှစ်တိုင်းစုံ မြောက်ပြန်လေသွေးက့...♦ အအေးနဲ့အတူ ရင်ကိုခွင်းတော့
နှင်းခြုံတောင် မလုံဘူးရယ်............♦ ကုံလုံတဲ့ ဆောင်းလေညှင်းမှာ
အားကုန်အောင် ကမ်းကုန်လှစ်တော့♦ လက်အစုံ တုန်အောင်ကွေးလို့
ချမ်းလှတယ်လေး.. ....................♦ ဆောင်းလရယ် အေး..။

(မိုးပြေး & လူစိုး)

(ရသနှစ်မျိုးပေါ်အောင် ကြိုးစားပြီး ရေးဖွဲ့ထားတာလေးပါ )

♥အလွမ်းရဲ့ အပိုင်းအစများ♥

Saturday, January 26, 2013

0 comments





1.
သတိရခြင်းရဲ့ အစွန်းတစ်ဖက်
မွန်းကျပ်မှု့ ၀ိုင်တစ်ခွက်အတွက်
အလွမ်းတွေ အချိုးကျကျပေါင်းစပ်
အချစ်ဆိုတဲ့ ယမကာထဲ
တစ်ဘ၀လုံးယုံရင်းပုံ
ကျွန်တော်ခုန်ဆင်းလိုက်တယ်..။

2.
ယစ်မူးတာလား
မူးယစ်တာလား မေးခွန်းတွေကြား
အထားအသိုမတက်တဲ့ အချစ်တစ်ခု
ရင်ကို စူးလေတိုင်း အသဲမှာအမြဲ
အသစ်တူးနေတော့ ရူးစေပေါ့..။

3.
တစ်ချို့က သေချာတွေးလို့ အဖြေရှာပေးတယ်
မရေရာမှုတွေ ဆုပ်ကိုင်ထားတဲ့ ကို့ဝေဒနာ
ကိုယ်သာ သိလို့ သူစေရာ နေခဲ့ပေမယ့်
ေ၀၀ဲ့ကျလာတဲ့ မျက်ရည်များအတွက်
တားဘို့ဆည် မဆောက်ခဲ့ဘူးလေ..။

4.
အလွမ်းစကား နေ့စဉ်ကြားတော့
နားခါးလေရော့သလား ချစ်သူ
ဝန်ခံချင်တယ် . . .
နှုတ်ဖျားက ပွင့်အံတဲ့ ချစ်ခြင်းတိုင်း သတိရခြင်းတွေ
ကပ်တွယ်မပါဘူးဆိုရင် ငါ့အချစ်နဲ့ ငါ အဆုံးစီရင်ပေးမယ်.။

5.
အသည်းကို ရင်းလို့
ယမင်းအတွက် ကကြိုးခင်းလို့
ငါ့ဘ၀အဆင်းမှာတောင် မင်းအတွက် ငါက ပျော်တော်စက်
မျှော်လျှက်လွမ်းအောင် ပြုစား
ဘ၀က မှားတာလား ငါက မှားတာလား
ငါက ဘ၀ကို မှားတာလား ? ? ?

@လူစိုး

•ဥပေက္ခာ•

0 comments
•ဥပေက္ခာ•

ဟိုအရင်သူမ
အွန်လိုင်းလာတာနဲ့
ကျွန်တော့်ရဲ့ ဝေါကို
မပြောမဆိုနဲ့ မွှေတယ်. ။

အခု သူမ
မသိခဲ့သလို မျက်နှာလေးနဲ့
စကားလုံးတွေ နှေးပါဘိ
ပြေးကာကြည့် အဝေးတစ်ကမ္ဘာ
ဆွေးစရာ အတိ ဖြစ်ပေမယ့်
မသိမသာပဲ နှုတ်ဆိတ်စေလှဲ့တော့
ကျွန်တော့် ကဗျာတွေ အသက်မဲ့သွားပြီ ။

@လူစိုး

မျိုသိပ်ခြင်း

0 comments

♥.........မျိုသိပ်ခြင်း............♥
••••••••••••••••••••••••••

♦ဆို့နင့်တဲ့အနမ်း မဆန်းပြားပေမယ့်
ဒီရင်မှာ ခမ်းနားသွားခဲ့တာ အဲဒီ တစ်ခဏ

တစ်ဘ၀လုံးရင်းထားတာမို့
တို့ထားခဲ့တဲ့အချစ်တစ်ခု
ပစ်လို့ပဲနေနေ ရင့်လို့ပဲကြွေကြွေ
ထားစေတဲ့ ရင်တစ်ခြမ်းမှာ
အလွမ်းတွေ စုထား
မနက်ဖြန်များစွာထဲ အလွမ်းတွေမျောလိုက်တယ် ....♥ ♥ ♥

♦မျှော်လင့်ချက်ဆိုတာ
ပင်လယ်ထဲပြစ်ချလို့က်တာနဲ့
လျော့နည်းသွားတဲ့ သက်ပြင်းရှည်တွေလား

ဆောက်တည်ရမဲ့မဲ့သွားတဲ့ အနာဂါတ်က
အလွမ်းတွေကို ပျိုးနေမိတာတော့
မင်းကို တရားခံလို့ မယူဆချင်ဘူး......♥ ♥ ♥


♦ အလွမ်းကို ပျိုးဘို့ အချစ်ကို ခိုးယူ
ဆိုးသူ ဖြစ်စေခဲ့သူက ကျွန်တော်..။

ဆိုးဆိုးလာမဲ့ ဝေဒနာတွေ
သေရာပါမဲ့အထိ တိုးတိုးမှာသာ ကြိုသိခဲ့ရင်
ထိုအချစ် စစ်ပင် ဖြစ်ပစေ ... ငါတိုက်ယူရဲတယ်

ငါဆိုတဲ့ကောင်က အလွမ်းရဲ့ စီးမြောခြင်းမှာ
အလိုက်သင့်မျောနေတဲ့ ရွက်ဗေဒါ ..♥ ♥ ♥


♦ဦးတည်ရာမဲ့ ရွေ့လျားနေရင်း
မထိတထိ နဲ့ တည့်တည့်ကြီးတိုးတိုးနေရတဲ့
လောကဒဏ် ကြမ္မာစိုးကလည်း
ငါ့ စိတ်ခန္ဓာ အကုန်လုံးကို အစီအစဉ်မကျ
ပါးပါး လှီးတယ်.....

နွေမိုးဆောင်း ဆိုတဲ့ ရာသီ ၃ မျိုးကနေခွဲထွက်
ငါက အထီးကျန်ခြင်းရာသီတစ်ခုထဲနဲ့ ရှင်သန်နေရတဲ့ကောင် ♥ ♥ ♥

♦ငါ့နှလုံးခုန်သံတွေ ဆိတ်သုန်းဘို့
ဘာမထီတဲ့အပြုံးနဲ့ တစ်ချက်ပြုံး
အလွမ်းကို မျက်ရည်နဲ့ မှုန်းချယ်
ပြုံးရည်ပြီး မှန်းလို့ ခေါ်နေသူက ကျွန်တော်

ပျော်နေသူက သူမ
ယူမရပေမယ့် အလွမ်းတွေ စေလှဲ့တော့
ပြေလှည့်ပါတော့ ဆုံးမယ် မထင်

ရင်ထဲကအော် ခေါ်ခေါ်နေပေမယ့်
ပျော်ပျော် နေခဲ့သူမို့
ရင်အော်သံကို အလွမ်းနဲ့ ဆို့လိုက်တယ်...♥ ♥ ♥

♥ဘာမှ ထူးထူးခြားခြား ကွဲလွဲတာတွေမရှိခဲ့ပါဘူး အမှန်တရား နှစ်ခု ထိပ်တိုက်တွေ့ဆုံရင်း ဖြတ်သန်းရုံလေးပါ♥

♥လမ်းတွေကိုယ်စီလျှောက်လို့ မင်းအနာဂါတ်လမ်း မဆုံးသေးခင်
တစ်ယုတယပျိုးဘို့ ဟိုအရင်လို ငါ့အတွက် အပြုံးတစ်ပွင့် ပေးလှဲ့ပါ..။ ။

