ခိုနားရာ

Friday, April 5, 2013


မန္တလာတောင်ခြေရင်း(ဆီက)
တိုင်းယှက်တဲ့ ကပ္ပလာ
မြပ၀ါ ခြုံကာခင်း(တော့)
မြူနှင်းက ဆော့။

ဆောင်းဦးလေအဟုန်
ကုံလုံစွာ တိုက်ကစား(လို့)
ခိုက်အားပို ညအလင်း(က)
နှင်းရိုက်လို့ တုန်။

ရှေးအထုံ ရေစက်ကြုံလို့
(အော်) ချစ်သူနဲ့ဆုံ
တောင်သမန်အင်း (ဆီက)
ဆောင်ကျဉ်းလာသွန်းလေညှင်း
ဦးပိန်တံတားခြေတော်ရင်း(မှ)
လုံမပျို ရနံ့သင်းကမွှေးလှတယ်လေး။

@လူစိုး
(မန္တလေးသွားတောလား-၁)

0 comments:

Post a Comment