အလွမ်းပုံပြင်

Saturday, January 19, 2013

ရနံ့ကင်းတဲ့ပန်းတစ်ပွင့်
ခွဲခွာခြင်းရဲ့တစ်ဖက်မှာ
အနမ်းတွေကျောခိုင်းလို့
ချစ်တယ်ဆိုတဲ့စကား
အဖန်ဖန် ကြားယောင်ရင်း
အလွမ်းတွေ အထပ်ထပ်ပျို
တစ်ချက်တစ်ချက် ငိုလိုက်တိုင်းမှာ
အပျက်အပျက်နဲ့ မျက်လုံးအိမ်က
မျက်ရည်တွေ တစ်စက်စက်နဲ့
အသက်ထက် ချစ်ခဲ့တယ်ဆိုတာ ...ယုံ ။

မခေါ်ပဲ ၀င်လို့ မနှင်ပဲပြန်
အချစ်ဆိုတဲ့ဧည်သည်ဆိုးက
အကျိုးမဲ့ ထိုးနှက်လို့
ဆိုးသထက်ဆိုးလာတဲ့ ဝေဒနာတွေ
အသည်းမှာ တိုးသထက် တိုးလာလို့
နိုးတစ်ဝက်အိပ်မက်ထဲ အလွမ်းတွေစိမ်
အပန်းပြေချိန်မှာတော့
ငါ့ နှလုံးအိမ်ထဲ
အချစ်ဆိုတဲ့အရာလေးက
မှိန် မှိန် လေး လင်းနေသေးတယ်ဆိုတာ ...ယုံ..။

သံယောဇဉ်တွေ
ခရီးထွက်ဘို့ပြင်တော့
အတ္တတွေ ခရီးရောက်ကုန်ကြပြီ
အချိန်တွေထဲ မုန်တိုင်းဝင်တော့
သက္ကရာဇ်တွေ ခြစားလို့
ပြက္ခဒိန်တွေလည်း ခုဆို
တစ်ရွက်ပြီးတစ်ရွက်နဲ့
သိုလှောင်တဲ့ဂိုဒေါင်လည်း
ဝေဒနာတွေ ပိလို့
အဖြေရှာကြည့်တော့
အိပ်မက်တွေသေဆုံး
ကဗျာတွေ သီကုံးလို့
နင့်ကို လွမ်းနေတဲ့လူတစ်ယောက်
ရှိသေးတယ်ဆိုတာ ယုံ..။

မာနတွေ ခ၀ါချလို့
အလွမ်းတွေ ဈာပန ပြုချိန်မှာ
အချစ်တွေ သိုဝှက်
စိုလဲ့တဲ့ မျက်ရည်တွေနဲ
အထီးကျန်မှုတွေ ကျောပိုးလို့
ငိုမဲ့မဲ့ ဖြစ်နေခဲ့တယ်ဆိုတာ ....ယုံ..။ :P

Lu ٩(͡๏̯͡๏)۶ Soe

0 comments:

Post a Comment