လူစိုး & လေတံခွန်

မျက်ကွယ် အလွမ်း

Friday, January 25, 2013

0 comments









ကံကြမ္မာခွဲတော့ လွဲလေရော့သလား
အချစ်တွေ မွဲပေမယ့်
တွဲစေမဲ့သူရဲ့ အလွမ်းက
(အခုတော့)
သော့သော့လေးနှင် ။

ယခင်အချစ်က အပြစ်စေခဲ့သလား
မျှော်လင့်ပေမယ့် ကျွမ်းမြေ့စေပြီ
အလွမ်းငွေ့ ဝေသီ ဒီဘုံဘဝ
အတူ ဆုံလာရပေမယ့်
မီးစာကုန်ခမ်းတော့ နွမ်းပြီထင် ။

လွမ်းစေတဲ့အနမ်း နွမ်းကြေလှဲ့တော့
အပန်းပြေမဲ့ စမ်းရေငှဲ့ပေးပေါ့

မေရေ
လှမ်းစေတဲ့အနမ်းတွေ ခုံမင်
မြန်းလေခဲ့ လွမ်းသူနဲ့ ဆုံရင်
သူပြောမဲ့ အချစ်ပုံပြင်
မင်း ကြားယောင်လို့ နားထောင်လှဲ့ပါတော့...။

@ လူစိုး

နေ၀င်ချိန်

0 comments

နေ၀င်ချိန်ဟာ သာယာလှပလို့
အဲဒီ အလှထဲမှာ ငါယစ်မူးပျော်ဝင်နေပေမယ့်

နေ၀င်ပြီးနောက် ငါ့ဘ၀ အမှောင်ဖုံးမှာသာ
ငါကြိုသိခဲ့ရင် အဲဒီ သာယာခြင်းကို ငါမမက်မောဘူး ။

ရက်ရောတာလား လရောင်မှိန်ပြပြမှာ
ငြိမ်လှတဲ့ အမှောင်ထဲ အယောင်အယောင်အမှားမှား
နှုတ်ခမ်းက နင့်နာမည်အခါခါ ခလုပ်တိုက်အောင်

ထပ်ပြောပါဦး
ချစ်တယ်ဆိုတဲ့ စကား နားက အခါခါ ကြားချင်နေမိတာ
လွမ်းခြင်းနဲ့ အမှောင်က ငါ့ဘ၀ထဲ အဆောင်အယောင်လား

အချစ်တွေ တစ်စက်စက်ချလို့ အမှတ်ရအောင် နင်ပေးခဲ့တာ
ဝေးခဲ့မှာသာ ငါသိခဲ့ရင် အဲဒီအချစ်ဆိုတဲ့ အရာ ငါမသောက်သုံးဘူး

အခုတော့ ပျောက်ဆုံးတဲ့အချစ်ထဲ ငါ့အပြစ်တွေ အခါခါ ရှာမိတယ် ငါ
အညာထိခဲ့တာလား


@လူစိုး

မယုံနိုင်ဘူး

Wednesday, January 23, 2013

0 comments
အိမ်မက်များလား..မယုံနိုင်ဖူး..မောင်ရေ ရင်ခုန်သံနဲ့ ပြောတဲ့စကားလား...
ကိုယ်ကြည်နူး..ရင်တသိမ့်သိမ့်လှိုက်ဖို...

အိမ်မက်များလား..တကယ်တော့..မောင်သာကျွန်မဘ၀လေးရဲ့မီးပြတိုက်တခုပေါ့.
.သေချာတယ်..
.မောင်မရှိတော့တဲ့နေ့ရက်တို့ ရင်မဆိုင်ရဲ 

http://soundcloud.com/emogirlbay/oejpomw3t5fv 

သူ သိပါစေ

Tuesday, January 22, 2013

0 comments
စိုးမိတယ်လေ
ဒီစကားတွေ သူ ကြားမှာလား . . . ။

ဆုံးမစကားလို့ မမှတ်ယူ အသက်အတူ ချစ်ရလို့
နှလုံးသားနဲ့ နာ သေချာစွာ ကျင့်သုံး
သူ မ ပြုံးနိုင်ပါစေ. . . ။

လဲရင် ပြန်ထ ဒါဘဝ
မလှပေမယ့် ဂုဏ်တင့်တယ် မ

ဖြစ်ဆဲခဏ တစ်ဘ၀မှာ
လှပအောင်နေ စိတ်ကိုဖြေလို့
အရိပ်တွေ မကြွေစေနဲ့
ကြိတ်စက်ကတော့ ကြံရည်ရဲ့ အရသာကို မသိဘူး မ ....။

လူရယ်လို့ ဖြစ်လာရင်
ခရီးသွားရမှာ ဓမ္မတာပဲလေ

ခံနိုင်ရည်အား ၀ိတ်တွေ များလို့
လမ်းဆိုတာက အချိန်တန်ရင် ပျက်မြဲပဲ

ကောင်းတစ်ချီ ဆိုးတစ်လှည့်
ဘ၀ထဲ အမြဲသာ တိုးလို့ ၀င်
နေ့တစ်ဝက် ညတစ်လက်နဲ့
ပြက္ခဒိန်က ရက်တစ်ရက် နှစ်မကုန်ခင် ကြွေလွင့်လို့
နောက်တစ်နေ့ကို လိုက်ရှာဖို့ အချိန်ကို ရင်းနှီးရတယ် မ


သင်္ခါရမမြဲ ဘ၀ခရီးထဲ
ခလုတ်တိုက်လို့ မှောက်ရက်လဲ
ဇွဲလည်းမပျက် ရှေ့သို့ ဆက်
အားမာန်ကို တင်း
အတိတ်ကို ရင်းလို့
အနာဂတ်ကို ဆင်းလိုက်ပါ
နေမင်းရဲ့ ထွန်းလင်းမှုက လူတိုင်းအတွက်
အတိတ်ဆိုတာ ၀န်ထုတ်ဝန်ပိုးမဟုတ်ဘူး မ

@ လူစိုး

စုတ်ချက်

0 comments
ကျီစယ်လို့ပြောတဲ့ စကား
မရည်ရွယ်ပဲ ပစ်တဲ့မြှား
ရင်ကို တည့်တည့်မှန်တယ်

နားထောင်ကြည့်
ကြားယောင်တဲ့ နှလုံး ခုန်နေသံ တစ်ချက် တစ်ချက်မှာ
အလွမ်းသွေး တစ်စက်တစ်စက်ကျနေတယ်

ငါ့ဘ၀တစ်ခုလုံးနဲ့အရမ်းဆွေးစွာ ရေးတဲ့ ပန်းချီ
Professional တစ်ယောက် ရေးစပ်သလိုတော့
သပ်ရပ်လှပမနေဘူး

@လူစိုး

မျက်ကွယ်

0 comments

မခင်တွယ်
ကျဉ်ဖယ်ကာ
အမြင်ကွယ်ရာ သူရှောင်ပုန်း
မေ့မေ့မုန်းမုန်း ။

ဆွေးချက်နာ
ဝေးလျှက်သာ
အတွေးထက်မှာ လှစ်ဟာပြုံး
ချစ်ကာမဆုံး သံယောဇဉ်
လှန်လှောရင် ပြုံးမိလို့
ဘ၀ဆုံးထိ ရတက်ပွေ
အခက်တွေ ကြုံလေအုန်း
မုန်းမုန်းမေ့မေ့ ။

ချစ်မှာပဲမို့ အလွမ်းဆင်
ဟိုအရင်အတိတ်မယ် သူပစ်ခွင်းတဲ့
ယိုဖိတ်လာ ချစ်ခြင်းနဲ့
အငိုတိတ်အောင် ပေးစွမ်းလှဲ့ပါ
နွေးစမ်းဟဲ့ ဒီရင်တစ်ခြမ်းနဲ့
သခင့်အနမ်း တမ်းတမျှော်..။

မျှော်သာမျှော် ပေါ်မလာလို့
ေ၇ာ်ရွယ်ကာ မှန်း
လှမ်းပြောချင်တယ် သခင်ရယ်
မျှော်တော်ဇောနဲ့ မောရတယ်...။

 
 
