" ♦ ♦ ♦ ရင်ဝှက် ..တေး ♦ ♦ ♦ "

Friday, August 16, 2013


♦အချစ်ရေ ...
အနုအလှ ယုယခြင်းတွေနဲ့
အတွေးတစ ငေးမောခြင်းထဲမှာ
တစစနဲ့ လှပတဲ့ကလေးမရယ်
တသသနဲ့မောင့်အတွေးတွေထဲမှာ
သြော် ...မင်းဟာအမြဲပါတယ်လေ...(ကိုရန်လေး)

♦မခွဲခွါ အမြဲသာ သူ့အနားနေ
ပြုစားသူလား မေ

မမြင်ပေမယ့် သိပါစေ
ငြိလာမသွေ ဒီရင်ထဲ
မေသာ အမြဲ စိုးမိုးနေ
မျိုးရိုးတွေ မေ မကြည့်
ရှိလာတဲ့ သံယောဇဉ်
ပြန်ပြောရင် ငြိုငြင်မှာလား
စိုးမိတယ်မေ . ။ (လူဆိုး)

♦စိုးရိမ်ပေမယ့် လေ
သြော် မေတ္တာစကားတွေက
နားထောင်ကာ ကြားယောင်လိုက်ရင်ဖြင့်
သူ့စကားတွေက
မုသားတွေလားလို့မထင်စေချင်

သူပြောရင်လေ
မုသားတွေမဆိုထားဘိ
ချစ်စကားတွေလို့သာယုံထားမိတော့
သြော် နားဝယ်ကြားသည်က
သူ့စကားတွေက ပျားလိုချို... (ကိုရန်လေး)

♦ အခုများ သူ့အနားကခွာ
အကြင်နာ မခင်ကာတိမ်း
အပြင်မှာ အစဉ်သာထိန်း
သူစိမ်းတွေ လိုလား ခင် ။

သံယောဇဉ် အဆင်းအတက်
ယမင်းအတွက်နဲ့ ကကြိုးဆင်
ဘ၀ဆိုးပင် ဆိုးပါ့စေ
ခင် နင်းရင် ခံ
ခင် ပြန်ရင် ညှိုး
ခင့်ဘ၀ အခြေတိုးအောင်
ဘ ကုံး ကို သဝေထိုး
ဝတ်ဆံနှစ်လုံးပေါက် တိုးလို့
ခင်အရိပ် ဘေး ခပ်ဝေးဝေး ပြေးပုန်းပါ့မယ်ခင်။(လူဆိုး)

♦ခင်မကြင်တမင်စိမ်းတော့မှ
ရင်ငြိမ်းအောင်မဖြေသာအားလို
မိုးစက်ပမာ မျက်ရည်များသာဖြင့်
ညိုးရက်စွာ ရွာသွန်းစေလို့
သြော် အခုတော့ဝေးကြပြီပေါ့..ခင် (ကိုရန်လေး)


ညီငယ် ကိုရန်လေးနဲ့ နှစ်ကိုယ်အတူဖွဲ့နွဲ့ထားသော ကဗျာတေးတစ်ပုဒ် ကျွန်တော့်ရင်ထဲမှာ ဖွက်ထားမိတယ် ။

0 comments:

Post a Comment