သံယောဇဉ်ကြိုး ချည်ငင်လို့ထုံး
ဘယ်လိုပင် ရုန်းသော်ငြားလည်း
တစ်ရစ်ထက် တစ်ရစ်တိုး
အပြစ်မမှတ် ချစ်လျှက်နေပေမယ့်
အဆုံးသတ်မှာ
အမုန်းအတွက် ဖြစ်နေသလား
အရှုံးအတွက် ဖြစ်စေသလား
နှလုံးသားက မသိလို့ ပြောပေးပါ အရှင်..။
ကတိတွေ သခင်ပျိုးပေမယ့်
ငြိစေတဲ့ ကြိုးက အသိတွေ ချိုးလို့
အခုဆို ထိလေ ဆိုးလေ
အပူလုံးတကြွကြွ ယူကျုံးမရနဲ့
အကျွန့် နှလုံးသား သခင့်ထံပူဇော်လို့
သခင်လိုရာသုံး ကျွန်ုပ် ပြုံးနေလျှက်ပါ...။
အသက်ထက် ချစ်ရသူပါ သခင်
အပြုံးတစ်ပွင့် သခင်ပန်ဘို့
နှလုံးသင့်လေတဲ့ ပန်း
အကျွန် ပျိုးခဲ့လေပြီ
ဝေချင်သလို ဝေတဲ့ ပန်း
သခင် ခြေလို ခြေ
သခင် နင်းလို နင်း
သခင် ပန်လို ပန်
သခင့် ခြေရင်း ၀ပ်ဆင်းလျှက်
သခင် လိုသလိုသုံး
အကျွန်ဇာတ် အဆုံးမှာတော့
သက်ပြင်းကိုအသာချ
ဘ၀ဆိုတာ ဒီလိုပဲလား …သခင်....။ ။
@လူစိုး
ဘယ်လိုပင် ရုန်းသော်ငြားလည်း
တစ်ရစ်ထက် တစ်ရစ်တိုး
အပြစ်မမှတ် ချစ်လျှက်နေပေမယ့်
အဆုံးသတ်မှာ
အမုန်းအတွက် ဖြစ်နေသလား
အရှုံးအတွက် ဖြစ်စေသလား
နှလုံးသားက မသိလို့ ပြောပေးပါ အရှင်..။
ကတိတွေ သခင်ပျိုးပေမယ့်
ငြိစေတဲ့ ကြိုးက အသိတွေ ချိုးလို့
အခုဆို ထိလေ ဆိုးလေ
အပူလုံးတကြွကြွ ယူကျုံးမရနဲ့
အကျွန့် နှလုံးသား သခင့်ထံပူဇော်လို့
သခင်လိုရာသုံး ကျွန်ုပ် ပြုံးနေလျှက်ပါ...။
အသက်ထက် ချစ်ရသူပါ သခင်
အပြုံးတစ်ပွင့် သခင်ပန်ဘို့
နှလုံးသင့်လေတဲ့ ပန်း
အကျွန် ပျိုးခဲ့လေပြီ
ဝေချင်သလို ဝေတဲ့ ပန်း
သခင် ခြေလို ခြေ
သခင် နင်းလို နင်း
သခင် ပန်လို ပန်
သခင့် ခြေရင်း ၀ပ်ဆင်းလျှက်
သခင် လိုသလိုသုံး
အကျွန်ဇာတ် အဆုံးမှာတော့
သက်ပြင်းကိုအသာချ
ဘ၀ဆိုတာ ဒီလိုပဲလား …သခင်....။ ။
@လူစိုး

0 comments:
Post a Comment