 @လူစိုး

သောက

Sunday, January 20, 2013

0 comments
သူ မေ့မှာလား
နာဖျားတဲ့ သမုဒယနွယ်
အခုမှ တကယ် တိုးကာငင်
ဆိုးလာရင် ကယ်မှာလား
ဖယ်ခွာလျှင် ပူဆွေးမှာမို့
ဘယ်ကမ္ဘာများ လိုက်လို့ရှာ

ပိုက်လို့သာ အပူရှာတော့
ဒီရင်ဟာ ရောဂါပို
ခမဲလို ယုယ
ကုသကာ စေကာပေး
ရေကြည်အေးတစ်ခွက်
မနှေးကာ သောက်လိုက်ချင်ရဲ့
ရင်ဝေဒနာ ပျောက်ချင်စမ်းပါဘိ
တောင်းဆုပန်ချင်....။

သူရှိရာ ဟိုအရပ်ဆီက
ချစ်ပန်းတွေ လှိုင်လှိုင်ပွင့်
ရနံ့ကြွေ ကြိုင်ကြိုင်လွင့်
အလွမ်းဆွေ ခိုင်ခိုင်ဆင့်
အနမ်းတွေ ယိုင်ယိုင်သင့်စေတော့
သူ မေ့ပြီထင်...။

@လူစိုး

ချစ်ကိုကြီး ကိုမျိုး အတွက် မွေးနေ့ဆုတောင်း

0 comments

14 jan မမေ့နိုင်
မှိုင်တွေ စိတ်အား
သူမထားပဲ
အမြဲပြုံးလျှက်
စိတ်က မြတ်သည်
မွေးနေ့ရက်မှာ လွန်ပျော်စွာ

သတိရလို့ ဆုတောင်း
သူ့အကြောင်းတွေးတိုင်း
ပူပေါင်းလေး ပလုံစီ
ဘီယာခွက်ထဲ ခုန်ခုန် ညီလို့
စုံညီစွာ ပြုံး လို့ Cheer !
အမြည်းလေး စားကာပြုံး
အချစ်ဆုံးနဲ့
သက်ဆုံးတိုင်ပေါင်းရပါစေသော်ဝ်..။

ထာဝရလန်း အပြုံးပန်း
အမြဲပန်ဆင် ဦးထိပ်တွင်
ခင်မင်သူအား အရက်များ
တိုက်နိုင်ပါစေ
တောင်းဆုချွေသည်
မွေးနေ့ရက်တွေ များပါစေ .. ။

@လူစိုး

မျိုသိပ်ခြင်း

0 comments
♦ဆို့နင့်တဲ့အနမ်း မဆန်းပြားပေမယ့်
ဒီရင်မှာ ခမ်းနားသွားခဲ့တာ အဲဒီ တစ်ခဏ

တစ်ဘ၀လုံးရင်းထားတာမို့
တို့ထားခဲ့တဲ့အချစ်တစ်ခု
ပစ်လို့ပဲနေနေ ရင့်လို့ပဲကြွေကြွေ
ထားစေတဲ့ ရင်တစ်ခြမ်းမှာ
အလွမ်းတွေ စုထား
မနက်ဖြန်များစွာထဲ အလွမ်းတွေမျောလိုက်တယ် ....♥ ♥ ♥

♦မျှော်လင့်ချက်ဆိုတာ
ပင်လယ်ထဲပြစ်ချလို့က်တာနဲ့
လျော့နည်းသွားတဲ့ သက်ပြင်းရှည်တွေလား

ဆောက်တည်ရမဲ့မဲ့သွားတဲ့ အနာဂါတ်က
အလွမ်းတွေကို ပျိုးနေမိတာတော့
မင်းကို တရားခံလို့ မယူဆချင်ဘူး......♥ ♥ ♥


♦ အလွမ်းကို ပျိုးဘို့ အချစ်ကို ခိုးယူ
ဆိုးသူ ဖြစ်စေခဲ့သူက ကျွန်တော်..။

ဆိုးဆိုးလာမဲ့ ဝေဒနာတွေ
သေရာပါမဲ့အထိ တိုးတိုးမှာသာ ကြိုသိခဲ့ရင်
ထိုအချစ် စစ်ပင် ဖြစ်ပစေ ... ငါတိုက်ယူရဲတယ်

ငါဆိုတဲ့ကောင်က အလွမ်းရဲ့ စီးမြောခြင်းမှာ
အလိုက်သင့်မျောနေတဲ့ ရွက်ဗေဒါ ..♥ ♥ ♥


♦ဦးတည်ရာမဲ့ ရွေ့လျားနေရင်း
မထိတထိ နဲ့ တည့်တည့်ကြီးတိုးတိုးနေရတဲ့
လောကဒဏ် ကြမ္မာစိုးကလည်း
ငါ့ စိတ်ခန္ဓာ အကုန်လုံးကို အစီအစဉ်မကျ
ပါးပါး လှီးတယ်.....

နွေမိုးဆောင်း ဆိုတဲ့ ရာသီ ၃ မျိုးကနေခွဲထွက်
ငါက အထီးကျန်ခြင်းရာသီတစ်ခုထဲနဲ့ ရှင်သန်နေရတဲ့ကောင် ♥ ♥ ♥

♦ငါ့နှလုံးခုန်သံတွေ ဆိတ်သုန်းဘို့
ဘာမထီတဲ့အပြုံးနဲ့ တစ်ချက်ပြုံး
အလွမ်းကို မျက်ရည်နဲ့ မှုန်းချယ်
ပြုံးရည်ပြီး မှန်းလို့ ခေါ်နေသူက ကျွန်တော်

ပျော်နေသူက သူမ
ယူမရပေမယ့် အလွမ်းတွေ စေလှဲ့တော့
ပြေလှည့်ပါတော့ ဆုံးမယ် မထင်

ရင်ထဲကအော် ခေါ်ခေါ်နေပေမယ့်
ပျော်ပျော် နေခဲ့သူမို့
ရင်အော်သံကို အလွမ်းနဲ့ ဆို့လိုက်တယ်...♥ ♥ ♥

♥ဘာမှ ထူးထူးခြားခြား ကွဲလွဲတာတွေမရှိခဲ့ပါဘူး အမှန်တရား နှစ်ခု ထိပ်တိုက်တွေ့ဆုံရင်း ဖြတ်သန်းရုံလေးပါ♥

♥လမ်းတွေကိုယ်စီလျှောက်လို့ မင်းအနာဂါတ်လမ်း မဆုံးသေးခင်
တစ်ယုတယပျိုးဘို့ ဟိုအရင်လို ငါ့အတွက် အပြုံးတစ်ပွင့် ပေးလှဲ့ပါ..။ ။

လူစိုး & လေတံခွန်

ရင်ခုန်သံ၏ တမ်းချင်း

0 comments

♥ အဲဒီနေ့ . . .
အပြစ်လေး မသမ်းစေပဲ
အချစ်သွေး လွမ်းပါစေ. . . ။

ဆန်းလေတဲ့ အမြစ်
ဒီရင်ကို တွယ်မိလေတော့
ချစ်တယ်ဆိုတဲ့စကား သူ ကြားနိုင်မှာလား..။

♥ ဒီနေ့လေးလား…ကို
မြူတစ်မှုန်စာတောင် မသမ်းစေဘူး
အချစ်နမ်းတွေပဲ လွှမ်းစေမယ်နော်
အထုးခြားလေး ရူးသွပ်စေခဲ့တဲ့
အချစ်ရက်လေးမှာ အနှစ်တစ်ရာမက
အချစ်ကိုစာသလို့ ချစ်တယ်ဆိုတာလေးပဲ
ကြားစေမယ်နော်...။

♥ရင်ကိုချွေးသိပ် တစ်ရေးအိပ်ဘို့
နှလုံးကိုရင်း ပခုံးကို ခင်းပေးမယ်

အချစ်ဗိမ္မာန်နန်းတော်ထက်
အုပ်စိုးလို့စံပျော်
မော်ကာ ပြုံးထား
ဒို့ နှစ်ဦး ကြား
အမှားတွေများ ကင်းစေသား..။

♥အချစ်ငွေ့တွေနဲ့ထွေးသိပ်မဲ
ကို့ နှလုံးသားချစ်သံစဉ်အောက်မှာ
အပြုံးတွေယှက်ကူး ကြင်နာကြည်နူးရင်း
ဖြူစင်ခြင်းသက်သေကို ထာဝရလှစ်ခြွေပြမှာပါ….ကို

