လမ်းခွဲ
Saturday, May 18, 2013
Labels:
ကိုယ်ပိုင်ကဗျာ
နွေရောက်ပြီလေ
မေပိတောက်တွေ ကြွေရှာရောပေါ့
ဖြေကာပြောတော့ ချစ်သူရေ
(အခုတော့လည်းလေ)
ရင်မောသူ အပူမသိမ်းအောင်
အယူတိမ်းလို့ စိမ်းရက်တယ်
အထိန်းခက်တယ် သခင်ယုံမလား
အကြင်နာပုံ အပူလှိုင်းက
ဝင်ကာခုန် ရင်ခွင်ရိုင်းကိုပ
မှိုင်းတိုက်လို့ လှုံ ။
အတိတ်တံခါး ပိတ်သွားခဲ့လို့များ
ကံကုန်လို့ ဝေးကမ္ဘာခြား
ပြန်ဆုံဘို့ ဆွေးမှာလား
အတွေးကမ္ဘာသွားချင်ပေမယ့်
အမုန်းသခင်စေလှဲ့တော့
အသက်ပင်ဆုံးပစေပေါ့
အရှုံးသဘင် ဆင်နွဲပါ့မယ်
ပွဲကြည့်ပါ့ အရှင် ။
@ လူစိုး
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment