လိုက်ကာတစ်စ ... ပိတ်ကားတစ်ချပ်နဲ့
မီးမလာတဲ့ ရက်မှာ
ငါကတဲ့ ပြဇာတ်က
လက်တစ်စုံပျောက်နေတဲ့ နှစ်ပါးခွင်.။
ညှို့အားပြင်းနှုတ်ခမ်းပါးတစ်
အသွေးသားထဲခိုက်နေအောင်စိမ်
တဆစ်ဆစ်နဲ့နာနေတဲ့ရင်ကို
ငါအဆုံးသတ်ခွင့်ပေးလိုက်ချင
ကလက်စ ဇာတ်မှာ
အမုန်းကို ပျိုး သူတဲ.လား
နှစ်ပါးခွင် အလယ် နာကျင်ခံခက်ခြင်းမှာ
ပျောက်ဆုံးနေ သော လက်တစ်စုံ
ရှာဖွေ ပေးပါ..
အများအမြင် ပနံမတင့်ပေမယ့်
အပျံသင် အတောင်ကျိုး
ဘ၀ဆိုးတဲ့ ငနဲအတွက်
အဲဒီအသည်း ဘယ်သူရင်းရဲမှာလည်း
ရင်းရဲသူ ထိုထိုလူသည်
ဒီဇဗ္ဗူရူးမိုက် ခံစားချက်နောက်လိုက် တဲ့
ကဗျာဆရာ မည်မတ္တသာဖြစ်တော့သည်။
လျော့ရဲရဲ ခိုင်မြဲတဲ့ လက်အစုံကြားမှာ
လူလားမြောက်ခဲ့တဲ့ ကျွန်တော်
ခေတ်ပေါ် မျက်နှာဖုံးတွေကြားမှာ
ရှေ့ မတိုးသာ နောက်မဆုတ်သာနဲ့ပေါ့ ။
ရှောင်ဖယ်လေတဲ. ကံကြမ္မာ
မုန်းမာန်ဖွဲ.လို. လေစိမ်းတွေတိုက်
ခြေတစ်လှမ်းက အသင်္ချေ ဝေးကွာလေသား
ပျောက်သောသူ ရှာရင်တွေ့စေ
ကြာရင်မေ့စေလို့ သခင်ထင်
စင်ပြန်လာ အချစ်ကြွင်းကိုပ
ဆင်းသက်လို့ ကြွေ
နင်းဖျက်လို ခြေ
ချစ်သူရေ ဘယ်ဆီပုန်း
သူလေ မုန်းရက်တယ်... ။ ။
Create By : လူစိုး ( Soe Min Tun ), ဆိုခဲစေ မြဲစေ ( တာတီး)







0 comments:
Post a Comment