♥အလွမ်းတွေစေခဲ့မိလို့ အနမ်းတွေပို
ထို မေတ္တာဆူး ရင်လှစ်ကာ တူးလေတော့
အချစ်ဖူးတို့ ဖူးဝေရော့..။

ဦးစွာပန်ခူး မေတ္တာဖူးကို
သည်းဦးသခင် ပန်ဆင်ပါ။

ဆံထိပ်မှာထား မေတ္တာတရား
အချစ်များစွာ ရှိစေတာမို့
သံသရာများ အလွမ်းအားဖြင့်
တိုးလို့သာမျှော် ချစ်သူခေါ်
ရှိနေရာအရပ် မပျက်မကွက်
ဆက်ဆက်လာခဲ့မယ်..။

♥မေ့ရင်ခွင်ဦးမှာ သစ္စာဖူးလို့
ကို့ အချစ်ဆူးလေးပဲ
စူးနစ်နေစေမှာပါ။
အဦးအဖျား မေတ္တာကို
အချစ်ကမ္ဘာမှာ စာတင်ခဲ့တဲ့
ဗယ်လင်တိုင်းထက်ပိုစေလို့
အချစ်ညရင်ခုန်သံလေးကို
အမှတ်တရလေးအဖြစ်
ဗယ်လင်တိုင်းဒေး ညလေးမှာ
အတူနားဆင်ကြရအောင်လား………ကို

လူစိုး & လရိပ်လေး

ချစ်သူပုံပြင်

Saturday, January 19, 2013

0 comments
ယုံလား..........
အရင်တစ်ခါကြင်နာသမျှ
ဒီဘ၀ကို အစိမ်းလိုက်ရိုက်ချိုး
အဝေးတစ်နေရာ ထွက်သွားခဲ့တယ်ဆိုတာ..

ယုံလား...............
မျှော်လင့်ချက် မရေမရာ
မသေချာတဲ့ ပုံပြင်ရှည်တွေနဲ့
ချော့သိပ်နေကြမို့
ညဥ့်သန်းခေါင်ယံ ငါ့နှလုံးအိမ်မှာ
နင့် အသံတွေ ပဲ့တင်ထပ်နေတုန်းဆိုတာ

ယုံလား...............
ရာသီတွေပြောင်း
မုန်တိုင်းတွေထန်
ရေလှိုင်းတွေမြင့်
လေပြည်တွေဆင့်
မတင့်တယ်တဲ့ ငါ့အချစ်
မပြောင်းလဲဘူးဆိုတာ...

ယုံလား...............
ဘ၀မုန်တိုင်း လှိုင်းကြမ်းပါစေ
ချစ်သူအစစ် တကယ်ဖြစ်လို့
ဘာတွေဖြစ်ဖြစ်
ပေါင်းမယ်လေဆိုတာ.....
(̾●̮̮̃̾•̃̾)۶ Lu ٩(͡๏̯͡๏)۶ Soe

အသုံးချခံ လမ်းမ

0 comments
ဘ၀တဲ့ နှစ်လုံးထဲနဲ့ရှုပ်နေလိုက်ပုံများ
ခပ်ယဲ့ယဲ့ သက်ပြင်းတွေကြားမှာ ပုန်းလို့
ဝုန်းခနဲပြိုကျသံအဆုံးမှာ
လက်ခုတ်သံတွေညံလို့
အပြန်မှာတော့ . . . . . . . . . ။

အားမလျော့လေနဲ့ သူငယ်ချင်း
မင်းလျှောက်တဲ့လမ်း ဘယ်လမ်းဖြစ်ပစေ
ရဲရဲသာရင်ဆိုင်လိုက်
ကို့အရိပ်က ကိုယ့်ကို စကားပြန်ပြောနေမိတယ်
ကိုကတော့ တေမိပေါ့
နေထိခဲ့ပေမယ့် မကြွေမိခဲ့ပါဘူး . . . . . . . . . . . . . . . ။

အဓိပ္ပယ်မဲ့ ပင်လယ်ပြင်ကြီးက
ငါ့တစ်နေရာစာမှာ အိုင်အိုဒင်းတွေဖြစ်ခဲ့
အဓိပ္ပယ်ရှိ ပင်လယ်ပြင်ကြီးကတော့
ငါစိတ်ကို ချမ်းသာစေခဲ့တယ်
ရှူ့မျှော် မဆုံး. . . . . . . . . . . ။

မနေ့က...ငါအသက်ငယ်ငယ်လား
မနေ့က...ငါမရင့်ကျက်သေးတာလာ
မနေ့က..ငါဘာတွေဝမ်းနည်းနေတာလား
ဒီလိုနဲ့
ဒီနေ့ရောက်လာတဲ့ ငါ..
သေချာတာတစ်ခုကတော့
ငါ...ခပ်ပြုံးပြုံးရယ်. . . . . . . . . . . ။ ။
(̾●̮̮̃̾•̃̾)۶ Lu ٩(͡๏̯͡๏)۶ Soe ٩(̾●̮̮̃̾•̃̾)(̅_̅_̅_̅(̅_̅_̅_̅_̅_̅_̅_̅_̅̅_̅()

သို့ မိမာယာ

0 comments

ကဗျာမရေးချင်ဘူး မိမာယာ
နင့်အကြောင်းစဉ်းစားရင်းနဲ့ ငါ့ရင်ဘတ်တွေ မောနေလို့ပါ။
ရင်ဘတ်နဲ့ ရေးတဲ့ကဗျာ နင်ခံစားလို့ရပါစ
ကဗျာနဲ့ နင် ...နင်နဲ့ကဗျာ တွဲတွဲပြီးမှတ်တဲ့ ငါ့အသည်းကို ငါသနားလို့ပါမိမာယာ
ပလီပလာစကားတွေနဲ့ ငြူစူကာ ချွဲတက်ပေမယ့်
နင်င့ါကို ချစ်ခဲ့မှန်း ငါသိခဲ့ပြီးသားပါ မိမာယာ
နင့်အချစ်တွေမှာ မုသားပါစေနဲ့လို့ ဆုတောင်းခဲ့တာလည်း အခါခါ၊ ဆုတောင်းပြည့်ခဲ့တာလား ဆုတောင်းမှားခဲ့တာလားဆိုတာတော့ နင်အသိဆုံးပါ မိမာယာ
အလွမ်းတွေနဲ့အပြန်မှာ ပန်းတွေ ဘာလို့မခင်းထားတာလည်းလို့ ငါမပြစ်မတင်တော့ပါဘူး
ဇာတာကိုက ဆူးခင်းလမ်းမှာလျှောက်ရမဲ့ ဇာတာနဲ့မွေးလာမိတာကို

အချစ်တွေပေးလို့ အချစ်တွေယူခဲ့ပြီးကာမှ အပြစ်တွေနဲ့ အမုန်းတွေပါ အဆစ်ပေးလာတော့ မယူလို့မကောင်းဘူးပေါ့ မိမာယာ ငါက အားနာတက်တာကိုး။
နောင်မှ ရတဲ့ နောင်တမှာ နင့်ကို ချစ်တဲ့အချစ်တွေ မပါဘူး မိမာယာ။
ချစ်ခြင်းမှာ အပြစ်တွေ မရှိပါဘူး။ နင်ကသာ ငါ့ကမ္ဘာလို့ ထင်မှတ်မိတဲ့ ငါ့နှလုံးသားပေါက်စပဲ အပြစ်တင်ရမှာပါ မိမာယာ
နာကျင်စရာတွေ အချစ်တွေနဲ့ ပြည်ဖုံးကားချထားပြီးသားပါ

မိမာယာရယ်
အပြစ်မတင်ပါဘူး
ချစ်ခင်တဲ့လူများပါစေ
အခက်အခဲတွေကြုံတိုင်း
ရှေ့က ရပ်တည်ခဲ့တဲ့ ငါ
မင်းအတွက် မီးပြတိုက်မဟုတ်ရင်တောင်မှ
မင်းသွားရာလမ်း ဖြောင့်ဖြူးသာယာဘို့
မြေခ ကြွေကျပေးရတဲ့ သစ်ရွက်လေးဆိုရင်တောင်
ငါ နောင်တမရပါဘူး။
ရောက်ရာအရပ်မှာ ပျော်ပါစေ...မိမာယာ

★အိမ်မက်တစ်စုံ★

0 comments
★ပြုံးနေတဲ့ည
မှောင်နေတဲ့လ
ညအတိုင်းသာရွေ့လျားလည်ပတ်
အိပ်မက်ရော်ရွက်ဝါတို့က
မြေပြင်ထက်လွန့်လူးဝေ့၀ဲ
。 • ˚ ˚ ˛ ˚လွင့်မျောစီးဆင်းသွားတယ်...

★လင်းလက်တဲ့အကြည့်တစ်စုံ
ရောင်စဉ်တွေဖြာထွက်
ငါ့နှလုံးသား နံရံထက်မှာ
ဝုန်းဒိုင်းတွေကျဲလို့
。 • ˚ ˚ ˛ ˚ပြေးထွက်သွားတယ်...

★ကွေးညွတ်တဲ့ နှုတ်ခမ်းနဲ့အပြုံး
ကမ္ဘာမြေတစ်ခွင်လုံး လန်းဆန်းသွားတယ်
လက်တစ်ဖက်ကို အတင်းဆွဲ
တိမ်တွေကိုစီးပြီး ခရီးထွက်မယ်ကြံ
。 • ˚ ˚ ˛ ˚အငွေ့ပျံပျောက်ဆုံးသွားတယ်

★ဆို့နင့်ကြေကွဲနဲ့ခေါ်သံ
ထွက်မလာတဲ့ လည်ချောင်းဝကြောင့်
ပါးပြင်မှာတော့ မျက်ရည်စီးကြောင်းတွေနဲ့ပေါ
ဖျတ်ခနဲ့လန့်အနိုး..
。 • ˚ ˚ ˛ ˚အော်.....ဒါအိမ်မက်မက်နေတာပါလား

★ယောင်ယမ်းစမ်းမိတဲ့ပါးပြင်
မျက်ရည်စက်တွေတန်းလန်း
ဘာရယ်မဟုတ်ပဲ တစ်ချက်ရှိုက်မိတယ်
。 • ˚ ˚ ˛ ˚ဖမ်းစားနိုင်လွန်းတဲ့အပြုံးတစ်ခုအတွက်ပေါ့.....။
^ လူစိုး ^

မာယာ

0 comments

မာယာ-၂

0 comments
မနေ့ကတိုင်းကိုဖြတ်ကျော်ခဲ့ပေမယ့်
မနက်ဖြန်တိုင်းကို လျှောက်လှမ်းဘို့
ခြေနှစ်စုံဟာ အားအင်မဲ့နေတယ်
နင့်မနက်ဖြန်ကို ငါမသိပေမယ့်
ငါ့ရဲ့ မနက်ဖြန်တိုင်းဟာ နင်ပါ မာယာ.. (lU SoE)

နောင်တဆိုးနဲ့  မျက်ရည်မိုး
ထက်မြက်လှတဲ့ ပရိယာယ်က
ငါအတွက်တော့ ဆုံမှတ်မရှိသော
မာယာများလား...
စိတ်ကိုပျက်သုဉ်းစေတဲ့ နှလုံးသား
စိတ္တဇဆန်ဆန် ပြဇာတ်ဆန်ဆန်
ရုန်းထွက်မရ အငွေ့ အသက်တွေက
မာယာတွေရဲ့ မျက်ရည်လား... (nAt sOe)

ဆုတောင်းဆိုတာက
ဆုမကောင်းခဲ့သူတွေအတွက်ပါမာယာ
ကြေကွဲစရာဆိုတာကြိုတင်သိထားတဲ့သူအတွက်
ချိုမြိန်တယ်လို့ထင်တယ်လား
အချစ်မှာ သရေပွဲမရှိဘူးမာယာ (lU SoE )

မျက်ရည်ရဲ့ ခါးသီးခြင်းကိုငိုဖူးတဲ့သူမှ...
အလွမ်းရဲ့ နာကျင်မှု ကို ချစ်ဖူးတဲ့ သူမှ...
မာယာရဲ့ လှည့်စားခြင်းကို ယုံကြည်ဖူးတဲ့သူမှ...
အမုန်းရဲ့ ရက်စက်ခြင်းကို
အချစ်အတွက်ပေးဆပ်ဖူးသူမှသိကြမှာပါ...
မုန်းမရဘဲ လွမ်းရတဲ့နေ့ရက်တွေ ကုန်ဆုံးရင်
အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
နေလိုရပြီပေါ့.... (nAt sOe )

အလွမ်းတွေ အမုန်းတွေ
မျက်စိမှိတ်လို ဘ၀ရဲ့ အချိုးအကွေ့ တိုင်း
မာယာ များတဲ့မင်း မျက်ရည်မကျအောင်
မျက်နှာလွှဲပြီး ဆုတောင်းပေးလိုက်မရ်....

လမ်းခွဲခြင်းဖတ်စာမှာ
သတိရခြင်းစာမျက်နှာ များစွာပါတယ်
ငါရေးတဲ့စာ…..အခါခါဖတ်
စာနာတတ်ပါတော့ မာယာ... (lU SoE)
Credit By : Soe Min Tun (Lu Soe) & Nat So

မာယာ - ၃

0 comments
အနမ်းတွေနဲ့မနက်ခင်းကိုလင်းစေပြီး
အလွမ်းတွေနဲ့ ချော့သိပ်တတ်တာလည်း မာယာ

နောက်လှည့်ပြီးမှ ဆွဲဆောင်မှု့နဲ့
အပြုံးတစ်ပွင့် ပေးခဲ့တာလည်း မာယာ

ပြာလဲ့လဲ့ အလင်းတန်းနဲ့ ရင်ခွင်ကိုလင်းစေပြီး
ခရမ်းရင့်ရောင် စုတ်ချက်ကြမ်းကြမ်းနဲ့ .
ရေးခြစ်တတ်တာလည်း မာယာ

အလင်းတွေ အမှောင်ဖုံးစေတယ်.......
ရင်ခွင်တစ်ခုလုံး ချာချာလည်စေတတ်တာလည်း မာယာ

ခံစားမှု့ကို မျိုသိပ်..... ရင်တွင်းစကားကို ကွယ်ဝှက်.....
အမုန်းစကားကို ဆိုတတ်တာလည်း မာယာ

တစ်ခန်းရပ်ပြဇတ်မှာ အလွမ်းမင်းသား ဖြစ်စေလို့
ညွှန်းလေရော့သလား.. မာယာ
ဆေးစက်ကျရာ အရုပ်ထင်စေဖို့ နင်ကိုယ်တိုင်
ငါ့နှလုံးသားမှာ ကကြိုးဆင်ခဲ့ တာလား မာယာ
ကျောခိုင်း နှုတ်ဆက် အလွမ်းပန်းတွေ ဝေစေတဲ့ မိမာယာ

ဆန္ဒတွေ အဖျားပဲ့နေတယ်
တိမ်ရိုင်းတွေ တောင်ပံခတ်တော့
မုတ်သုံတွေ လွင့်စင်
နာကျဉ်မှု မျက်ဝန်းတစုံရဲ့
ကော်ဖီခါးတခွက် အာက်မှာ
ရင်တစ်စုံကွဲကြေနေတယ် မာယာ

ဟောဟိုမှာကြည့်စမ်းမာယာ
ပန်းလေးတွေလန်းနေရဲ့
စမ်းလေးတွေစီးနေရဲ့
ဘဝကခဏပါ မာယာ
ဒါပေမယ့်လက်တွဲဖော်ဆိုတာ
တစ်ခဏရဲ့ ထာဝရဖြစ်ချင်တာ
ငါ့စေတနာတွေပါပဲ မာယာ

ဝမ်းနည်းပါတယ် မာယာ
နင့်အတွက် နာခံလွယ်တဲ့
ကျွန်တယောက် ဆုံးရှုံးသွားတယ်

(ရင်သို့ ထိသော မာယာများ)

ငြိမ်းချမ်းရေးဆီသို့

0 comments

ကလေးဘ၀..
အတွေးချကြည့်တော့
ညအခါ လသာသာတဲ့
ပျော်ခဲ့ဘူးတဲ့ညတွေ
မော်ခဲ့ဘူးတဲ့ လတွေ
ပြန်တွေးကာ အောက်မေ့လို့
အဝေးတစ်နေရာစီက
အရိပ်လေးတွေရယ်....

ခေတ်သစ်တော်လှန်ရေးတဲ့
ဒုန်းဒုန်း ဒက်ဒက်
အုန်းအုန်းကျက်ကျက်ကမ္ဘာကြီးထဲက
ချနင်းခံသားကောင်တွေနဲ့
ကလေးငယ်တွေအတွက်
သာလာမဲ့လတွေက ဘယ်ဆီမှာများလဲ
မျှော်လွန်းသူ မောလှပါတယ်လေ

အေးချမ်းတဲ့ မြို့ပြတွေ
ဒီမိုကရေစီအရေးတောင်းဆိုလို့ချွေ
ပေါ်လာတဲ့အလင်းသစ်တွေနဲ့ဝေ
ကျေးလက်တွေဆီမှာတော့
ဒုက္ခပင်လယ်ထဲမှာကျီးလန့်စာစား
အသက်မပျောက်ဘို့အရေး
သက်ေ၇ာက်မဲ့အကျိုးဆက်နဲ့
လူနေမှုဘ၀ထဲကဘေးထွက်
သွေးပျက်နေတဲ့ နေ့တွေများလှပါတယ်လေ...


မနာမကျန်းဖြစ်နေတဲ့ ကမ္ဘာတခြမ်းမှာ
ငါတို့ ခြေလှမ်းတွေ လှစေဘို့
အတူလျှောက်လှမ်းကြစို့
မတူညီတဲ့ ယုံကြည်ချက်တွေနဲ့
မတူညီတဲ့ အသက်ရှင်မှုတွေကြား
တူညီတာတစ်ခု ရင်မှာပြုလို့ ပြောလိုက်ဦးမယ်
ငါတို့အသွေးအသားတွေ တူတယ်
တစ်မြေတည်းနေ တစ်ရေတည်းသောက်
တစ်မိုးအောက်မှာ အတူနေခဲ့ရပေမယ့်
ဘယ်သူသေသေ ဆောင်ပုဒ်တစ်ခု
လက်ကိုင်ပြုလို့ နေခဲ့သူတွေအတွက်
စတေးခဲ့ရတာ ဘယ်လောက်တောင်များလည်း...

စိုက်ပျိုးရေးနိုင်ငံကြီးထဲသိမ်းလိုက်တဲ့ မြေဧကတွေ
ရိုးရိုးသားသားနဲ့
ကြိုးကြိုးစားသားနေရတဲ့ တောသူတောင်သား
ဦးကြီးများတို့ရေ
လောဘခေါင်းပေါ်တင် ငွေနဲ့တန်ဘိုးဖြတ်
ဦးကြီးတို့ရဲ့ ချွေးတွေအတွက်တော့
တန်ဘိုးမသတ်မှတ်ပါနဲ့
ရာဇ၀င်ရိုင်းလို့ပါ

မတူညီတဲ့ယုံကြည်ချက်တွေနဲ့
ခံယူချက်တွေ မတူညီကြတဲ့လူတွေ
ငြိမ်းချမ်းရေးဆိုတဲ့အလင်းထဲကို
အတင်းသိမ်းသွင်းလို့မရသလို
တဖက်စောင်းနင်းအတွေးတွေ ဖယ်ထုတ်
အကောင်းမြင်တတ်တဲ့ဝါဒလက်ကိုင်ထားလို့
လူတိုင်းရဲ့ရင်မှာမျိုးစေ့ချ ရှင်သန်နိုင်ပါစေ...

^လူစိုး^

သူငယ်ချင်းသို့

0 comments
အားမငယ်ပါနဲ့ သူငယ်ချင်း
ဘ၀အမောတွေက Alpine သောက်ယုံနဲ့မပြေဘူး
လဲနေရင်ပြန်ထ
ပျံကျ သမ လို
လက်မောင်းနှစ်ဖက်ထဲအားတွေထည့်
ရဲရဲ ရင်ဆိုင်လိုက်စမ်းပါ။
နေမင်းက မင်းအတွက် အဆင်သင့် ။

အတိုက်ကို အကြိုက်တွေ့တဲ့ ဗေဒါ
မေခလာမကယ်လည်း
သေရွာကနေပြန်ထပြလိုက်စမ်းပါ
အရိပ်လို နေပူကစောင့်တဲ့
အလကားပြောခဲ့တာတွေမှမဟုတ်တာ
အတိတ်က အရိပ်တွေကို နာကျည်းနေမဲ့အစား
ဘ၀လှိုင်းတွေမှာ ကူးခတ်လိုက်စမ်းပါ
ကမ်းခြေက မင်းအတွက်အဆင်သင့်...။ ။

ပြောပါများ စကားရတဲ့
စကားကြီး သုံးခွန်းထဲက တစ်ခွန်း ရှိခဲ့ဘူးသလို
စကားနည်း ရန်စဲ ဆိုတာလည်း ရှိသကွဲ့
မာနချင်းပြိုင်ဘို့ ဒိုင်မလိုပါဘူး
အလျားလိုက်သွားနေတဲ့ မျဉ်းတစ်ကြောင်းအတွက်
ယှဉ်ပြိုင်အံတုဘို့မလိုပါဘူ
ဒေါင်လိုက် သွားနေယုံပဲ တစ်ချိန် မျဉ်းတွေဆုံမှာပါ
ဆုံချိန်သာ စောင့်မျှော်လို့
ခပ်သဲ့သဲ့ အပြုံးတွေနဲ့
အောက်က မျဉ်းကို ပြုံးပြလိုက်ပါ
အရှုံးက သူ့အတွက် အဆင်သင့်

အောင်မြင်မှုကို ဆာလောင်နေတဲ့
မင်းရဲ့လမ်းမှာ
သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ခင်းကျင်းလို့
လိုချင်တဲ့အနာဂါတ်ဆီသာ လျှောက်လှမ်းပါ
ကိုယ်ကျင့်တရားကို ဆေးခပ်မခံသရွေ့
မင်း တက်လှမ်းနေမှာ
ပန်းတိုင်က မင်းအတွက် အဆင်သင့် ...။ ။

ရှေ့ဆက်မယ့် အနာဂတ်တိုင်းအတွက် နေ့ရက်တွေ သာယာပါစေ။
(̾●̮̮̃̾•̃̾)۶ချစ်သူ သိစေ ٩(͡๏̯͡๏)۶

သဘောဖြူတဲ့ မာယာရှင်သို့

0 comments
နင်မမှားပါဘူး မာယာရှင်ရယ်
....................................
မျှော်လင့်ခြင်းအပိုင်းအစတွေဝေမျှ
အိပ်မက်တွေ ချွေချလို့
အဆိပ်တက်အိပ်မက်တစ်ချို့နဲ့ ငါသေမှ
ကျေနပ်စွာနဲ့ နေတက်အောင်ကြိုးစားပါ။


နင်မမှားပါဘူး မာယာရှင်ရယ်
....................................
အချစ်တွေ ခပ်ရေးရေးပေး
အနမ်းတွေ တဖြည်းဖြည်းဝေး
ဝေဒနာတွေ ဆွေးပြီးရင်းဆွေး
အဝေးကိုရှောင်ပြေးသွားတဲ့နင့်ကို
အချစ်တွေ ပုံပေးမိတဲ့ငါက မှားတာပါ။


နင်မမှားပါဘူး မာယာရှင်ရယ်
....................................
စုံလုံးကန်းတဲ့မျက်ဝန်းတစ်စုံ
နင်ထားခဲ့ တဲ့ အတွင်းဒဏ်ရာတစ်ခုနဲ့
လှိုက်စားတောက်လောင်ခဲ့တဲ့ ရင်ဒဏ်ရာ
ကုမရတော့တဲ့ အခြေနေရောက်တော့မှ
နေတက်သလိုနေပါတော့တဲ့


နင်မမှားပါဘူး မာယာရှင်ရယ်
....................................
နှုတ်ခမ်းတစ်စုံယုံမှား
သတိရခြင်းတွေထွေပြား
ရင်ထဲမီးခိုးတွေရှည်လျား
လောင်ကျွမ်းခံနှလုံးသားတစ်ခုနဲ့
ငြိမ်းသတ်ရာမဲ့အိပ်မက်ဆိုးတွေကြားထဲမှ
ငါလွတ်မြောက်ချင်ပြီ


နင်မမှားပါဘူး မာယာရှင်ရယ်
....................................
နာကျင်းခြင်းနေ့ ရက်တချို့ နဲ့
လှည့်စား ထားခဲ့တဲ့သူအတွက်
ပြန်ရုပ်သိမ်းခက်နေတဲ့ အချစ်တွေပေးမိခဲ့လို့
ငါ့ရင်ထဲ နာကျင်နေရပြီ။
ဒဏ်ရာတွေလည်းထပ်မပေးပါနဲ့ 
ကျောသပ်ပြီးမှ ရင်ကိုထပ်မသွင်းပါနဲ့ 
ချိုမြိန်တဲ့ အချစ်က
ခါးသက်ခြင်းတွေပဲယူဆောင်လာတယ်
ခေါက်တွန့်ကြေနေတဲ့
အချစ်ဆိုတဲ့ အရာ
အထပ်တစ်ရာမုန့်တစ်ချပ်လို
တစ်လွှာချင်းခွါယူမယ်ဆိုရင်တောင်
ငါမကြေကွဲသေးပါဘူး
နှလုံးသားမှာ ရခဲ့တဲ့ ဒီဒါဏ်ရာအတွက်
ငိုကျွေးနေမယ်လို့ထင်နေသလား
အကြိမ်ပေါင်းများစွာ
ငါ........................
ကျင့်...သား....ရ...နေ...ပြီး...သား...ပါ။ ။


မိတ်ကောင်းဆွေမွန်များအားလုံး
စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်ဝကြပါစေ ...... ။

(̾●̮̮̃̾•̃̾)۶ Lu ٩(͡๏̯͡๏)۶ Soe ٩(̾●̮̮̃̾•̃̾)(̅_̅_̅_̅(̅_̅_̅_̅_̅_̅_̅_̅_̅̅_̅()ڪے~

အဆုံးမဲ့ လွမ်းချင်း

0 comments
အပင်ကို ဖြတ်
အမြစ်သတ်
မပြတ်သည်ကား
မေတ္တာတရား
အမှားဘယ်မျှ
ရှိခဲ့သော်လည်း
အသည်းထဲဝယ်
စွဲမြဲစွာတည်
သူသည်သာလျှင် ကျွန်တော့်အရှင်....။

အစမကောင်းလို့
အနှောင်းမသေချာ
မရေရာတဲ့ဘ၀နဲ့
စေရာမှာနေခဲ့ပေမယ့်
ဝေဒနာအဖြေ မဲ့လေတော့
သေရာပါမဲ့အဖြစ်လား အရှင်…...။

ပြောင်းခဲ့တာလား
ဟောင်းခဲ့တာလား
နှောင်းခဲ့သူရင်ခွင်မတော့
စိတ်ထောင်းလို့ ကိုယ်ကြေ
အတိတ်ဟောင်းဆီက
စိတ်ပြောင်းသူသခင်မရယ်
ရင်မှအလွမ်း
နှိပ်စက်စွမ်းကြောင့် အိပ်ပျက်ညတွေ အသင်္ချေ...။

သာယာလှပသော ဘဝခရီးကို ချစ်ကြသူတိုင်း လျှောက်လှမ်းနိုင်ပါစေ..။

(̾●̮̮̃̾•̃̾)۶ Lu ٩(͡๏̯͡๏)۶ Soe ٩

ပန်းတစ်ပွင့်သို့ လွမ်းချင်း

0 comments
အလွမ်းပြာ မီးတောက်
မီးခတ် စရာမလိုဘူး
ကဗျာတစ်ရွက် မှင်တစ်ချက်စွန်းတာနဲ့
ရင်တစ်ခုလုံး
ပင်လယ်ကြီး ဖြစ်ဖြစ်သွားတယ်

ရင်တခုန်ခုန် တသသ တလှပ်လှပ်
မီးတောက်တွေနဲ့ ငါ့စုတ်ချက်တိုင်းမှာ
မင်း မျက်လုံး မင်း မျက်ခုံး မင်းအပြုံး.
မင်းအနမ်း..မင်းအတွက် အလွမ်း.ဆိုတာရှိခဲ့တယ်

မောင်တစ်ထမ်း မယ်တစ်ရွတ်တဲ့လား
မက်စရာ အိပ်မက်တောင်
ငါ့ကို အသည်းပြန်ခွဲသွားတယ်
နောက်ဆုံးတော့
ကိုယ့်ဒိုင်ယာရီ ကိုယ်ပိတ်
အိပ်မက်တွေနဲ့ပဲ
လွမ်းပါရစေတော့ကွာ

သည်းခံနိုင်မှုဟန်ချက်ပျက်လို့
နှလုံးအိမ်က ဒဏ်ရာဒဏ်ချက်တွေရတာမဆန်းပါဘူး
အမုန်းတွေကို ကြိုးစားမြိုချနေတဲ့လူရင်ထဲ
ခတ်မှိုင်းမှိုင်းအလွမ်းတွေ လင်းနေတယ်ဆိုတာ..ယုံ

ထားရစ်ခဲ့ပါတော့
မပွင့်တပွင့် အလင်းဖြောက်ဖြောက်ငြို့ချက်နဲ့
ငါ့အိမ်မက်ကြယ်တာယာမှာ
တစ်ပွင့်တည်း တောက်ပအောင်
မင်းငြို့ထားနိုင်ခဲ့ပြီပဲ . . . . .
သွားပါတော့ ကြယ်လေးရယ်

ဘယ်ကမ္ဘာ ..
ဘယ်ဥတု ...
ဘယ်နေရာပဲဖြစ်ဖြစ်..
အချစ်ကို ကိုးကွယ်
အလွမ်းတွေကို ယစ်တွယ်လို့
မူးရစ်မိုက်သူ မြူးဇစ်ကြိုက်သူငနဲတစ်ကောင်က
အလွမ်းဆိုတဲ့ ပန်းတစ်ပွင့် ပျိုးထားလိမ့်မယ်
နင်းပါ..ငါ့အလွမ်းကို နင်ချနင်းဘို့စတေးထားတယ်
အနင်းခံမြက်ပိုသန် သတဲ့ နင်နင်းတဲ့ ငါ့အလွမ်း
ရေမလောင်းပေါင်းမသင်ပဲနဲ့ နေ့တိုင်းရှင်သန်လာတယ်ဆိုတာ ယုံ

ယုံကြည်ချက် . . .
တစ်နေ့တစ်လံ ပုဂံဆီလဲ မပြေးဘူး
ငါ့လမ်း ငါလျှောက်
ကုန်းကောက်စရာ မရှိတော့ရင်တောင်
မင်းအတွက်ပေးဖို့
သစ္စာနဲ့ မေတ္တာ
ငါ့မှာ ကျန်ပါသေးတယ် ဆိုတာ ယုံ

ကြွေကျမြေခလို့
ငါ့အသည်းနွမ်းချင်နွမ်းပါစေ
အပြစ်မရှာ
ချစ်ကာနေမယ့် ဒီမောင်တွေက
အလွမ်းတွေပူးကပ်နေတဲ့ ကဗျာကို
နှစ်လုံးသားနှစ်ခုနဲ့အခမ်းနားဆုံးသော သက်ရှိကဗျာတစ်ပုဒ်
နင့်အတွက် အတူဖန်ဆင်းပေးထားတယ်ဆိုတာ....ယုံ

Status နှင့် Comment အားပေါင်း၍ ကဗျာတစ်ပုဒ်ဖန်ဆင်းထားတာပါ။

Sithu Wai Lin & (̾●̮̮̃̾•̃̾)۶ (SMT) Lu ٩(͡๏̯͡๏)۶ Soe ٩(̾●̮̮̃̾•̃̾)~

ခရီးရဲ့လမ်း

0 comments
အတိတ်မှာ၊ စိတ်သာပုံအပ်လို့၊
ယုံမှတ်တဲ့သူရယ်။

သောကခြေရာ၊
လောက စေရာသွားလို့၊
သွေဖယ်ရာ ရှောင်ခွာမိတော့တယ်၊
ခရီးရဲ့လမ်း။



 

( မိမိရဲ့စိတ်အစဉ်တိုင်း ချစ်သူနှင့် အတူရှိနေချိန်တွေဟုတွေးမှတ်ပြီး အနာဂါတ်တွေ ပျောက်လို့ အတိတ်ရဲ့ အရိပ်လေးထဲမှာ မျောနစ်ပျော်ဝင်နေမိတော့တဲ့လူ)

(ချစ်သူရည်းစားနဲ့ကွဲ၍ ချစ်သူအား မမေ့နိုင်..တနေ့တိုင်ပေါင်းရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အသက်ဆက် နေရပေမယ့် လောကရဲ့ဘ၀လမ်းတွေထဲမှာ
သောကအလွမ်းတွေကို ခဏမေ့ထားပြီး ဘ၀ရဲ့လမ်းတွေထဲ အမြဲလျှောက်လှမ်းနေပါတော့မယ်)

ပထမ အပိုဒ် နဲ့ ဒုတိယအပိုဒ်အား ဆိုလိုရင်းအား အလွယ်တကူ သိရှိနိုင်စေရန် ကဗျာအောက်တွင် အနက် ပြန်ပေးထားတာပါ။

ချစ်ကြတဲ့ လူတိုင်း ပေါင်းကြပါစေ....
အတွေးအခေါ်တွေ မတူညီ..လိုအပ်ချက်လေးများရှိခဲ့ရင် ကျွန်တော့်ရဲ့ ၀မ်းစာ မပြည့်ဝသေးလို့ပါဟု အတွေးတစ်ခု ဖြည့်ဆည်းပေးကြပါခင်ဗျာ။

^ လူစိုး^

အလွမ်းဆေး

0 comments
မတွေ့တာကြာလာတော့
သတိရခြင်းတွေ အငွေ့ပျံ
ဟော........
ဟိုမှာ တိမ်ထုခင်းတွေ
ဝုန်းခနဲ
ငိုရင်း ပြိုဆင်းသွားတယ်
ငွေ့ရည်ဖွဲ့အလွမ်းတွေက
သတိရခြင်းစာမျက်နှာပေါ်ရောက်တော့
သည်း..ကြီး...မည်း...ကြီး

ပြိုနေတဲ့မိုး တ၀ုန်းဝုန်းနဲ့
ငါ့ရင်ခွင်က အလွမ်းမိုးလောက်တောင်
ဖြိုးဖြိုးဖြောက်ဖြောက် မရှိ
ကြည့်.....
အခုဆို ရင်ခွင်ရိုင်းက
အချစ်စစ်ခင်းရတော့
ကာရံတွေမဲ့နေတဲ့ စကားလုံးမြှားတွေ
ဆွေး.....ရင်း... ငေးရင်း..

စစ်နဲ့အချစ် တဲ့လား
စစ်မှာအနိုင်အရှုံးရှိပေမယ့်
အချစ်မှာအနိုင်အရှုံးမရှိဘူး
ကြောက်စိတ်တဲ့လား
မိုးလေပြင်းအောက်က
တစ္ဆေ ခြောက်သံလောက်နဲ့တော့
ငါ့ကဗျာတွေ ပြုတ်သုန်းမသွားသေးဘူး
မင်းရှိနေသရွေ့ ကဗျာတွေကို
ရေး...ရင်း..တွေး..ရင်း...

အလင်းတွေအောက် ငါ့အချစ်တွေ
ကွယ်ပျောက်စရာ မရှိပေမယ့်
အလင်းတစ်စ ၀င်းဝင်းပပဖြစ်အောင်
ငါ့မဖန်းဆင်းပြတော့ဘူး
အတိတ်ကို အမှောင်ချ
ငါ့အနာဂါတ်လှမ်းကို ငါ့ပျိုးလိုက်တဲ့အချိန်
မိုးချိန်သံလောက်နဲ့တော့
ငါ့အချစ်ပျိုးခင်းအတွက် ဒူးမထောက်ဘူး
မင်းကိုချစ်နေမိသ၍တော့
ချစ်.......ရင်း........လွမ်း........ရင်း

ဆွေး၇င်းနဲ့ငေး
ငေးရင်းနဲ့တွေး
တွေးရင်းနဲ့ရေး
သံသရာစက်ဝိုင်း အချက်တိုင်းမှာ
ကြည့်စေရာ ထိစေတဲ့အလွမ်း
တမ်းတသူရဲ့ရင်ဘတ်ခန်းကိုရိုက်ခတ်လို့
မပိုင်သူရယ် နိုင်သူအပြုံးနဲ့ ပြုံး
အဆုံးမှာ ရလဒ်က အမုန်းတဲ့လား
လွမ်းဒဏ်ရာတစ်ခုအပိုဆု အနေနဲ့
ယူဆောင်သွားတယ် အချစ်တွေနဲ့တော့
ဝေး..ပြီး...ရင်း...ဝေး......

အလွမ်းဆေးလေး
အတူရေးလို့
အတွေးတွေချွေ
အလွမ်းဝေ
ပန်းကြွေမြင်တိုင်း လွမ်းတက်ပြီ...။


(̾●̮̮̃̾•̃̾)۶____Lu ٩(͡๏̯͡๏)۶ Soe(SMT ) & Lay Da Khon ____(̾●̮̮̃̾•̃̾)۶

ဒို့မြန်မာ

0 comments
ဒို့ပြည်ထောင်စုထဲ
နေကြတ်သလို မှောင်မဲလို့
ယိုင်နဲ့နဲ့ ဥပဒေ တွေကြား
ကုလားနဲ့ ရခိုင်အချင်းများလို့
အငြင်းပွားစရာတွေဖြစ်
အခင်းများတော့မြင်ရက်စရာမရှ
သွေးသံတွေကြား
တုတ်ဓါးတွေဆွဲလို့
ဘာသာတရားကိုင်းရှိုင်းတဲ့
ငါတို့သမိုင်းတွေ ရိုင်းကုန်ကြပြီ။


ဟိုတုန်းက ဒို့မြန်မာ
အမျိုးထိ မချိအောင်နာတယ်
အသွေးကိုစား အသားကိုမျိုလို့
မြန်မာပြည်တ၀န်းလုံး
အခုဆို ကုလားပြည်လိုဖြစ်လို့


ငါတို့စိုက်တဲ့ ဆန်ကိုစား
ငါတို့ ဖောက်တဲ့လမ်းကိုသွား
ငါတို့ သောက်တဲ့ ရေကိုသောက်
ငါတို့ရဲ့အမိမြေမှာနေ
ပြီးတော့ ငါတို့အသွေးတွေစားလို
အခုဆို ရခိုင်ပြည်ကြီး ကွဲအက်ကြေမွလို့
ကုလားတွေ လူပါးဝနေကြပြီ
မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မယ်တဲ့
ဒို့ဗမာ သာကီ ဘာမထီဘွားတွေ
ပါးရိုက်ရင် နားပြန်ကိုက်ကြပါစို့

ရာဇ၀င်အဆက်ဆက် ငါတို့မြန်မာ့သမိုင်း
သူရဲကောင်းတွေချည်းပြည့်နှက်နေတယ်
ရခိုင်ပြည်ကို ခိုးဝင် ရခိုင်မြေမှာနေလို့
ရခိုင်သမိုင်းကို ရိုင်းအောင်လုပ်
ဘင်္ဂလီမျိုးတွေ ပြုတ်မှအေးမယ်

ဂျင်ကလိ လေးခွတဲ့လား
မီးကွင်းတွေသုံးလို့ ရခိုင်အိမ်တွေ ဆုံးရှုံး
ရရာဆွဲကိုင်လို့ မယိုင်လဲတဲ့စိတ်နဲ့
ထိုင်ဆဲနေမဲ့အကောင်မရှိဘူး
တယောက်ချင်းကျန်ရင်တောင် အသက်နဲ့ရင်းမဲ့
ငါတို့မြန်မာ ဘာမထီဘွား.။ ။

(ရခိုင်ပြည် အမြန်ငြိမ်းချမ်းပါစေ)



* ရခိုင်ပြည် အမြန်ငြိမ်းချမ်းပါစေ*

^ လူစိုး ^